အခန်း၈ ငယ်ဘဝ

893 17 0
                                    

ကျွန်တော် ငယ်ငယ်တုန်းက ပိုးဟပ်တစ်ကောင်ကို သတ်ရခဲ့ဖူးသည်
ထိုနေ့က နောက်ဖေးမှာ ရေသွားသောက်ရင်း ပိုးဟပ် တစ်ကောင်နဲ့တွေ့ခဲ့သည် ပိုးဟပ် က ပျံလာတော့လန့်သွား၍ အမေကိုအော်ခေါ်ခဲ့သည် အမေရောအဖေရော ပြေးလာခဲ့ပြီး
'' မင်းယောက်ျားမဟုတ်ဘူးလား ဒီပိုးဟပ်ကဘာလုပ်မှာမို့လို့ လဲ မင်းစောက်ခြောက်လား '' ဟူ၍အဖေကပြောခဲ့သည်
'' မဟုတ်ဘူး သားလန့်သွားလို့ သူက လက်ပေါ်တက်လာတာ '' ဟုငိုမဲ့မဲ့နဲ့ပြောနေရင်း ပိုးဟပ်က ကျွန်တော့်နားပြေးလာ၍ ကြောက်ပြီး အဖေ့နောက်ကို ပြေးပုန်းလိုက်သည်
ထို့နောက် ပိုးဟပ်ကို အဖေက ကောက်ဖမ်းလိုက်သဖြင့် စိတ်အေးသွားသည် သို့သော်အဖေက ထိုကောင်အား  အခန်းထဲကို ထည့်ပြီး ကျွန်တော့်ကိုပါ အခန်းထဲဝင်စေပြီး
'' အဲ့ပိုးဟပ်ကိုသတ်လိုက် မသတ်ရဲရင် မင်းယောက်ျား မဟုတ်ဘူး စောက်ခြောက် ရဲ့'' ဟု အရက်နံ့သင်းသင်းနဲ့ပြောသည် ထို့နောက် အခန်းထဲကို အတင်းတွန်းထည့်လိုက်သည်
ထိုနေ့က ကြောက် လွန်းလို့ ပိုးဟပ်ကို သတ်ဖို့ဆိုတာအသာထား စောင်ခေါင်းမြှီးခြုံ ပြီး ပိုးဟပ်ရန်က ကာကွယ်ခဲ့ရသည် ထိုပိုးဟပ်ကလည်း အငြိမ်ကိုမနေပါ ဟိုပျံဒီပျံနှင့်
အဖေက ခနနေတော့ အခန်းဝကနေ ပိုးဟပ်အသေကို တံခါးအောက်က နေ ထုတ်ပေးနိုင်မှ တံခါးဖွင့် ပေးမယ်ဆိုပြီးလာပြောသည် ထိုနေ့က ညစာလည်း မစားရပဲ အခန်းမီးတောင် ထမဖွင့်ရဲပဲ စောင်ထဲမှာ ငိုရင်း အိပ်ပျော်သွားခဲ့သည်
မနက်ကျတော့ ဗိုက်ကလည်း ဆာ ညကငိုထား၍ ပင်လည်းပင်ပန်းနှင့် ၁၁ နာရီ လောက် မှ နိုးသည် နိုးနိုး ချင်း တံခါးများ ဖွင့်ပေးထားလေလားဆိုပြီးမျှော်လင့်ချက်နဲ့ သွားဖွင့်ကြည့်​သေးသည် အဖေက ပြောတဲ့အတိုင်း လုပ်နေကျဆိုတာ မေ့သွားပြီး သွားဖွင့်မိတာ ဖြစ်သည်
တံခါး ဖွင့် ကြည့်ပြီး ပြန်အလှည့် ပိုးဟပ် နှင့်ထိပ်တိုက်တွေ့လေသည် ဗိုက်လည်း ဆာနေတော့  စိတ်က တိုပြီး ငါဗိုက်ဆာတာ နင့်ကြောင့် ဆိုပြီး   ပိုးဟပ် ကို စောင်နဲ့ ပစ်ပေါက်ပြီး အုပ်လိုက်ကာ အပေါ်က နေတက်ခုန်လိုက်သည် ဒါတောင် ပိုးဟပ် ပေါ်ခြေထောက်ကျတုန်းကလန့်ပြီး အိပ်ရာပေါ်ပြန်ပြေးတက်သေးသည် နောက်တော့ သတိလစ်နေသည့် ပိုးဟပ် ကို စာရွက်နဲ့တွန်းရင်း တံခါးအောက်က နေ တွန်းပေးလ်ိုက်သည်
ထို နေ့ က ၁၀နှစ်ပြည့်မွေးနေ့မနက်ဆိုတာအမေတို့ မေ့နေပါရော..... 
အဖေက ကျွန်တော့်ကို စိတ်ဓာတ်ကြံ့ခိုင်အောင် သင်ပေးလေ့ရှိသည် ညအမှောင်ထဲ မသွားရဲသဖြင့် တစ်ညလုံး ခြံထဲမှာ မတ်ထတပ်ရပ်ခိုင်းထားသည် အဖေက များသောအားဖြင့် အရက်မူးနေတတ်သောကြောင့် မလွန်ဆန်ရဲပါ အမေက ကျွန်တော့်ကို သနပ်ခါးလိမ်းပေးသည့် နေ့တုန်းက အဖေက ကျွန်တော့်ကို အရင်တွေ့သွားပြီး မျက်နှာ ကိုရိုက်ချလိုက်သည် ထို့နောက် ဂုတ်ကနေဆွဲပြီး အိမ်ရှေ့က အုတ်ကန်ထဲခေါင်းကိုနှစ်ပြီး သနပ်ခါးတွေ ဖျက်ပစ်ခဲ့သည်
အမေ့ကိုလည်း ငါမွေးထားတာ သားကွ စောက်ခြောက် မဟုတ်ဘူး အဲ့သနပ်ခါးမင်းပဲ လိမ်း ငါ့သားကိုလာမလိမ်းနဲ့ ဆိုပြီး သနပ်ခါး တုန်းနဲ့ ထုလိုက်သေးသည် အမေ့နှဖူးမှာတော်ရုံနဲ့အယောင်မကျ ​ေနာက်ပိုင်းမှာတော့ ကျွန်တော့်ကို သနပ်ခါးမလိမ်းပေးတော့ပါ....
ဒါကတော့ အထင်ရှားဆုံးမှတ်မိနေသည့် ငယ်ငယ်ကအကြောင်းတွေ ဖြစ်သည် အဖေမရှိရင်တော့ အမြဲပျော်စရာကောင်းသည် အဖေက မနက်ပိုင်းအလုပ်သွားပြီး ညနေကျတော့ သူငယ်ချင်း တွေနဲ့ ဆိုင်ထိုင်ပျော်ပါးသည် ကျွန်တော် ကျောင်းကပြန်လာရင်တော့ ကွမ်းသီး ညှပ်နေသည့် အမေ့ကို အိမ်ရှေ့မှာ တွေ့ရမြဲ ညဘက်ဆိုရင်တော့ မျက်နှာ နီရဲပြီး မူးနေသည့် အဖေ့ကိုတွေ့ရမြဲ....

ဒီနေ့လည်း ထပ်ရေးလိုက်ပါတယ် နည်းနည်းတော့တိုတယ်:3 လိုအပ်တာတွေရှိရင် ထောက်ပြနိုင်ပါတယ်ခင်ဗျ

Domestic violenceWhere stories live. Discover now