အပိုင်း၁၄

754 13 2
                                    

ယခုနှစ်....

ကျွန်တော် အလုပ်ကိစ္စနဲ့ ခရီးထွက် နေရတယ်
တစ်ခါထွက်ရရင် ၃လ လောက် ကြာတယ် အဆင်ပြေတာပေါ့ဗျာ အိမ်မှာမနေရတော့တာနဲ့
အသက်ကြီးမှ အိမ်ပြေးဖြစ်ရတာကိုပျော်နေတယ်ဆို ကလေးဆန်မလားပဲ
အရင်ပတ်က သတင်းတစ်ခု ကြားလိုက်တယ် ကျွန်တော့် ရန်ရန်လေ ရန်ကုန် ပြန်ရောက် နေပြီတဲ့ ကျွန်တော် အိမ်ထောင်မကျခင်တည်းက ကွဲသွားတာ သူနိုင်ငံခြားမှာ ပညာ သွားသင်တယ်ပြောပါရော အဲ့မှာအလုပ်ဆက်လုပ်ရင်း ကျွန်တော် လည်း ကျွန်တော် အလုပ် ဆက်လုပ်ရင်း အဆက်သွယ် ပြတ်ကုန်တာ အခုသူပြန်ရောက်နေတယ်ဆိုတာတေါင် သူများ ပြောလို့သိရတာ

သူရန်ကုန်ပြန်ရောက်ပြီး တစ်ယောက် တည်း နေနေတာ သူ့အိမ်က အကြီးကြီး ပဲ ဗျာ သူဋ္ဌေးရပ်ကွက်မှာ ကျွန်တော် လည်း အဲ့ရပ်ကွက်ကပဲ အိမ်ကတော့ နည်းနည်း သေးတာပေါ့ဗျာ တိုက်ခန်းထဲက တစ်ခန်းပါပဲ သူ့လိုခြံနဲ့ဝန်းနဲ့မှ မဟုတ် ပဲ ။ မဟုတ်ဆို ဟိုအိမ်ဝယ်ပေးတဲ့ အဖိုးကြီး က ကပ်စေးနဲ ကျန်းမာရေး အသိလည်းမရှိ စာအုပ် ဝယ်ဖတ်ဖို့ပိုက်ဆံကိုမထုတ်ချင်လောက်အောင်ကို ကပ်စေးနဲတာ သူ့သမီး တစ်ဘဝလုံးကိုတော့ တာဝန်ယူ တဲ့ အိမ်ကျတော့ကောင်းကောင်းမပေးချင်ဘူး ကျွန်တော့မယ် ရန်နိုင် နဲ့ တစ်ရပ်ကွက်ထဲ ကျအောင်တောင် မနည်းပြောရတယ်

အစည်းအဝေး မစခင် သူရန်ကုန် မှာ ဘာလုပ်နေမလဲတွေးမိတယ် သူက နူးနူးညံ့ညံ့ လေး ဘာဟင်းနဲ့ စားနေမလဲ ဘယ်မှာဝယ်စားလဲ သူလုံးဝ ချက်မစားမှာတော့သေချာတယ် သူ့အိမ်လိပ်စာသိနေတာပဲ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချလိုက် တယ် သူ့ကိုဟင်းမှာပေးဖို့

''အစည်းအဝေး စပါပြီ''

အာ ဟင်းလေးမှာဖို့ မိနစ် ၂၀ လောက် ပဲလိုတာကို သို့နှင့် အစည်းအဝေး တက်သည်

.................

xxxရပ်ကွက်သားများစုံစည်းရာ ဆိုတဲ့စျေးရောင်းဂရုထဲမှာ ရန်ရန် အတွက်ကောင်းနိုးရာရာ လေးတွေရွေးနေသည် သူက ပင်လယ်စာဆို ကြိုက်သည် မျှစ်တို့ မှိုတို့လည်းကြိုက်သည်

ဂရုထဲမှာတော့ ထိပ်ဆုံးဖြစ်နေသည့် ဟင်းဆိုင်တွေရှိသည်.. ကြက်သားဟင်းကုန်ပါပြီ ဆိတ်သားကုန်ပါပြီတွေလည်းတွေ့သည်။ ဒီလို ကုန်တာကိုမြင်ရရင် မရတော့မှာ စိုးသည့်စိတ်နဲ့ မြန်မြန်မှာမိသည်။ chat box မှာ စာပို့ post မှာ comment ရေးရုံနဲ့ မှာလိုသည့် မျှစ်အစပ်နဲ့ ဝက်သားဟင်းမရတော့မည်စိုးသောကြောင့် phone သာ ကောက်ဆက်လိုက်သည် ။

Domestic violenceWhere stories live. Discover now