🔥🥃9☕🔥

2.7K 281 25
                                    

ဂီတာကြိုးတွေပေါ် နေရာယူထားတဲ့ လက်ချောင်းသွယ်သွယ်တွေက အနုပညာပဲ
သေးသေးမျှင်မျှင် လက်စွပ်လေးတွေ လက်ချောင်းစေ့ဝတ်ထားသော လက်လေးတွေနဲ့ ဂီတာကြိုးချိန်ညှိကာ လေ့ကျင့်ခန်းလေးထဲ Kimတယောက် အေးအေးချမ်းချမ်း.....။

လေ့ကျင့်ခန်းထဲ သက်ရှိအရုပ်လေး ချထားသလိုKimသည် ဆိုဖာပေါ်တွင် အကျန ထိုင်ကာ သူကျွမ်းကျင်ပိုင်နိုင်သော အလုပ်ကို လုပ်နေချိန်ဆို ပျင်းရိခြင်းလုံးဝမရှိ သိပ်အာရုံစိုက် စိတ်ဝင်တစားရှိတဲ့သူ.....။

"Tae မင်းငါမသိအောင် ရီးစားခိုးထားနေတာလား....."

Jeonသည် ကော်ဖီဖျော်​နေရင်း ဂီတာတလက်နဲ့ အလုပ်ရှုပ်နေသော Taeကို လှမ်းမေးလိုက်သည် မေးချင်နေတာတော့ အဲညကတည်းကဆိုပေမဲ့ ဖုန်းနဲ့ကျမမေးချင်တာကြောင့် ဒီနေ့ကျောင်းမှာချိန်းလိုက်ခြင်းဖြစ်သည်.....။

"Jeonရဲ့ အမေးကြောင့် ဂီတာကြိုးပေါ်က လက်တွေတောငိတွန့်ခနဲ....."

Taeသည် အပျင်းပြေ လေ့ကျင့်ဖို့ ​ပြင်ဆင်နေတုန်း မဆက်မစပ် Jeonမေးခွန်းကြောင့် ခပ်ကြောင်ကြောင်လှမ်းကြည့်မိသည်....။

"ဘယ်က ရီးစားလဲ ကိုယ်ဟာကိုတောင် ယားလို့ကုတ်ချိန်မရှိဘူး ဒီနေ့လေး နည်းနည်းအားလို့ ကျောငိးရောက်လာတာ....."

ဆံပင်အဖျားလေးကို လက်ညှိုးနဲ့ခါပြီး ပြောလာတဲ့Taeသည် မရိုးသားတဲ့ ပုံစံတခုတလေမှရှိမနေ Taeက ပွင့်ပွင့်လင်းလင်း ဒဲ့တိုးသမားမို့ ရီးစားထားခဲ့ရင်တောင် လျှိုထားမှာမဟုတ် သေချာပေါက် Jeonကို အသိပေးမှာပဲ....။

လူဆိုးကောင်သည် ထင်ရာမြင်ရာ လျှောက်လျှောက်ပြောပြီး ပြသနာရှာခဲ့တယ်ထင်ပါသည်....။

"မရှိဘူးဆိုလဲ ပြီးတာပါပဲ....တော်ကြာ မဟုတ်ကဟုတ်က လူတွေနဲ့ တွေ့နေမှာစိုးလို့ Eမေဂျာဘက်က လူတွေကိုရှောင် Tae....."

လူဆိုးနဲ့ပေါင်းရင် လူလိမ်မာမဖြစ်နိုင်တာမို့ Jeon Taeကို သတိခပ်ကြိတ်ကြိတ်ပေးလိုက်ခြင်းဖြစ်သည်.....။

လေးလေးနက်နက်ကြီး ပြောနေတဲ့ Jeonကြောင့် Taeထူးထူးဆန်းဆန်းကြီး ခံစားနေရသည်....။

The Other Side Of LoveWhere stories live. Discover now