အပိုင်း၅ gymသွားခြင်း

1.7K 28 2
                                    


ကိုကို့စာမေးပွဲလည်း ပြီးပြီ အဲ့ဒါကြောင့် အခုရက်ပိုင်း ကိုကို က မနက် ပိုင်းဈေးလိုက်သည်
''မေမေ သားgym သွားချင်လို့ အဖေ့ ဆီက ၃သောင်းလောက် တောင်းပေးပါလား ''
မေမေဘာမှ မပြောသေးပါ သားဘာသားပြောကြည့်ဟုပြောမည်ထင်သည်
'' သားပြောကြည့်ပါလား'' အမေက နွမ်းလျလျ ဆိုသည် ကိုကို သွားလို့ရရင် ကိုယ်လည်း သွားချင်သည် ၁၄ နှစ် က ကြီးထွား ဖွံဖြိုး ဆဲဆိုတော့ ဒီလို အချိန် ကောင်းကောင်း လေ့ကျင့်ခန်းလုပ်လျှင် အချိုးအစားလှသွားမည်ထင်သည်
''ကိုကို ငါလည်းလိုက်ချင်တယ်''
'' လိုက်ခဲ့ ပေါ့ရတာပဲ ပြန်ရောက် ရင်ပြောကြမယ်''
စျေးသွားရတာ အကိုပါတော့ ပိုပျော်ဖို့ ကောင်းနေသည် ကိုယ်စားချင်တာတွေဝယ်ပြီး အိမ်ပြန် ရောက်ရင် ကိုကို ဝယ်လာတာလို့ အဖေ့ကို ပြောလိုက်သည် ကိုကို စားချင်တာကိုတော့ မငြိုငြင်ပဲ ခွင့်ပြုသည်ကိုး
ဒီလို မနက် ပိုင်းတွေ သိပ်ပျော်ဖို့ကောင်းတာပဲ

အိမ်ပြန်ရောက်တော့ မနက်စာ စား ကြ ကိုယ်ကလည်း အဝတ်လျှော် အဝတ်လှမ်း လှမ်းထားတာတွေရုတ် ခေါက်သိမ်းလုပ်နေတာနဲ့ လုံးဝ မအား

