အခန်း၇ ဝင်ငွေရှာခြင်း

1K 23 5
                                    


ဖေဖေ သွားတာ တစ်ပတ်လောက် ရှိပြီ သားအမိ၃ယောက် စိတ်တိုင်းကျကိုနေနေကြသည် မနက်တိုင်း စျေးမသွားပါ ၃ရက်စာလောက် ဝယ်ထားလိုက်သည် မနက် လ​ည်း အစောကြီး မထကြပဲ ညဘက်တွေလည်း ၁ နာရီ လောက် ထိ စကား တွေပြောရင်း မုန့်တွေစားကြသည်
မေမေက ဒီလိုအချိန်ဆို တအားချောတာပဲ အိပ်ရေးဝနေတဲ့ မျက်နှာဖောင်းဖောင်းလေးရယ်စျေးမသွားရလို့ မပင်ပန်းတာလေးရယ် အဖေမရှိလို့စိတ်ချမ်းသာနေတာရယ်နဲ့ အမေ့မျက်နှာလေးက ကြည်လင်နေရော
'' အမေ ''
အိမ်ရှေ့မှာ ခြေထောက်စင်းထိုင်ရင်း လှမ်းခေါ်လိုက်သည်
'' အဖေက တကယ်ပြန်လာမှာလား စိတ်ညစ်လိုက်တာ''
'' အင်းပေါ့ လာမှာပေါ့ သမီးရယ် ဘာဖြစ်လို့ လဲ''
ဘာဖြစ်လို့လဲ လို့မေးတာ အမေက အဖေရှိလည်းဖြစ် တယ် ထင်ရသည် ကိုယ့်အတွက်တော့ ရှိလို့မဖြစ်ပါ အဖေနဲ့ မျက်နှာချင်းဆိုင် တိုင်း အမေ့အပြုံးတွေက ဘယ်ချောင်ရောက်မှန်းမသိပျောက်ရလွန်းလို့ အဖေကို မြင်ကို မမြင်ချင်ပါ
'' သမီးက မကြိုက်ပါဘူး အဖေက ကောင်းမှမကောင်းတာ ''
'' ဟဲ့သူမရှိတော့ရင် ဘယ်သူရှာကျွေးမလဲ''
'' အမေရှာလည်းရတယ်လေ သမီး တို့ ကူလုပ် ပေးမှာပေါ့ နော် ကိုကို နော်''
ကိုကို က ခေါင်းငြိမ့်ပြသည် အင်းလေ သူကိုယ်ချင်းမစာတာ မဆန်းပါဘူး သူက အချစ်ခံရတာကို
'' အမေ အမေ ''
'' ဟေ ခေါ်ပြန်ပြီ တစ်ခါတည်းပြော ''
'' အမေတို့က ဘယ်လိုတွဲ ပြီး ယူလိုက်တာလဲ''
အမေက လုပ်လက်စကို ခနချပြီး ကိုယ်တို့နားမှာလာထိုင်သည်
'' မေမေတို့က ​သူငယ်ချင်းတွေ ဒါပေမယ့် စီနီယာ ဂျူနီယာ အိမ်ပြန်တာနီးလို့ bus တူတူစီးရင်းခင်နေတာ  မေမေတို့ အဖေက အဖိုးက မေမေ့ကို ရည်းစား မထားခိုင်းလို့ မထားပါဘူး ဒါပေမယ့် ဖေဖေ နဲ့ တူတူ အိမ်ပြန်ရင်း အဖိုး က လမ်းမှာတွေ့ရင်း နင်ရည်းစားထားနေတယ် ဆိုပြီး ဆူတာ ပြီးတော့နင်ကိုယ်ဝန်ရနေပြီဆိုပြီး''
''ဟမ် ''
ကိုကိုရော ကိုယ်ရော ပြိုင်တူ ထအော်မိသည်
'' ဟမ် ဟမ် ''
မေမေက တစ်ချက်ရီသည်
'' သမီး ဟိုနေ့ကပြောတဲ့ဟာလေ ဟိုမင်းသမီး သူ့အမေနဲ့အဖေ စျေးထဲမှာလက်ချင်းထိမိပြီး ကိုယ်ဝန်ရပြီဆိုပြီးပြောတာလေ ''
