🔥🥃13☕🔥

3K 307 25
                                    

လင်းထွက်နေတဲ့ညမီးရောင်တွေ အပြင်ဆင်တွေသည် မျက်စိကြိမ်းစရာကောင်းလွန်းလှအောင် တောက်ပလွန်းလှသည်.....။

အဖြူရောင်ပိတ်စတွေနဲ့ ပါတီရဲ့ညအလှကို အကောင်းဆုံးစိတ်ကူးစိတ်သန်းတွေနဲ့ပုံဖော်ခဲ့တဲ့သူကလဲ သက်ရှိနတ်ဘုရားငယ်လေးပဲကို.....။

အဖြူရောင်နှင်းဆီတွေကို အများဆုံးအသုံးပြုထားပြီး ပါတီမင်းသားလေးထက်ကြီးသော Birthday Cakeကြီးဘေးတွင်လည်း ရှန်ပိန်ခွက်လေးကို လက်ဖျားလေးနဲ့ကြွကြွလေးကိုင်ထားကာ အနီရောင်ကတ္တီပါကောဇောကြီးထက် ခမ်းခမ်းနားနား ညမင်းသားလေး ParkJiMinပါပဲ....။

သီချင်းသံအကျယ်ကြီးတွေနဲ့မဟုတ်ဘူး....သံစဥ်ညိမ့်ညိမ့်လေးတွေ ရွေးချယ်ဖွင့်ထားတာ မီးရောင်လှလှတွေနဲ့ Jeonစံအိမ်ကြီး နောက်ခံထားသော Partyသည် ခမ်းနားလွန်းလှသည်.....။

ပဲရစ်ခရီးလွန်နေသူ Mr,Jeonကတော်သည် ဒီပွဲအတွက် အဝေးကနေ အစဆုံးစီစဥ်ပေးနေသူဖြစ်ကာ လိုအပ်တဲ့နေရာမရှိစေရအောင် ပြင်းပြင်းထန်ထန် အမိန့်ချကာ တအိမ်သားလုံး Jeonနဲ့JiMinကလွဲရင် ပြာနေအောင် ကြိုးစားနေကျရသည်.....။

လူအယောက်၃၀လောက်သာ ဖိတ်ကြားထားသော မွေးနေ့Partyသည် ည9:00အချိန်တွက် လူစုံသွားကာ ပွဲစခဲ့သည်....။

"မား...!"

"Hello...မားရဲ့ကလေးလေး"

Partyရဲ့ ပွဲအလည်ခေါင်တွင် ဖုန်းကိုင်ကာ ထိရက်စရာမရှိအောင် ခေါင်းအစခြေအဆုံးအဖြူရောင်တွေနဲ့ ခမ်းနားလွန်းသော JiMinသည် ပဲရစ်ကနေဖုန်းခေါ်လာခြငိးကိုအပြုံးလှလှတွေနဲ့စီးကြိုလို့နေသည်.....။

"Happy Birthday AngelBaby....."

"မွေးနေ့လက်ဆောင်ရောက်တယ်မား အရမ်းကြိုက်တယ်....ကျေးဇူးတွေတင်လွန်းလို့ အခုကိုပြေးဖက်ချင်လာပြီ....."

Modelအမြင့်ဆုံး နောက်ဆုံးထွက်ရှိထားတဲ့ ပြိုင်ကား အဝါရောင်လေးကို မျက်လုံးဝင့်ကြည့်ကာ ပျော်နေတာသေချာနေသော JiMinသည် မျက်လုံးလေးတွေပိတ်မတတ် ပြုံးရယ်လို့နေသည်....။

"တော်သေးတာပေါ့....မားကို စိတ်ဆိုးမနေတာပဲ"

"စိတ်ဆိုးစရာလား မားရဲ့ အလုပ်ကိစ္စအတွက် သွားတာကို သားအပြည့်ဝနားလည်ပါတယ်......"

The Other Side Of LoveWhere stories live. Discover now