🔥☕27🥃🔥

3.7K 336 59
                                    

"ဒုတိယအကြိမ်ခွဲစိတ်မှုလုပ်ရမှာဗျ...ဈိတျကိုခဏငွိမျထားပွီး ဆုံးဖြတ်ချက်ကောင်းကောင်းချပါ....."

ဆိုးလ်ရဲ့နာမည်အကြီးဆုံး ဆေးရုံကြီးတွင် Duty Coatအဖြူရောင်နဲ့ ခပ်ငယ်ငယ်ဆရာဝန်လေးရဲ့ တည်တည်ငြိမ်ငြိမ်ဖြောင်းဖြပေးပုံသည် Caseအကြီးကြီးတွေကိုဘယ်လောက်ကျွမ်းကျွမ်းကျင်ကျင်ရှိခဲ့သလဲ ဆိုတာခန့်မှန်းလို့ရနေပါသည်.....။

"အဆင်ပြေနိူင်လား...."

ပထမအကြိမ်ခွဲစိတ်မှုတုန်းက Jeonက ကလေး ဒီလိုအခန်းကျယ်ကြီးထဲနာရီပေါင်းများစွာသူ့ကိုခေါ်သွားပြီး ပြန်ထွက်လာတော့လဲရက်ပေါင်းများစွာအိပ်နေခဲ့တာတွေ အသိတွေထဲပြေးဝင်လာခဲ့တယ်....ကံကောင်းလွန်ပြီး သတိပြန်လည်လာခဲ့တဲ့ အတိတ်တွေလို ပစ္စုပ္ပန်ကရော ထပ်ပြီးကံကောင်းနေပါ့မလား......။

ဆုံးဖြတ်ချက်ချဆိုတော့ ဒူးတွေပင်မခိုင်ချင်တော့သော Jeonဟာငိုလဲမငိုနိုင်တော့ အသိစိတ်တွေလွတ်ကာ စိတ်တွေထွေပြားနေခဲ့သည်....။

"လူနာနဲ့ဘယ်လိုပတ်သက်မှုရှိလဲ ဆုံးဖြတ်ချက်မြန်မြန်မချနိုင်ရင် လူနာအတွက်ပိုခက်ခဲသွားနိုင်တယ်ဗျ...."

ဒီCaseကိုကိုင်တွယ်မဲ့ဒေါက်တာလေးက တကယ့်ငယ်ငယ်လေးဖြစ်နေကာ Jeonမချင့်မရဲဖြစ်နေတာတော့အမှန် အရေးပေါ်အခန်းရှေ့လက်မှတ်ထိုးဖို့စောင့်နေသော ဒေါက်တာသည်Jeonကအရှိန်ဆွဲနေတဲ့အခါ စိတ်တွေမရှည်တော့ဘူးထင်ပါတယ် ဆူပုတ်လာသည်....။

"သူကကျနော်နဲ့လက်ထပ်တော့မဲ့ အမျိုးသားပါ ခင်ဗျား ရအောငျကယျပေးမယျလို့ကနြောျ့ကိုဂတိပေးနျိုငျမလား...."

"အကောင်းဆုံးကြိုးစားပေးပါ့မယ် ဒီမှာလက်မှတ်ထိုးပေးပါ....."

တည်တည်ငြိမ်ငြိမ်ပဲစကားပြောတယ်စိတ်လှုပ်ရှားနေတဲ့အရိပ်ယောင်တခုလေးမှမရှိ လှမ်းပေးလာတဲ့ဘောပင်ကိုခပ်တင်းတင်းကိုင်ကာ Jeonအရေးပေါ်ခန်းဆီတချက်လှမ်းငေးကြည့်ပြီး တုန်တုန်ယင်ယင်နဲ့ပဲလက်မှတ်ထိုးပေးခဲ့သည်.....။

ဒေါက်တာက ဘောပင်ကိုပြန်ယူကာ Duty Coatရဲ့ရင်ဘတ်ကအိတ်ကပ်လေးဆီပြန်ထည့်လိုက်သည်.....။

The Other Side Of LoveWhere stories live. Discover now