အပိုင်း ၁၃

1K 16 8
                                    

ကျွန်တော် တကယ် စောက်ပိန်း ဗျာ ကွာရှင်းမယ့် မိန်းမ နဲ့ ကလေးမွေးမိတယ်.... ကလေးတစ်ယောက် ရလာတော့ နှစ်ဦးခွဲခွာဖို့က ခက်လာရော ကလေးကတော့ ချစ်စရာလေး သားယောကျ်ားလေး ကလေးနဲ့ဆိုတော့ ၂ ဆ ပိုရှာ ရမယ်ထင်တာ ဘယ်ဟုတ်မလဲ ကလေးအတွက် ဆိုပြီး သူ့အဖိုးအဖွားတွေက ပေးလိုက်ကြစမ်းဆိုတာ မမွေးခင်တည်းက ဆေးရုံ စရိတ်တဲ့ အနှီးဖိုး သေးခံ အဝတ် ဆပ်ပြာ ရေဇလုံ စုံနေတာပါပဲ ကျွန်တော် တောင်ရှာစရာမလိုဘူး ပြီးတော့ သူ့သမီးအတွက်ကလည်း ပိုက်ဆံ သတ်သတ် ပေးသေးတယ် ဒါကပေးရင်တော့ ကောင်းပေမယ့် ကျွန်တော့်ကို စော်ကားသလို ပဲ ကလေး အဖေ တစ်ယောက် လုံးရှိနေတာကို အကုန် ထောက်ပံ့ စရာ လားဗျာ ဟိုမိန်းမကလည်း သူ့ပိုက်ဆံ သူကိုင်ရတော့ ကျွန်တော့်ကို စကားတောင်သေချာမ​ပြောဘူး ...
အဲ့ဒါ​ကြောင့် အဲ့ကောင်မ ကို ပိုက်ဆံ မပေးချင်တာ

အရင်ကဆို ခေါင်းအုံး အောက်ထဲ စျေးဖိုးထည့်ခဲ့ပေးရင် ပြီးရော သူမနက် ထ စျေးသွား ကျွန်တော့် အတွက် ရုံးထမင်းချိုင့်ပြင် ပြီးရင် ကျွန်တော် ရုံးသွား ကျွန်တော် မရှိ တုန်း ရုပ်ရှင် ကြည့် tv ရှေ့က မခွာတမ်း ကြည့် ရုံးက ပြန်လာခါနီးမှ ကုန်းရုန်းထလုပ်.... ကျွန်တော် ကို လည်းရိုရိုသေသေနဲ့

အခုတော့ များ ကလေးတစ်ယောက် နဲ့ မိဘပေးတဲ့ ပိုက်ဆံ နဲ့ အမယ် သူက ကလေးမွေးထားလို့ဆိုပြီး ရေသာခိုချင်သေးတာ ကလေးက သူတစ်ယောက်တည်း မွေးတာကျနေတာပဲ တစ်ခြားမိန်းမတွေလည်းမွေးရတာပဲ သူပဲ ဇွတ် ပင်ပန်းနေတာ သူ့မှာ ပိုက်ဆံ ရှိတယ် ဆိုတော့ ကျွန်တော် လည်း လစာ မကုန်တော့ဘူး သွားလာပျော်ပါးပြီး တစ်ယောက် တည်း ဖြုန်းတာ

သားကြီး လေး တစ်နှစ် လောက် ရတော့ သူ့မိဘတွေက မြေးမလေး လိုချင်လို့ တဲ့ ကလေးထပ်ယူကြပါဦး အိမ်အသစ်ဝယ်ပေးမယ်မြေးမလေးနံမည်နဲ့တဲ့ ဘယ့်နှယ် မရသေးတဲ့ကလေးကို မိန်းကလေး ပဲ စွတ်(zoot)ပြော နေတာ

ဒီလို နဲ့ ယူဖြစ်တယ်ပေါ့ဗျာ အရင် လိုပဲ ထောက်ပံ့မှာပါ အိမ်ဝယ်ပေးမှာပါ နဲ့ ကလေးကိုယ်ဝန်ဆောင်နေတုန်းကြီး သူ့မိဘ တွေ ဆုံးပါးသွားတယ် မိန်းမ က ကိုယ်ဝန်လနုသေးတယ် သူလည်း စိတ်ဓာတ် တွေ ကျတာပေါ့ မိဘတွေသေတာဆိုတော့ ကျွန်တော် ကတော့ အဲ့ကလေးကို မယူချင်တော့ဘူး ထောက်ပံ့မယ့် အဖိုးအဖွားလည်းသေပြီလေ တစ်ယောက် စာ ပိုရှာရမှာ ပြီးတော့ ကွာရှင်းရင် ကလေး နှစ်ယောက် ဆို ခက်ခဲမှာ ကိုယ်ဝန် ဖျက်ချလိုက်ရင် ကောင်းမယ်

Domestic violenceWhere stories live. Discover now