အပိုင်း၂ အဝတ်လှန်းခြင်း

3.5K 28 2
                                    

ကျူရှင် မှာ စာသင်နေရင်း မိုးတွေ သည်းကြီးမည်းကြီး ရွာသည် ထီးမပါပေမယ့် မိုးကာလေးဆောင်ထားတတ်လို့တော်သေးသည်..

.သို့သော် အိမ်မှာ လှမ်းထားတဲ့ကျောင်းထမီ ကို စိတ်ရောက်သွားသည် အိမ်မှာ က မေမေနဲ့ ကိုယ့် ထမီတွေကို အဝတ်လျှော်စက်နဲ့မလျှော် ရပါ ကိုယ်တိုင် လက်နဲ့ လျှော်ရသည် ကိုယ်ကလည်း ကျောင်းတစ်ဖက် ကျူရှင် တစ်ဖက်အပြင် အိမ်ကိစ္စတွေ နဲ့ မို့လို့ နေ့တိုင်း လည်း မလျှော်နိုင် ထမီက ကြီးလည်း ကြီးသည်ကိုး ထို့ကြောင့် မနေ့ က တစ်ထည်သာလျှော်နိုင်သည် မလျှော်ရင်လည်း မနက်ဖြန် ကျောင်းသွားစရာ မရှိတော့ သဖြင့် အမြန်လျှော်ထားပြီး နောက်ဖေး ပြုတင်းပေါက်မှာ လှမ်းထားခဲ့သည်.. အခုမိုးရွာတော့ ခြောက်ရဲ့လား စိတ်ပူသွားသည်
မေမေ ရှိတော့ မေမေလည်း ရုတ်ထားပေးလောက်ပါသည်

ထို့နောက် ကျူရှင်ဆင်းတော့ အိမ် အမြန်ပြန်လာလိုက်သည် အိမ်အောက်ရောက်တော့ စိတ်အေးသွားသည် အိမ်ရှေ့က အဝတ်တွေ ရုတ်ထားသည် ဆိုတော့ တော်ပါသေးသည်

အိမ်ထဲဝင်တော့ မေမေမရှိပါ
'' မေမေက သူ့သူငယ်ချင်းအိမ်သွားတယ် သမီးရဲ့ ဖေဖေ ကိုကို့ကျူရှင် ကိုသွားကြိုရင်း မေမေ့ကို ဝင်ခေါ်လာလိုက်မယ် သမီးပြန်လာမှာစောင့်နေတာ ''
'' ဟုတ်ဖေဖေ စိတ်ချလက်ချ  သမီးရေချိုးရင်းစောင့်လိုက်မယ် ဖေဖေ သော့ယူသွားမလား ခနေနမှ သြားပါလား အောက်မှာ ရေတွေ ကြီးနေတာ ''
'' နောက် ၁၅ မိနစ်လောက် မှ သွားလိုက်မယ် သမီး အိမ်းကျီသွားလဲ ဖျားဦးမယ် ''
ဟုတ်ပြောပြီး အိပ်ခန်းထဲ သို့ဝင်လိုက်ရာ ပြုတင်းပေါက်မှာ မရုတ်ထားသော ထမီကို တွေ့လိုက်သည် တစ်ဖက်ပြုတင်းပေါက်က ကိုကို့ပုဆိုးကတော့ ဖေဖေ ရုတ်ပေးထားသည် ကိုယ်စိတ်အပူဆုံး ကိစ္စ မို့လို့ စိတ်လည်းအတော်ညစ်သွားကာ ပါးစပ်က ပါ ထွက်သွားသည်
'' ဟာ ထမီက မခြောက်သေးဘူး လေ ဖေဖေ မရုတ်ပေးထားဘူး ''အဖေ က ရှုးရှူးရှဲရှဲ နဲ့ အခန်းထဲ ဝင်လာကာ
'' ငါက နင့်ထမီကို ရုတ်ပေးရမှာလား ''
''ဟင်'' ဘာပြန်ပြောရမှန်းတောင် မသိပါ
'' ပြောလေ နင့်ထမီ ငါရုတ်ပေးရမှာလား နင်ငရဲ ကြီးချင်တာလား ''
အိမ်မှာ ၂ ယောက် တည်း မို့လို့ တော်တော်လန့်သွားသည်
'' သမီး ဒီတစ်ထည်ပဲ လျှော်ရသေးလို့ ဒါခြောက်မှ မနက်ဖြန် ကျောင်းသွားရမှာ ''

'' အဲ့ဒါ ငါနဲ့ ဆိုင်လား ''

