အပိုင်း၁ စျေးသွားခြင်း

6.4K 39 4
                                    

ဒီနေ့ စနေနေ့ပါ သို့သော် ၆ နာရီ ထရသည်.. December လမို့လို့ အေးချမ်းနေသော်လည်း ထရသည်.. မထလျှင် အဖေက လာဆူတော့မည် မေမေနဲ့ တူတူစျေးလိုက်ဖို့ မျက်နှာအမြန်သစ်လိုက်သည်.. ကိုကို ကတော့အိပ်ကောင်းတုန်း ကိုကိုကမထရပါ
စျေးခြင်းတောင်းလေးကိုင်ပြီး မေမေ့ကို စောင့်နေလိုက်သည် ၆ခွဲလောက် ကျတော့ မေမေလည်း အဆင်သင့်ဖြစ်ပြီး စျေးသို့ ၂ယောက် လာခဲ့ကြသည်

စျေးနဲ့ကအလှမ်းဝေးသည်မို့လို့ မိနစ် ၂၀လောက် တောင် လျှောက်ရသည် အိမ်နဲ့စျေးကိုပို့ပေးသည့် ဆိုက်ကားတွေရှိပေမယ့် ဖေဖေကပိုက်ဆံအပိုကုန်သည်ဆိုပြီး  မစီးခိုင်းပါ
''မေမေဒီနေ့ဘာဟင်းချက်ရမှာလဲ''
'' ညည်းအဖေက ငါးစားမယ်တဲ့ ငါးဟင်းဆီပြန်ချက်ရမှာ မေမေတို့ ငါးဒန်ချက်ကြမလား''
'' ဟာ ငါးမစားချင်ဘူးလေ''
မေမေ ဘာမှ ပြန်မပြောပါ ဒါချက်ရင်ဒါစားလိုက်ဆိုသလို
'' ကိုကို ကရော ဘာစားမှာလဲ''
'' သူကြိုက်တဲ့ငါးပဲ ချက်လိုက်တာလေ သူငါးဒန်ကြိုက်သားပဲ''
အဖေ့ဟင်းနဲ့ မေ့မေ့ အစီအစဉ် ထဲမှာ ကိုယ်မပါ
ကိုယ့်ဘာသာ ကြက်ဥ ကြော်စား လို့မရမှန်းလည်း သိနေတော့ စျေးသွားနေတဲ့လမ်းတစ်ဝက်မှာတင် လှဲချ လိုက်ချင်စိတ်တွေပေါက်လာသည်
ဖေဖေကမေမေ့ထက်  အသက်ကြီးသည့်အပြင် စိတ်ကလည်း မရှည်ပါ မထင်ရင်မထင်သလို လက်ပါသည် မထင်ထားတဲ့ စည်းကမ်း အစုတ်ပလုတ် တွေချသည် ဥပမာ သူစားချင်တဲ့ဟင်းပဲ အကုန်လိုက်စားရသလိုပေါ့ စျေးကိုလည်း နေ့တိုင်း သွားခိုင်းသည် ၃ ရက်စာလောက် ဝယ်လို့မရ မိန်းမ တွေပဲ မနက်ပိုင်းစျေးသွားရမှာပေါ့စျေးမသွားတဲ့ရက်တွေ အိမ်မှာ ၈ နာရီ လောက် ထိ အိပ်နေမှာ မလိုလားပါ

လျှောက် ရင်းနဲ့ စျေးထိပ်ကိုရောက်လာပြီး လူတွေလည်းစည်နေသည် နေလည်း မြင်ရပြီ ငါးဝယ် နံနံပင် ဝယ် ဖေဖေစားမယ့် မနက်စာဝယ် နဲ့ စျေးကိုတော်တော်ပတ်လိုက်ရသည် စျေးထဲက ပြန်အထွက်မှ ခရမ်းချဉ်သီး မေ့ခဲ့လို့တစ်ခေါက်ပြန်ဝင်ရသေးသည် ခရမ်းချဥ်သီးဆိုင်က အလှပြင် ပစ္စည်း ရောင်းသည့်ဆိုင်ဘေးမှာ ရှိသည် ကိုယ့်အလှည့်စောင့်နေတုန်းထိုဆိုင်လေးကို ငေးမိသည် သို့သော် မဝယ်ဖြစ်ပါ
''မေမေ ဟို ဒုတိယ အဆင့်က လက်သည်း နီအရောင်လေးလှတယ်နော် တောက်တောက်လေး''
''အေး ဟုတ်ပါ့ အပြင်သွား မယ်ဆိုဝယ်ရမယ်''
ထို့နှင့် အိမ်ပြန်ရောက်တော့ ၈နာရီ ၄၅ လောက် ဖြစ်နေပြီ နေတွေလည်းပူပြီး စျေးခြင်းတောင်းအလေးကြီးဆွဲ ဗိုက်တွေဆာပြီး ပြန်လာရသည်

