"ကျနော်တချိန်ပဲတက်ပြီး ပြန်မှာလေ....ကျနော့်သားလေးနေမကောင်းလို့ ဆေးခန်းသွားပြရမှာ..."
ရှပ်အဖြူနဲ့ နောက်ပိုင်းတွေမှာ Seokပုံစံသည် အမြဲတမ်းအရမ်းဆန်းသစ်တဲ့ဒီဇိုင်းတွေထက်....ခပ်ငြိမ်ငြိမ်အဝတ်စားတွေကိုရွေးချယ်ကာ ကြည့်လိုက်တာနဲ့ လူရည်မွန်တယောက်ရဲ့Vibeအပြည့်နဲ့သူ.....။
အတော်တန်ရင်းနှိီးသွားသော ဆက်ဆံရေးလေးတခုဟာ ကျောင်းမှာလဲ မတော်တဆရော တကူးတကပါ တွေ့ဆုံစကားပြောရင်း Crushလေးနဲ့သိပ်ကိုအဆင်ပြေလာသော Seokသည် ကြည့်လိုက်တိုင်း မှိုရတဲ့မျက်နှာမျိုးနဲ့.....။
အညိုထည်လေးတွေ ခပ်ပွပွဘောင်းဘီအဖြူရောင်လေးရယ် သာမန်ဆံပင်လိမ်လိမ်လေးတွေနဲ့Kimဟာ Seokအတွက် ပြေးကြည့်စရာကောင်းကင်ပြာလေးတခုလို သိပ်ကိုအဓိပ္ပါယ်စုံပါသည်.....။
ဘာစကားလေးပြောပြော....ဘယ်လိုဟန်ပန်လေးလုပ်လုပ် ဒီရပ်ဝန်းဟာ Seokနှလုံးသားကိုတော့ အရည်ကျိုပစ်နိုင်ပါသည်.....။
အုပ်စုလိုက် စာဆွေးနွေးချင်လို့ရသော ကျောင်းရဲ့အဓိကနေရာတွင် Taeက Coffee cupတခုနဲ့ ရာနှုန်းပြည့်ကြည်လင်မနေသော မျက်နှာမျိုးနဲ့ ပထမဆုံးဆိုသလို သူလန်းဆန်းမနေတာမျိုးကြောင့် Seokအနည်းငယ်တော့တွေးပူနေသည်....။
"သားလေးဆိုတာက....IGမှာ Likeအများကြီးရထားတဲ့မဲမဲကောင်လေးလား...."
"Tanပါ...သားမှာနာမည်ရှိတယ်yeontan...!"
ပက်ခနဲ ပြန်ဖြေသောအဖြေသည်....သူ့ကလေးအပေါ်ဘယ်လောက်ထိပူပန်မှုတွေရှိနေလဲ စကားအမှားမခံနိုင်သောအခြေနေကနေ အကဲခတ်လို့ရနေပါသည်.....။
"ကိုယ်ရုတ်တရက်မို့ နာမည်မေ့သွားတာပါ....အများကြီးဖျားနေတာလား"
"အစာမစားတာပါ...ကျနော့်ကိုကောက်နေတာလားမသိဘူး Hyungကလဲ အလုပ်အများကြီးခိုင်းနေတော့ သူ့ကို့ပစ်ထားမိသွားတာ....."
"သိပ်လဲစိတ်ပူမနေပါနဲ့ ဆေးခန်းပြလိုက်ရင်ပြန်ကောင်းလာမှာပါ....."
"ရော့သောက်မလား....."
လက်ထဲက Coffee Cupကို Taeကထိုးပေးလိုက်တဲ့အခါ Seokကြောင်သွားသည်.....။