'' ဖေဖေ ရုတ်ပေးထားလည်း ရတာပဲ ကို ''

'' နင်ပြန်ခံပြောမနေနဲ့ ဖြတ်ရိုက်လိုက်မယ် မလောက်လေးမလောက်စား လုပ်မနေနဲ့ '' '' ဘယ်လိုဟာလဲ နင်တော်တော် မိုက်ရိုင်းနေလား နင့် ထမီ မိုးရေစိုတာ ငါနဲ့ ဘာဆိုင်လို့လဲ ငါ့ကို ဘာထင်နေလဲ နင့်ထမီရုတ်ပေးရမယ့်ကောင်လား နင့်ကို မွေးပေးထားတဲ့ အေဖ နော် ဝတ္စရာ မရှိရင် နေ့တိုင်းလျှော်လေ တစ်နေ့တစ်နေ့ ဘာစောက်လုပ်မှ မလုပ်ပဲ ဝတ္စရာ မရှိမှ ထလျှော်ပြီး မိုးရေစိုတာ ငါ့စောက်လုပ်လား ''
ဖေဖေ ဘာတွေပြောနေလဲ မသိတော့ပါ လူက ငိုမဲ့မဲ့ ဖြစ်နေပြီး မေမေ နဲ့ ကိုကို မြန်မြန်ပြန်လာပါစေပဲ ဆုတောင်းနေမိသည်
ဘာက အဲ့လောက် ဒေါသထွက်စရာကောင်းမှန်း မသိပါ ကိုကို့ပုဆိုးရုတ်ရင်း ဒါလေးတစ်ထည်ရုတ်ပေးလည်းရတာကို ဒါလေးပဲ ပြောမိတာကို ဘာက အမှားကြီးသွားလည်း မသိတော့ပါ ပုဆိုးကျရုတ်ပေးပြီး ထမီက ဘာများဖြစ်လို့ ရုတ်မရ ထိမရအောင် ဖြစ်ရတာလဲ

ဒါမျိုး ဖြစ်တာ ပထမ တစ်ခါမဟုတ်ပါ ကိုယ့် ရဲ့ အတွင်းခံအဝတ်တွေဆို နောက်ဖေးပြုတင်းပေါက်မှာတောင် မလှန်းရ ကုတင် တိုင်မှာ ကြိုးတန်းလေး လုပ်ပြီး လှန်းရသည် ထိုနေရာက နေရောင်မရပါ ကိုကိုက ဖေဖေ့လို မဟုတ်လို့ အိပ်ခန်း တံခါးပိတ်ပြီး ပြုတင်းပေါက်မှာ ထုတ်လှန်းခိုင်းသည် နေရောင်မရရင် မှိုစွဲ  တတ်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာကနေ သားအိမ်ရောဂါပါ ရနိုင်သည်ဆိုပြီး လှန်းခိုင်းသည် ဒါတွေကို ကိုကိုပြောပြမှသာ သိရသည် မေမေက မ​ပြောပြ ပါ ဒါကြောင့် ကိုကို့ကို အထင်ကြီးပြီး မောင်နှမ ၂ ယောက် က တည့်နေသည် ကိုကို က ဆယ်တန်းမို့လို့လား မသိပါဘူး အရမ်းတော်တာပဲ   မုန့်ဖိုးလည်းပိုရတော့ စာအုပ်တွေလည်း ဝယ်ဖတ်နိုင်သည် ဒါကြောင့်ပိုတော်နေတာ ဖြစ်ရမည်

အခုတော့ ဖေဖေက ကိုကို့ ကို သွားကြိုနေပြီး မိုးလည်းတိတ်သွားပြီ ဖြစ်သည် ထမီကို ရေညှစ်ပြီး တစ်ယောက် တည်း ရှိတုန်း dryer နဲ့ ဆက်တိုက် မှုတ်နေပြီး ခြေသံကြားမှ ပြုတင်းပေါက်မှာ ပြန်လှန်းလိုက်သည် တစ်ယောက် တည်းရှိတုန်းမလုပ်ရင်လည်း ခေါင်းသုံးပစ္စည်းကို ထမီ မှာသုံးရလားဆိုပြီး နားရင်းထအုပ်ခံရနိုင်သည်  မနက်တော့ခြောက်လောက်တယ်ထင်ပါရဲ့

ကိုကို ပြန်ရောက်လာမှ တိုးတိုး လေး တိုင်ပြောရဦးမည်

Domestic violenceWhere stories live. Discover now