စီးကရက်တလိပ်ကုန်တဲ့အခါ ခေါင်းထဲရှုပ်ရှုပ်ထွေးထွေးတော့သိပ်မရှိတော့တာကြောင့် အိမ်ကြီးရှင်ထိုင်နေကျထိုင်ခုံမှာထိုင်လိုက်ပြီး အိတ်သေးသေးလေးက်ိုစဖွင့်ကြည့်လိုက်သည်.....။
အသစ်စက်စက်စာရွက်စာတမ်းနှစ်ခုနဲ့ စာရွက်တခု သိပ်နားမလည်တာကြောင့် ခေါင်းထဲနည်းနည်းတမျိုးတော့ဖြစ်သွားသည်.....။
သိပ်မရင်းနှီးတဲ့စာရွက်တွေကိုတော့ဘေးခဏချကာ စာအိတ်လေးထဲကစာကိုဖွင့်ဖတ်ဖို့ဆုံးဖြတ်လိုက်သည်.....။
ဝိုင်းစက်နေတဲ့လက်ရေးကိုပထမဆုံးအဆိုးငယ်ကမြင်တဲ့အခါမျက်ခုံးတန်းတွေမြင့်တက်သွားသည်.....။
"လက်ရေးမူတွေနဲ့ မသိရင်ရည်းစားစာလိုပဲ....."
ခပ်ရွှတ်ရွှတ်ဝေဖန်ရင်း အခန်းမီးကအတော်လေးမှောင်တာကြောင့်မီးအိမ်ခလုတ်လေးနှိပ်ကာ စာဖတ်ဖို့ပြင်ဆင်နေသည်.....။
စာရှည်ရင်ဖတ်ရပျင်းတယ်လို့ပြောပြီးချထားလိုက်မလို့ဆိူပေမဲ့ သူရေးထားတာသုံးကြောင်းကွက်တိပဲ......။
လက်ရေးလှလှလေးတွေရယ် ဒါပေမဲ့စုတ်ဖြဲချင်စရာလေး.....ဖတ်ပြီး ထအော်ရယ်တဲ့အဆိုးငယ်သည်တယောက်ထဲအခန်းထဲခြောက်ခြောက်ခြားခြား......။
အဓိပ္ပါယ်ကိုကောင်းကောင်းသိပ်နားမလည်တာကြောင့်စာသုံးကြောင်းကိုသုံးခေါက်တိတိဖတ်ပြီးနောက် အဆိုးငယ်သည်ဗိုက်နှိပ်မတတ် အော်ရယ်တော့သည်.....။
"သတ္တိကြောင် တော်တော်လေးရယ်စရာကောင်းတဲ့ကောင်....."
စာရွက်ကလေးကိုစားပွဲပေါ်ပြန်ချကာ ဒူးလေးနှစ်ဖက်ပိုက်၍ အဆိုးငယ်ကအူလှိုက်သဲလှိုက်ရယ်နေရင်းမှ အေးစက်သွားသောမျက်နှာသည် ဘေးလူတယောက်ယောက်သာရှိရင် အမှန်တကယ်လန့်ဖြတ်သွားနိုင်သည်......။
စားပွဲကိုသွေးစို့နေတဲ့လက်သည်းဖြူဖြူလေးတွေနဲ့တတောက်တောက်ခေါက်ရင်း မျက်စံသေတွေဟာ သူမသိနားမလည်တဲ့စာရွက်လေးတွေဆီမှာ......။
"မားဆီကိုတောင်သွားပြီးအပူကပ်ခဲ့တာပေါ့ မင်းတော်တော်လေး ကလေးတွေဆန်လိုက်တာJeon Jung Kookရယ်......"