အပိုင်း၄ အိပ်မက်ဆိုး

2K 30 0
                                    


အိပ်မက်ဆိုးဆိုပေမယ့် တကယ့်အဖြစ်အပျက်ကြောင့်မက်ရသည် အခန်းကျဥ်းတစ်ခုထဲ မောင်နှမ ၂ယောက် ပိတ်မိနေသည့်အိပ်မက်မျိုးပေါ့ ထို့နောက် ထိုအခန်းငယ်လေးထဲ ရေတွေဝင်ရေတွေလျှံလာကာ ၂ယောက် လုံး တစ်ကိုယ်လုံး စိုရွှဲ နေသည် အပြင်မှာတော့ အော်ဟစ်သံ ရေခွက်ကွဲ သံ ပစ္စည်းတွေ ပစ်ပေါက်သံ တို့ကြားနေရသည်..

ထိုအချိန်က ကိုယ်က ၅နှစ် ကိုကို က ၆နှစ် အိမ်ရှေ့မှာ ၂ယောက် တူတူ ဆော့နေရင်းဖြစ်သည်
မေမေတို့ကအိပ်ခန်းထဲမှာ တစ်ယောက် နဲ့ တစ်ယောက် အကျယ်ကြီး အော်ပြောနေကြသည် ထို့နောက် အိမ်ရှေ့ သို့ရောက်လာကြပြီး အော်ပြောနေသေးသည် ထိုကဲ့သို့ အခြေအနေ မကြုံဖူးသောကြောင့် မေမေတို့ ဘာဖြစ်ကြတာလဲ မသိ ပါ
''ဖြန်း''
အော်ပြောနေရင်းကနေ ဖေဖေက မေမေ့ပါးကိုရိုက်ချလ်ိုက်သည်
''ဗြဲ...မေမေးးးးး''
ကိုကို ကမေမေ အရိုက်ခံရသောကြောင့် ငိုချလိုက် သည် ဖေဖေကလည်းရိုက် ကိုကို ကလည်း ငိုနဲ့မို့လို့ ဒီအခြေအနေက ငိုရမယ့်အချိန်လို့သတ်မှတ်ပြီး ငိုချလိုက် သည်
ဖေဖေက ''ဒီစောက်ကလေး နှစ်ကောင် လာစမ်း နင်တို့ ဒါတွေမကြည့်နဲ့လာ ဒီမှာ နေ'' ဆိုပြီး ရေချိုး ခန်း ထဲကို ကလေးတစ်ဖက်စီချီပြီး ခေါ်သွား ခဲ့သည် ထို့နောက် တံခါး ပိတ်သွားသည် မီးမဖွင့်သွားပါ သာမာန် အချိန် ရေချိုးခန်း ထဲ အပိတ်ခံရတာတောင် တော်တော်ကြောက်စရာကောင်းနေသည်ကို မေမေနဲ့ ရန်ဖြစ် နေသည့်အချိန် မှောင်ကြီးမဲကြီး ရေချိုးခန်း ထဲ အထည့်ခံရသည်မှာ မည်မျှကြောက်စရာကောင်းလိုက်သနည်း ကိုကို ရော ကိုယ်ရော အာခေါင်ခြစ်ပြီးတော့ကို ငိုခဲ့ကြသည် ဖြစ်ချင် တော့ ထိုနေ့က ရေလာသည့်နေ့မို့လို့ ဘားတွေလည်း ဖွင့်ထားသည် ရေပြည့်တာလည်း မသိ ဘားလည်း မမှီနှင့် ရေတွေလျှံလာပြီး စိုရွှဲ သွားခဲ့ရသည် ရေကျသံတွေနဲ့ ငိုသံတွေကိုလည်း ဖေဖေ မကြားပါ အပြင်က အသံတွေလည်း သေချာ မကြားရပါ ကိုကို့လက်ကို သေချာစုပ်ကိုင်ရင်း ချမ်းတုန်ပြီးကြောက်နေခဲ့ရသည် ရေလျှံပြီး အတော်အကြာမှ မေမေတံခါးလာဖွင့်သည် အဲ့အချိန်က ဘဝမှာ ကြောက်စရာ အကောင်းဆုံးနဲ့ အလုံခြုံအနွေးထွေးဆုံး အချိန် ဖြစ်မည် ကိုကို နဲ့ကိုယ်နဲ့ကို တင်းကြပ်စွာ ဖက်ထားပေးသည် ထို့နောက် ရေသုတ်ပေးသည် စားစရာ လုပ်ကျွေးပြီး ၃ယောက် တူတူ အိပ်ကြသည် ထိုနေ့က အဖြစ်အပျက်က အမြဲ အိပ်မက် မက်သည် မေမေက ထိုနေ့မှ စ၍ ဖေဖေရန်ရှာလည်း အရှာခံပြီး ပြန်ရန်မတွေ့တော့ပါ ကိုယ်တို့ ၂ယောက် တင် စိတ်ဒဏ်ရာ ရတာ မဟုတ် ပဲ မေမေကလည်း ငါတို့ ရန်ဖြစ် လို့ကလေးတွေ ဒီလို ခံရတာဆိုပြီး စိတ်ဒဏ်ရာ ရသည်ထင်ပါရဲ့ ဘယ်လိုမှ ကို ပြန်မပြောတော့ပါ
အခုအချိန် ဖေဖေရန်ရှာတာကို ဒီတိုင်း အအော်ခံပြီး ငြိမ်နေလျှင် ကိုကို က သူအဲ့နေ့က ငိုမိလို့ ရေချိုးခန်း ထဲ အပိတ်ခံရပြီး မေမေက အဲ့ဒါကြောင့် ပြန်ရန်မတွေ့ကြောင်း မေမေ အနိုင်ကျင့်ခံရတာကသူ့ကြောင့်ဖြစ်ကြောင်း အမြဲပြောသည် သူပြောတာလည်းဟုတ်သား ကိုယ်တို့ သာ မငိုမိဘူးဆိုရင်..အဲ့နေ့က အိပ်ခန်း ထဲမှာပဲဆော့နေခဲ့မည်ဆိုရင်..မေမေတို့လည်း နောက် ၂ခါလောက် ရန်ဖြစ် ပြီး ကွာရှင်းရလောက်သည် မေမေကလည်း လွတ်လပ်သွားလောက်ပြီ ပြသနာ တွေ အားလုံး ရဲ့အရင်းခံက ကိုယ်တို့ဖြစ်နေတာလည်း ခက်သား

Domestic violenceWhere stories live. Discover now