ဖေဖေကတော့ ကိုယ့်အတွက် ၁၀တန်းကျူရှင်ဆရာမ စုံစမ်း နေသည် အိမ်ရှေ့ မှာ မျက်မှန်တပ်ပြီး သူ့သူငယ်ချင်းတွေ ကိုph နဲ့မေးနေသည်
ကျွန်တော့သမီးငယ်လေး ဆယ်တန်း ကျူရှင် အပ်ချင်လို့ပါဆိုပြီး ပြောပြောပြီး စုံစမ်း နေတာ ဒီလို ဆိုတော့ လည်း အဖေက သိပ်ချစ်ဖို့ ကောင်းတာပဲ
ညနေလောက်မှ ကိုကို နဲ့ တူတူ ပြောကြမည် တစ်နေ့ လုံး ၂ယောက် သားလန့်နေတာ ကိုယ်က ဆယ်တန်း ကျုရှင် ကြိုတက်ရမှာဆိုတော့ gym သွားခိုင်းပါ့မလား ပြီးတော့ ၂ယောက်စာဆို တော့ တစ်လ၆သောင်းတာဖြစ်မှာရယ်နဲ့မပြောရဲ ကိုယ့်ကိုက မသွားခိုင်းတာလည်း ဖြစ်နိုင်လို့ စိတ်ကို ကြိုပြင်ထားသည်
ညကျတော့ ကိုကို က
''အဖေ သားgym သွားရင် ကောင်းမလား ''
ကိုယ်က ကိုကို့ နောက်မှာ သူ့အိမ်းကျီအစလေးစွဲရက်
''ညီမလေးနဲ့ '' ကိုကိုက ဆက်ပြောသည်
ဖေဖေက တစ်ချက် လှမ်းကြည့်ပြီး
''မင်းပဲ သွား သမီးက မသွားရဘူး မိန်းကလေး က အိမ်မှာ နေ''
စိတ်ကိုပြင်ထားသည့်တိုင် မိန်းမဆိုတဲ့ ဖြစ်တည်မှုကို ထည့်ပြောသဖြင့် စိတ်ဆိုး သွားသည်
'' သမီး လည်း သွားချင်တယ်''
ကိုကို့ အိမ်းကျီ စ ကို ပိုပြီးတင်းတင်းကိုင်လိုက်သည်
'' သွားပြီးဘာလုပ်မှာလဲဝိတ်ချမလို့လား ဘယ်လောက် ဝတာမို့လို့ ဝိတ်ချမှာလဲ ဒီလောက် ပိန်ကပ်နေတာ ''
'' အဲ့ဒါကြောင့် သွားမှာလေ ပြည့်ပြည့်လေးဖြစ်ချင်လို့''
စိတ်ထဲ မှာ အဖေ့ကို ပြန်ပြောဖို့တွေးရင်အရမ်းကြောက်ခဲ့ပေမယ့် တကယ်တမ်းကျ သွေးဆူလာသည် ကြောက် တဲ့အရာတွေက ရင်ဆိုင်လိုက်ရင်ကြောက်စရာမကောင်းတော့
အဖေက မတ်တပ်ထရပ်ပြီး
''ပိန်လည်းတစ်လင်ပဲ ဝလည်း တစ်လင်ပဲ တူတူပဲ မသွားနဲ့ ''
''မိန်းမ တစ်ယောက် အဖြစ် မွေးလာတာ လင်ယူသားမွေးလုပ်ဖို့ မှ မဟုတ်တာ''
'' တစ်လင်ယူချင်လည်း ယူမယ် ယူချင်မှလည်းယူမယ် လင်တွေ အကြိုက်နေဖို့မဟုတ်ဘူး သမီး ကျန်းမာရေးအတွက်သွားချင်တာ ''
အဖေ့ဒေါသတွေငယ်ထိပ်ရောက်သွားတာများ ခေါင်းကနေတောင် မီးခိုး တွေထွက်နေသလိုပဲ
'' gym ဆိုတာ ဝိတ်ချဖို့ပဲမဟုတ်ဘူး ကျန်းမာရေးအတွက်ကစားတာ fit ဖြစ်သွားမှာ ကျန်းမာရေးလိုက်စားတာမှာ ကျားမ ခွဲထားလို့လားအဖေရဲ့ ''
'' မိန်းမတစ်ယောက်ကလင်ယူလည်း လှလှပပ ဖြစ်လို့ရတယ် လင်ယူတာက အိမ်ဖော်သွားလုပ်တာ မဟုတ်ဘူးဘာလို့ ၁၄နှစ် အရွယ်ကို လင်ယူဖို့ပြောတာလဲ သမီးက အဲ့အရွယ်လည်း မရောက်သေးဘူး လေ ''
အဖေက အေး ကိုသာ တအေးတည်းအေးတော့သည်
'' နင်ဘယ်က သတ္တိ တွေရနေတာလဲ ဒီမလောက်လေးမလောက်စားကတော့''
''ဖောင်း''
ဒါကိုတော့ မမျှော်လင့်လိုက်မိပါ
အဖေက ဆံပင် ကို ပြန်ဆွဲ ပြီး နောက်တစ်ချက်ထပ်ရိုက်ကာ စောင့်တွန်းလိုက်သည် ကိုယ်က ဘာမှ တောင်မသိလိုက်ပဲ အိမ်ရှေ့ ဖိနပ်စင်နားကို ထိုင်ရက်လဲသွားသည် ဖိနပ်တချို့တောင် ကျသွားသည်
'' နင် ဘယ်မှ မသွားရဘူး ငါ့ကို ပြန်ခံမပြောနဲ့ သေချင်နေတာလား နင့်ကို ဒီ စကားတွေ နင့်အမေသင်ပေးလိုက်တာလား ဘယ်မလဲ အဲ့မိန်းမ''
'' ဖေဖေ မေမေနဲ့ မဆိုင်ဘူး '' ကိုကို က ဝင်တားသော်လည်း မမှီပါ ကိုယ်ကအမေဘယ်နားရှိမှန်းတောင်မသိ
'' မင်းသင်ပေးလိုက်တာလား မင်းသင်တာမလား ဘာလဲ အိမ်မှုကိစ္စတွေ မလုပ်ချင်လို့ က​လေးကို အတတ်ကောင်းတွေ သင်ပေးလိုက်တာလား ဘာတဲ့ မိန်းမ တွေက လင်ယူသားမွေးဖို့မဟုတ်ဘူးဟုတ်လား မလုပ် တော့ ဘာလုပ်ချင်တာလဲ မင်းမှာ ဘာအစွမ်းအစ ရှိလဲ အခု တစ်အိမ်လုံးငါပဲ ရှာဖွေလာတာလေ နင်တို့ သားအမိက အခုလိုကျေးဇူးဆပ်တယ်ပေါ့ ရိုက်လိုက်ရ''
ဖေဖေပြောတာတွေက အရမ်းလွန်နေပြီမို့လို့ ဒီနေ့တော့ အပြတ်ရှင်းမယ် ဆိုပြီး
'' မေမေကို လက်မပါနဲ့ အိမ်တွင်းအကြမ်းဖက်မှုမလုပ်နဲ့ အဲ့ဒါ အငုံ့စိတ်ရှိတဲ့ ယောကျာ်း တွေ မိန်းမ ကို မယှဥ်နိုင်တဲ့ သူတွေလုပ်တာ ''
ကိုကို က ကြောင်ကြည့်နေသည် မျက်လုံး တွေက အရောင်တလက်လက် ဖေဖေကတော့မီးတောက်နေပြီ
'' gym သွားချင်တယ် ''
'' နင်သိပ်တော် သိပ်တတ်နေလား ''
''အေး ရတယ် သွား''
နောက်နေ့ရက်ဆက် ဖေဖေ စကားမပြောတော့ပါ ကျူရှင် လည်း မရှာပေး မအပ်ပေးတော့ပါ စျေးသွားဖို့လည်း လာမနှိုးသလို သူ့ပုဆိုးတွေ ခေါက်ဖို့လည်း မပြောပါ ကိုကိုကလည်း ဖေဖေနဲ့ စကားမပြောပါ မိသားစု ၄ ယောက် အဖွဲ့ ၃ဖွဲ့ ကွဲသွားသည် အကိုနဲ့ ကိုယ်နဲ့က တစ်ဖွဲ့ အမေတစ်ဖွဲ့ အဖေတစ်ဖွဲ့ မေမေက တိုးတိုးလေး လာပြောသည် ''နင်က သိပ်ရှည်တာပဲငါတို့လင်မယား ကွဲကြရင်ဘယ်လိုလုပ်မလဲ '' ကိုကို နဲ့ကိုယ်နဲ့က ဝမ်းသာအားရ '' ကောင်းတယ်ကောင်းတယ် ပြတ်လိုက် ရှယ်ပဲ ''ဟု ပြောလိုက်သည်

Domestic violenceWhere stories live. Discover now