တံခါးခေါက်ဖို့တောင်လက်မအားလို့ ဖေဖေ ဟုသာလှမ်းခေါ်လိုက်သည် တံခါးလာဖွင့်တော့
''ရှူး နင့်အကို မနိုးသေးဘူး ''

အိမ်ထဲ ဝင်တော့ coffee နံ့မွှေးမွှေးလေးရလိုက်သဖြင့် အမောပြေသွားသည် သို့သော် ဖေဖေ သောက်လက်စ တစ်ခွက်ကိုသာတွေ့သည်

''သမီးရေ ကြောင်တောင်တောင်လုပ်နေပြန်ပြီ အဖေ့အတွက်ဝယ်လာတဲ့ မုန့်ဟင်းခါးထည့်ပေးလိုက်လေ ''
ဖေဖေက ကိုယ့်ဘာသာ ထည့်စားလည်းရတာကိုဟု ထည့်နေရင်းတွေးမိသည်

'' မိန်းမ ရေ သတင်းစာဘယ်မှာလဲ ?''

'' ဟယ် ဟုတ်ပါ့ သတင်းစာ မေ့လာတယ်''

'' နေ့တိုင်း ဝယ်ရတာလည်း မေ့တယ်နော် တစ်ရက် မ​ပြောရင်မ​ပြောသလိုပဲ စောက်သုံးမကျဘူး စျေးသွားပြီး ဘာတွေတွေးနေလဲ ဟမ်''
ဖေဖေက ကိုယ့်ကိုပြောသလိုနဲ့မေမေ့ကို အပြစ်တင်နေသည်
'' ဖေဖေ ဒီနေ့ သတင်းစာသည်မတွေ့ခဲ့ဘူး ''

ပြေရာပြေကြောင်းလျှောက်ပြောလိုက်သည် ဖေဖေက နင်ဝင်မရှည်နဲ့ရုပ်မှတစ်ဆင့်လျှာရှည်တဲ့စောက်ကလေးကနင်လား အကြည့်သို့ပြောင်းသွားသည်
'' တစ်စျေးလုံး တစ်သည်ပဲ ရှိတာလား စောက်ပေါက်ကရတွေလာပြောမနေနဲ့ သွားပြန်ဝယ်သွား နင်မေ့လာတာ မလား သတင်းစာ မပါရင် အိမ်ပေါ်တက်မလာနဲ့ ''
.................
လမ်းမှာ စိတ်တွေတိုလွန်းလို့ မျက်ရည် တွေပါကျသည် ဒီသတင်းစာလေးမေ့တာကို.. ၉ နာရီ လောက် မှာ အိမ်က ပြန်ထွက်ရသည်မို့ နေကလည်း အတော်ပူနေပြီ တစ်မနက်လုံး လည်း စျေးသွားပြီးပြီ မို့လို့ ပင်ပန်းနေပြီ  ..အသွားအပြန် မိနစ် ၄၀လောက် ကြာကြာသွားရမှာ မနက်စာလည်း မစားရသေးသဖြင့် ခေါင်းတွေလည်းမူး စိတ်တွေလည်းတို နဲ့ တစ်ယောက် တည်း လမ်းပေါ်မှာ စိတ်တွေညစ် ရသည် အခုချိန် ကိုကို မေ့တာဆို သူသွားပြန်ဝယ်ရမည်မဟုတ်...
ဘုရားသိကြားမ၍ သတင်းစာ က ကျန်သေးသည် ထို့နောက် လေးလေးပင်ပင် အိမ်ပြန်လာလိုက်သည် .

Domestic violenceWhere stories live. Discover now