🔥☕35Part1🥃🔥

3.2K 279 8
                                    

"Taeငါ့ကို ကူညီအုံး မင်းကူညီမှရတော့မယ် အသည်းကြီးပဲကွဲမနေပါနဲ့ ငါ့ကိုနည်းနည်းလောက်......"

"ငါ့ပုံကအသည်းကွဲတဲ့ပုံပေါက်နေလို့လား....."

ဘောပင်နားကြားညှပ်ကာ စာကြည့်မျက်မှန်လေးနဲ့Taeသည် စာမေးပွဲရက်မို့ကျောင်းသို့လာခွင့်ရခဲ့သည်.....နောက်ဆုံးစာမေးပွဲအားreadyအနေထားသို့ရောက်နေပြီးဖြစ်သ ည်......။

အချိန်တစ်နာရီလောက်လိုသေးတယ်ဆိုကာJeonက ကော်ဖီဆိူင်တခုသို့အတင်းဆွဲခေါ်လာပြီး Taeသည်လက်ကလေးပိုက်ကာ Jeonကိုမျက်မှုန်ကုတ်ကာစိုက်ကြည့်နေသည်.....။

နောက်ဆုံးစာမေးပွဲကို နောက်ဆုံးနှစ်ကျောင်းသားတသိုက်ရေကုန်မီးကုန်ကြိုးစားစာလုပ်နေကျသော်လည်း Jeonဟာ ဆောက်တည်ရာမရ စာမေးပွဲနေ့တွင်ပွဲဆူနေတုန်း......။

"ငါမေးစရာရှိလို့......"

"စာလား....."

"Cappuccinoလေးအရင်သောက်....."

ထောင့်ကျကျဝိုင်းလေးတွင် ချွေးဇောတွေနဲ့Jeonသည် မဟုတ်တာတခုခုလုပ်လာသလိုမျိုး Taeအကြိုက်ဆုံးCappuccinoလေးကိုထိုးပေးတော့ Taeတငုံ့ယူသောက်ပြီးနာရီကိုတချက်ကြည့်လိုက်သည်.....။

14ရက်နှစ်ပတ်ဆိုတဲ့ကာလမှာ သူHoSeokဆီဖုန်းလဲမဆက်သလို သွားလဲမတွေ့ခဲ့ပါ နောက်ဆုံးတခေါက်တွေ့ခဲ့တုန်းက စာမေးပွဲနောက်ဆုံးရက်ကျ အရေးကြီးတိုင်ပင်စရာတွေရှိလို့ မဖြစ်မနေDateကျမယ်လို့ Taeကဂတိတခုပေးပြီး စာကြိုးစားကျက်ဖို့ကိုသာတဖွဖွမှာခဲ့ပေမဲ့ ပထမဆုံးစာမေးပွဲရက်ရောက်လာတော့ ကျောင်းလာမလာသွားချောင်းကြည့်ဖို့အိမ်ကစောစောထွက်လာခဲ့ပေမဲ့ Jeonလက်ဆွဲခေါ်ရာနောက် မအီမသာပါလာခဲ့ခြင်းတွင် Taeမကြည်မလင်နဲ့......။

"ဘာမေးမှာလဲ အချိန်သိပ်မရဘူးငါ....."

"မေးပါ့မယ် ငါ့အလှည့်ကျမင်းစိတ်မရှည်ဘူး မင်းကိုဘယ်လိုကူညီပေးခဲ့ရလဲဆိုတာ မမေ့နဲ့....."

"အေး မေးပါ...."

မျက်ခုံးနားလေးအသာကုတ်ကာ Jeonဘယ်လိုမေးရင်အဆင်ပြေမလဲ လှည့်တွေးနေတာကို Tae Cappuccionလေးအရသာခံသောက်ရင်း စောင့်နေသည်.....။

The Other Side Of LoveWhere stories live. Discover now