🔥☕4🥃🔥

2.7K 282 22
                                    

Kim Groupရဲ့ အသစ်ထွက်ရှိလာသောဖိနပ်ဒီဇိုင်းအသစ် Gucci Brandရဲ့ ကြော်ငြာပုံတွေ ထွက်လာသော Gucci King Vရဲ့ ဓာတ်ပုံအလန်းစားတချို့ အင်တာနက်ပေါ် မိနစ်ပိုင်းအတွင်း ပျံနှံ့သွားသည်......။

ခေတ်ရေစီးကြောင်းအလိုက် အသစ်လွင်ဆုံး ဒီဇိုင်းတွေကို ထယ်ကိုယ်တိုင် ဒီဇိုင်းဆွဲကာ စ်ိတ်ကြိုက်ထုတ်လုပ်ထားသော အရည်သွေးမြင့်ဖိနပ်သည်လည်း ခန့်မှန်းခြေအရ ထုတ်ဝေမည့် Limited သည် 12:00အတွင်း ရောင်းကုန်ရမည်ဟု Mr.Kim Seok Jinက ခန့်မှန်းခဲ့သည် ......။

ထယ်က စီးပွားရေးအတွက် ခေါင်းထဲအများကြီးသိပ်မထည့်တတ်ပေမဲ့ အခုလိုbrandအသစ်ထုတ်တဲ့ နေ့မျိုးဆိုရင်တော့ Socialကောင်းကောင်း သုံးလေ့ရှိကာ Fansတွေဆီက ဝေဖန်အကြံပြုချက်တွေနဲ့ တခဲနက်အားပေးမှုတွေကို အနည်းငယ်လေ့လာကာ နောက်လုပ်မဲ့အလုပ်အတွက်Motiယူလေ့ရှိသည်......။

ထယ် ရေချိုးပြီးတာနဲ့ အောက်သို့ဆင်းလာခဲ့သည် အရေးကြီးချိန်တချိန်လောက်တော့ ကျောင်းသွားတက်ဖို့ တွေးပြီး ရတဲ့အချိန်လေး သတင်းဘာညာကြည့်ဖို့ ဖုန်းတလုံးယူကာ ဗိုက်ဆာနေပြီမို့ မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်......။

"သား ဆင်းလာပြီလား ဘာစားမလဲ......"

"စတော်ဘယ်ရီဖျော်ရည်နဲ့ အရမ်းမချိုတဲ့ကိတ် ပြင်ပေးပါ ဒေါ်လေး....."

အင်းပါ ကလေး ခဏစောင့်အုံးနော် ဒေါ်လေး အမြန်ဆုံးစီစဥ်ပေးမယ်......။

"ဟုတ် ဒါနဲ့ ဒေါ်လေး Hyung ရုံးသွားပြီလား....."

"အကိုလေးက အစောကြီးပဲ မနက်စာတောင်စားမသွားဘူး အရေးကြီးတဲ့ပုံပဲ....."

"အင်း ကျနော် နားလည်ပြီ ဧည့်ခန်းမှာ စောင့်နေမယ် ဒေါ်လေး ဗိုက်ဆာပြီမို့ မြန်မြန်လေး.....

"အင်းအင်း ဒေါ်လေး ခုပဲပြင်လိုက်မယ်...."

ရေခဲသတ္တာထဲမှ နို့ဗူးသေးသေးလေးတခုယူဖောက်သောက်ကာ ထယ်သည် ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်ကာ TVအကြီးကြီးဆီမှ ထိပ်သီး သတင်းကြည့်ရန် ​ခြေထောက်ကို ကျနစွာချိတ်ထိုင်လိုက်သည်......။

Korea mediaက လွှင့်တဲ့ Lineကို ရွေးချယ်ပြီးတာနဲ့ Yeontanသည်အနားရောက်လာကာ ခြေအိတ်မပါတဲ့ ထယ်ခြေ ချောင်းဖြူဖြူလေးတွေကို ကစားနေသည်......။

The Other Side Of LoveWhere stories live. Discover now