🔥🥃6☕🔥

2.7K 257 19
                                    


အောင်မြင်သွားပြီဆိုသော အခြေနေတခုသို့ လအနည်းငယ်အတွင်းရရှိသွားသော Jeonရဲ့ အရှိန်အဝါသည် ကိုရီးယားနိူင်ငံအတွင်းသာမက ကမ္ဘာတခုလုံးသို့ ဖုံးလွှမ်းခဲ့သည်.....။

ပွဲဦးထွက် drama ရဲ့ အကျိုးရလဒ်သည် Jeonမျှော်မှန်းထားသော အကန့်ကို ကျော်လွန်ကာ အောင်မြင်မှုတွေသည် နိုင်ငံအသီးသီးသို့ စီးဆင်းခဲ့သည်။

လမ်းတွေ ကိုရီးယားနိုင်ငံရဲ့ အထင်ကရသော နေရာအစုံတွင် Jeonရဲ့ ပိုစတာတွေတွေ့နိူင်ပြီး အင်တာနက်ပေါ်တွင် ကမ္ဘာအနှံ့က Fansတွေရဲ့ အားပေးမှုတွေသည် အံ့သြစရာကောင်းလောက်အောင် Jeonက လှုပ်ကိုင်ခဲ့သည်......။

လပိုင်းအတွငိး တကယ့်မျက်စိတမှိတ်လေးအတွင်း ကမ္ဘာနဲ့ချီတဲ့ အောင်မြင်မှုမျိုးနှလုံးသားတွေအများကြီးဆီ စီးဆင်းသွားတဲ့ အသည်းခိုက်စရာ အနုပညာပြကွက်တွေ......။

Jeonက မှော်ဆန်တယ်.....Jeonရဲ့ ဖြစ်တည်မှုတွေက သိပ်ဆန်းကြယ်တယ်.....Jeonက နှလုံးသားတွေ အများကြီးကို လှုပ်ခါနိုငိစွမ်းရှိတဲ့ စူးရှပြတ်သားတဲ့ မှော်မျက်လုံးလေးတွေနဲ့......။

သည်းသည်းလှုပ်သွားကျရတဲ့ Fansတွေ အသည်းနှလုံးတွေပြုတ်ထွက်ကျမပြတ် အသည်းတယားယားဖြစ်ရတဲ့ ချစ်စရာအနုပညာလှလှလေးတွေနဲ့ သေသေသပ်သပ် သိမ်းသွားတဲ့ အောင်မြင်မှုတွေ အချစ်တွေနဲ့ အားပေးမှုတွေ.....။

Jeonသည် စီးပွားရေးသမားတွေ ငမ်းငမ်းတက် လိုချငိလာရတဲ့Artistတယောက်အဖြစ် တောင်ကိုရီးယားရဲ့ မျက်နှာဖုံးလေးဖြစ်လာခဲ့တယ်......။

ယုံကြည်ဖို့ မခက်ခဲပါဘူး.....တကယ်ဖြစ်ချငိတဲ့ အိမ်မက်ရယ် လုံ့လအားစိုက်မှုအပြည့်နဲ့ ကြိုးစားမှုတွေရယ် ပါရမီအပြည့်အရည်ချင်းတွေနဲ့ ပေါင်းစပ်ကာ မှော်ဆန်ဆန် ကြည့်ကောင်းခြင်းတွေကြောင့် Jeonတကယ်လိုချင်တဲ့ ပထမဆုံးခြေတလှမ်းက ရရှိလာတဲ့ စစ်မှန်တဲ့အောင်မြင်မှုတွေဟာ အထင်ကြီးစရာပဲလေ.......။

ပျော်လားဆို Jeonသိပ်ပျော်တာပေါ့.....ကိုယ်ဒူးကိုယ်ချွန် အရာအားလုံးကို ကိုယ့်အားစိုက်မှုတခုတည်းနဲ့ မိဘရဲ့ထောက်ပံ့မှု တခုတလေတောင် မပါပဲ ကြိုးစားခဲ့တာကြောင့် အများကြီးပျော်သလို အများကြီးစိတ်ကျေနပ်ရပါသည်......။

The Other Side Of LoveWhere stories live. Discover now