အခန်း၉ သူငယ်ချင်း

802 18 5
                                    

ကျွန်တော် ငယ်ငယ်တုန်းက အဖေနဲ့ အမေနဲ့ က အရမ်းရန်ဖြစ်ကြတာဗျ သူတို့ဘယ်လောက်တောင်ဖြစ်ကြလဲဆို ကျွန်တော် ကို ဂရုကိုမစိုက်နိုင်တာ လိုတာတွေလည်း မပူဆာရဲဘူး ခဲတံတို့စာအုပ်တို့ပေါ့ဗျာ အမေနဲ့ အဖေနဲ့ကလည်း မျက်နှာချင်း ဆိုင်တာနဲ့ ရိုက်ကြတော့တာ ကျွန်တော် နဲ့အဖေနဲ့လည်းအဲ့လိုပဲ
အရှေ့ခန်းမှာ ကျွန်တော် ဆယ်နှစ်သားတုန်းကအကြောင်းတွေပြောပြခဲ့တယ်လေ ပြောဖို့ ကျန်ခဲ့တာ တစ်ခုရှိတယ် ငါးနှစ်သားတုန်းက အဖေက ဝါယာကြိုးလိုကြိုးနဲ့ ဆယ်ချက်ရိုက်တာ ဘာလို့ လဲ ဆိုတော့ လိမ်ပြောလို့တဲ့ ကျွန်တော် လည်း ဘယ်လောက် အမှတ်ရှိလိုက်လဲဆို အဲ့နေ့က စ လိမ်ပြောချင်တာပဲ လိမ်တော့ မလိမ်ရဲဘူးပေါ့ဗျာ ဒါပေမယ့် လိမ်ချင်တဲ့စိတ်ကပိုးမသေဘူး ထားပါတော့ ဒါက
ကျွန်တော် ဒီနေ့ လာတာ ကျွန်တော့် ဆယ်ကျော်သက် တုန်းက သူငယ်ချင်း အကြောင်း ပြောပြဖို့ ဒီကောင့်နံမည်က ရန်နိုင် တဲ့သူကချမ်းသာတယ် ဒါပေမယ့် သူက အခြောက်လေးဗျ နွဲ့နှောင်းနေတာ ကျွန်တော့်အဖေပြောတဲ့ စောက်ခြောက် ပေါ့ဗျာ အဖေပြောနေကျ မို့ သိပ်တော့မပေါင်းချင်ဘူး ဒါပေမယ့် သူက ကျွန်တော် ကို ရှယ်ပေးတာ ကျွန်တော် စာအုပ် ကုန် တယ်မလား သူစာအုပ်ပေးတယ် ကျွန်တော် ခဲတံလို ခဲတံပေး တစ်ခါ ဖိနပ်ပျက်သွားရင် ကျွန်တော်အတွက် ဖိနပ်ပါဝယ်လာတာ ဖိနပ်ဝယ်ပေးတယ်ဆို ကျွန်တော် ကိုနှိမ်သလိုဖြစ်မှာစိုးလို့ သူကပါ ဆင်တူ တစ်ရံစီးသေးတာ
ဒီကောင် နဲ့ ကျွန်တော် ၁၃ နှစ်လောက် မှာ စခင်တာ ကျောင်း အတူသွား တူတူပြန် ကျွန်တော် ဘောလုံး ကန်ရင် ထိုင်စောင့် သူကတော့ မကန်ဘူး အအေးတွေဝယ်တိုက် သူနဲ့ ပေါင်းရတာ ဇိမ်ကိုကျနေတာပဲ အသားဟင်းတို့ပုဇွန်တို့လည်း သူကျွေးမှ စားဖူးတာ အမေ့ကိုအသားဟင်းချက်ဖို့ပြောရင် အမေက '' ကွမ်းသီးတွေဟင်းချက်ကျွေးရမှာလား တကတည်း နင့်အဖေက ပိုက်ဆံ မပေးပါဘူးဆို ဘယ်ကအသားဟင်းကရမှာလဲသေနာရဲ့'' ဆိုပြီး အော်ဆဲတော့တာပဲ သူနဲ့ပေါင်းတော့ အမေလည်းချက်ကျွေးစရာမလိုတော့လို့ထင်ပါတယ် ငါ့သားလေး ရန်နိုင် ရန်နိုင် နဲ့ ချစ်နေတာ
ဟိုကောင် ရန်နိုင် ကလည်း တကယ်အတတ်လေး အမေအမေနဲ့ အမေစားဖို့ဆိုပြီးဟင်းတွေသူ့အိမ်ကနေ ယူလာသေးတာ ကျွန်တော် မှာ ကိုယ့်အမေနဲ့ကိုယ်ကို မွေးစားသားဖြစ်နေတာပဲ

Domestic violenceWhere stories live. Discover now