အပိုင်း၆ ဆွေမျိုးသားချင်း

1.3K 25 6
                                    


ဖေဖေနဲ့ စကားမပြောသေးပါ ဖြစ်တာက တစ်လလောက်ကြာနေပြီကို အဖေလည်း မခေါ် ကိုယ်တို့ လည်း မခေါ်နဲ့ ပေတေပြီးနေနေကြသည်
ဒီရက်ပိုင်း ဖေဖေ ခရီးဝေး သွားစရာရှိသည်ထင်သည် မေမေ အဝတ်တွေ ကူထုတ်ပေးနေသည်မှာ ၂ရက်လောက်တောင် ရှိပြီ စာရွက်စာတမ်းတွေ ကဖေဖေ ကိုယ်တိုင်ထည့်သည် မေမေ့ကို ဟိုဟာ ပါပြီလား ဒီဟာပါပြီလားနဲ့ သတိပေးနေသည်

တစ်ခါ ယခုလို သွားတုန်းက သွားတိုက်တံ ကျန်ခဲ့လို့ထင်သည် ph ဆက်ပြီး ပြောဆို နေတာ အကြာကြီး ထိုအခေါက်သွားတုန်းက ၂ လလောက်ကြာသည် ဖေဖေက ပထမတစ်လစာသာ ပိုက်ဆံ ပေးသွားပြီး ဒုတိယ တစ်လ အတွက်တော်ရုံနဲ့ မပို့ပေး ထို ဘာမဟုတ်တဲ့ သွားတိုက် တံ ကျန်တာကို အငြိုးတကြီး တစ်ပတ်လောက် နောက်ကျပြီး ပို့သည် မေမေ phဆက်တော့လည်း
''ငါမအားလို့ မပို့ဘူး ငါ့အမေအိမ်မှာ သွားတောင်းစားလိုက်'' ဟု ခပ်ပြတ်ပြတ် ဆိုသည်
ထိုနေ့က ပိုက်ဆံ မရှိတော့တာ ၃ရက်မြောက်နေ့ မနက်စောစော ထပြီး ဘာမှ မစားပဲ သားအမိ၃ယောက် bus အဆင့်ဆင့်စီးပြီး ဖေဖေ့ အမေဆီသွားကြသည် လာမယ်ကြိုပြောရက်နဲ့ အဖွားက အကြည်ဖြူပါ
''ဘယ့်နှယ်အေ လင်ကိုပဲ အားကိုးနေတယ် သူပိုက်ဆံ မပို့တာနဲ့ ငတ်ရောတဲ့ ခရီးကလည်းသွားရသေး အိမ်က ၃ယောက် အတွက်လည်း ပိုက်ဆံ ပို့ရဆို ငါ့သားသေရောပေါ့ဟဲ့ အိမ်ရှင်မဆိုတာ လင်ပဲ အားကိုးလို့ မရဘူး အပြင်ဝင်ငွေလေးရှာပြီး ယောက်ျား ကို ကူစမ်းပါ အိမ်မှာ ဇိမ်နဲ့ နေမနေနဲ့ ငါ့တုန်းကဆို......''
တံခါးဖွင့်ကတည်းက ထို စကားအရှည်ကြီးကို ပြောလိုက်တာ လာတဲ့ ၃ယောက် အမောဆို့ရောပဲ
အဖွားပြောသည့် ငါ့တုန်းက ဆို ဆိုတာကို ကိုယ်သိပါသည် အဖွား အမျိုးသားက အရက်သမားအလုပ်က ရှိပေမယ့် ပိုက်ဆံ အကုန် မပေး မူးရင်လည်း အဖွားတို့ကို ရိုက်သေးသည် အဖိုးပေးတဲ့ ပိုက်ဆံ က မလောက်သဖြင့် အဖွားက အိမ်မှာ ကွမ်းသီးညှပ်ရသည် ထိုမှ အပိုဝင်ငွေ ရှာရသည်
ဖေဖေ က အဖိုးနဲ့တော်တော် တူသည် ပြောရမည် အဖိုးက မူးမှရိုက်ပေမယ့် အဖေက မမူးပဲ ရိုက်သည် မျက်နှာကို ကုတ် သည် ပစ္စည်းတွေ ကောက်ပေါက်သည် ဖေဖေက ပိုဆိုးမည်ထင်သည်
အဖွားက ထိုသို့ ကွမ်းသီး ညှပ်ရတာကို မကျေနပ် ဖေဖေက မေမေ့ကို အိမ်မှာ ပိုက်ဆံ မရှာခိုင်းပါ ဒါကိုအဖွားက ချွေးမကို မနာလိုဖြစ်ပြီး မကြည်ဖြူတော့ အခုတော့ အဖိုးလည်းသေပြီ ဖေဖေ့အမနဲ့ တူတူနေနေသည်
ထိုနေ့က အဖွားပြောသည့် စကားက အဓိပ္ပာယ် မရှိပါ

Domestic violenceWhere stories live. Discover now