'' အော် မမဆောင်း ''
'' အင်း ဟုတ်တယ် အဲ့ခေတ်က အဲ့လိုပဲ လူကြီးတွေက ရည်းစားမထားစေချင်တာနဲ့ အပိုတွေပြောကြတာ မေမေကလည်း အဲ့တုန်းက မသိဘူး လေ တကယ်ကိုယ်ဝန်ရပြီထင်တာပေါ့ ''
မေမေက ရယ်မောရင်းသာ ပြောနေတာ ကိုယ်တို့ ၂ယောက် က ပါးစပ်အဟောင်းသား
'' အဲ့ဒါနဲ့မေမေက စိတ်တွေညစ် တာပေါ့ ငါကိုယ်ဝန်ရပြီ ဟို အစ်ကိုကိုတာဝန်ယူခိုင်းရမယ် အဖိုးက လည်း ရပ်ကွက်ထဲ မှာ ဗိုက်တစ်လုံးနဲ့ ငါတို့မိသားစုကို အရှက်ခွဲတယ် ဆိုပြီး ဆဲတာပေါ့သမီးရယ် အဲ့ဒါနဲ့ ဖေဖေ့ကို အမေက ပြောပြလိုက်တော့ ဖေဖေက တာဝန်ယူတယ်''
'' ဟမ် ဟမ်''
နောက် တစ်ခါ ပါးစပ်အဟောင်းသား ဖြစ်ရပြန်သည်
'' အဲ့ဒါနဲ့ မေမေတို့ယူလိုက်ကြရော ယူလိုက်ပြီးမှ တကယ်က ကလေးမရနေဘူး ဖေဖေက မေမေကို သဘောကျလို့ ကလေးမရမှန်းသိသိရက်နဲ့ယူခဲ့တာ''
ဖေဖေက သဘောကျလို့ မဟုတ် ပဲ မေမေက သူအနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရလောက်တဲ့ ပုံ ကိုယ်ဝန်ရမှန်းမသိ မရမှန်း မသိနဲ့ တုံးလွန်းလို့သူနိုင်စားဖို့ ယူလိုက်တာလို့ တွေးမိသည်
'' အဲ့ဒါဆို မမဆောင်းပြောတာ သူ့အမေလည်း အဲ့လိုဖြစ်တယ်ဆိုတာ ဖြစ်နိုင်တာလား''
'' မေမေ့သူငယ်ချင်းဆို လည်း အဲ့လို ဖြစ်တော့ သူအဲ့ယောက်ျားကိုလည်း မယူချင်တော့ သီလရှင်ဝတ်လိုက်ရတယ် အဲ့ဒါ တကယ် ''
'' မေမေ အဖေနဲ့ ကွာရှင်းလိုက်တော့''
ကိုကို ကထ​ပြောသည်
'' အို မေမေမှ ပိုက်ဆံ မရှာတတ်ပဲ ''
''သမီး တို့ ဟင်းရောင်းကြမယ်လေ ဒီရပ်ကွက်ထဲမှာ မေမေချက်တာ ကောင်းတာကို ''
မေမေက သူပိုက်ဆံမရှာတတ်ဘူးနှင့် နင်တို့ အဖေသိရင် သေလိမ့်မယ််ကိုသာ တတွင်တွင်ပြောနေသည်
'' fb acc သစ်လုပ်ပြီးရောင်းမယ်လေနော် ph no အသစ်နဲ့လေ နော် တစ်ခါလောက် သူမရှိတုန်းရောင်းကြည့် အဲ့ဒါဆို အဆင်ပြေရင် ကွာရှင်းလို့ရပြီ  ''
'' ငါ့ကို ဘာလို့ ကွာရှင်းခိုင်းနေတာလဲ ငါ့အဖေကလည်း လက်ထပ်မလားမမေးသလို ငါ့သားကလည်းကွာရှင်းခိုင်းနေတယ် ''
'' ဖေဖေက ကောင်းမှ မကောင်းတာ သမီး တို့ လည်း အမေ့ကို အအော်ခံရတာပဲ မမြင်ရက်ဘူး သမီးလည်း အအော်မခံနိုင်ဘူး''

Domestic violenceWhere stories live. Discover now