🔥☕16🥃🔥

3.2K 296 23
                                    

"Jeonသားလေး....မေမေပြောတဲ့စကားတွေကို အတည်ယူပေးပါ မေမေDaisyကိုလုံးဝအရှုံးမပေးနိုင်ဘူး......"

ကျနော်အလုပ်ကပြန်ရောက်သောအချိန်ကိုမေမေတိတိကျကျတွက်ကာ လာCheckသော အကြောင်းရာတွေသည် အမောမပြေလှပါ.....။

ခေတ်လွန်စတိုင်နဲ့ 40ကျော်မေမေသည်Dinner Partyတခု သွားမတက်ခင် တိုင်ပင်စရာရှိလို့ပါဟုဆိုကာ ဝင်လာခဲ့သည်။

"မေမေတို့ မငယ်တော့ဘူးလေ ဒီကိစ္စတွေက စိတ်မြန်လက်မြန် အပူတလောစီစဥ်ဖို့ကောင်းတဲ့အရာတွေမဟုတ်ဘူး...."

"မငယ်တော့လို့ပေါ့ ငယ်နေသေးရင် နပန်းဖက်လုံးရလုံးရ ဂရုကိုစိုက်စရာမလိုဘူး....."

"တီတီဘက်ကလဲ တွေးကြည့်ရင် ခု​လောက်ထိမေမေ တင်းမာမနေသင့်ဘူး....."

"လွန်ခဲ့တဲ့ရက်က သူပြောသွားတာမင်းကြားတယ်မလား....မေမေ သားငယ်ကိုသူ့လက်ထဲ ဘယ်နည်းနဲ့မှပြန်မအပ်နိုင်ဘူး....သားနဲ့မြန်မြန်လက်ထပ်ပြီး Jeon JiMinလုပ်လိုက်ရင်ရတယ်...."

Jeonလက်တွေကို ဆုပ်ကိုင်ရင်း တခုခုကိုအရမ်းစိုးရိမ်နေပုံရသော Mr,Jeonကတော်သည် ဒီတခါမှာတော့ Jeonအား ခခယယတောင်းဆိုမှုကိုပြုနေသည်....။

"တီတီပြန်ခေါ်လည်း သူသွားချင်မှဖြစ်တာပါ အခြေနေတွေကိူ မေမေလဲကောင်းကောင်းသိတာပဲ စိတ်ပူနေစရာမလိုတဲ့ကိစ္စကို....."

"သား သားငယ်အပေါ်ဘယ်လိုခံစားချက်မျိုးမှတကယ်မရှိတာလား....."

Jeonဆံပင်နက်နက်တွေကို သပ်တင်ပေးရင်း တည့်တည့်စိုက်ကြည့်ကာ စကားနှိုက်နေသော Mr,Jeonကတော်သည်လဲ လည်ဝယ်တဲ့စီးပွားရေးသမားတယောက်ဖြစ်တာမို့ လူကဲခတ်တော့ အရမ်းမညံ့ပါ....."

အကြည့်တွေလွဲသွားသည်....ဒီစကားအတွက်အဖြေမရှိပါ ခံစားချက်....ခံစားချက် ဒီစကားရဲ့အနက်အဓိပ္ပါယ်ကိုJeonကောင်းကောင်းနားမလည်သေးတာလဲပါသည်....ပြောပြနိုင်တာတခုကတော့ Jeon... JiMinကို စ်ိတ်ချမ်းသာစေချင်ခဲ့တာတော့အမှန်ပင်ဖြစ်သည်။

ပေါက်စလေးကတည်းက...ဘာဆိုဘာမှနားမလည်တတ်တဲ့အရွယ်ငယ်ငယ်လေးကနေစကာ Jeonက JiMinအပေါ် မေတ္တာတွေပဲထားခဲ့ဖူးသည်။

The Other Side Of LoveWhere stories live. Discover now