အပိုင်း၃ ဓမ္မတာလာခြင်း

2.9K 29 3
                                    


ဓမ္မတာ လာမည့်ရက်မို့လို့ထင်သည် မနက်ထဲကဗိုက် အောင့်နေသဖြင့်် စျေးတောင် မလိုက်ဖြစ်ပါ ကိုယ်က ၉တန်းစာမေးပွဲ ဖြေပြီးသော်လည်း ကိုကို ရဲ့ ၁၀ တန်းစာမေးပွဲ က အခုမှ စသည် ကိုကို့စာမေးပွဲနှင့် အလုပ်ရှုပ်နေကြသဖြင့် ကိုယ့်ကို ဘယ်သူမှ ဂရု မစိုက်နိုင်ကြပါ စနေ တနင်္ဂနွေ ပိတ်ပြီး တနလ်ာမှ chem phy bio စသည့် ၃ ဘာသာ ကို ဖြေရမည် ယနေ့ကတနင်္ဂနွေနေ့မို့လို့ ကိုကို အိမ်မှာစာလုပ်နေသည်မေမေနဲ့ ဖေဖေကတော့ နေ့လည်လောက် ထဲက ဗေဒင် ဆရာဆီသွားပြီး ကိုကို့အတွက် ယတြာချေဖို့ သွားမေးမြန်းနေသည်
အိမ်မှာ ကိုယ့်ကို ဗိုက်အောင့် လားဘာလား မေးမည့်သူမရှိသဖြင့် စိတ်ဓာတ် ကျနေသည် မနက်တည်းက ဗိုက်အောင့် နေသဖြင့် ဘယ်မှ မသွားပါ pad ကလည်း လက်ကျန်ရှိသေးသည်မို့ ထိုလက်ကျန်ကုန်မှ သွားဝယ်မည်လုပ်ထားသည်
ညနေလောက်မှ ဓမ္မတာ က စတော့သည် padကို သွားကြည့်တော့ တကယ်တမ်းကျ မရှိ နေပါ တစ်ခုမှ ကို မကျန်ပါ သွေးတွေက တောက်လျှောက် ဆင်းနေပြီး ဘယ်လိုမှ ဆင်းဝယ်ဖို့လည်း မမှီတော့... ဗိုက်အောင့် တာရော စိတ်ညစ် တာရော ဘာလုပ်ရမှန်း မသိ တာနဲ့ ဘီဒိုရှေ့မှာ ထိုင်ငိုချလိုက်သည် အိမ်ရှေ့မှာ စာလုပ်နေသည့်အကိုက ရောက်လာပြီးချော့ထားသည်
'' မနက် တည်းက ဗိုက်အောင့် နေတာမလား ဘာဆေးသောက်ရတာလဲ အကို သွားဝယ်ပေးမယ်လေ ''
'' မဟုတ်ဘူး မဟုတ်ဘူး pad ပါ မရှိ တော့ တာ''
ပြောရင်းနဲ့ နောက်တစ်ခါ ငိုချလိုက်တာ အကို့မျက်လုံးထဲမယ်သူ့ညီမလေး တော်တော် သနား စရာကောင်းသွားလားမသိပါ
'' pad သွားဝယ်ပေးမယ် ဘာတံဆိပ်သုံးတာလဲ''
သူဂရုစိုက်မှ ထရစ်ချင်သလို စိတ်မကြည်သလိုတွေဖြစ်ပြီး
'' ငါဘာသုံးလဲတောင်မသိဘူးလား😭 ဒီမှာ ဒီတံဆိပ် ဒါယူသွားပြီးဝယ်လိုက်'' ဟူ၍ အခွံတစ်ခုကိုပေးလိုက်သည်
'' အင်းအင်း ဟုတ်ပြီ ကြမ်းပြင်မှာ မထိုင်နေနဲ့လေ သွေးတွေပေကုန်ရင် ပြန်သန့်ရှင်းရေးလုပ်ရရင် ပိုပင်ပန်းမှာ လာလာ ဒီခုံပေါ်မှာ ထမီလေးခင်းပြီးထိုင်စောင့်နေ မြန်မြန် ဝယ်လာမယ်''
ကိုကိုက တံခါး လေးစေ့သွားသည် တံခါးလည်း ထမပိတ်နိုင်ပါ
ကိုကို ပြန်မရောက်ခင် ဖေဖေတို့ကပြန် ​လာသည်
'' တံခါးကြီးပွင့်လို့ပါလား သမီးငယ် မုန့်သွားဝယ်လား မသိဘူး '' ဖေဖေ အသံ ကြားလိုက်ရသည် ထို့နောက် တစ်ဆက်တည်း
'' သားရေ ယတြာရလာပြီ ဓာတုဗေဒ မို့လို့ ဓာတ်ပုံ ရိုက်ရမယ်တဲ့ ''
'' သားရေချိုးနေတာထင်တယ် '' ကိုကို ကို မတွေ့သဖြင့် မေမေက မှတ်ချက်ပေးလိုက်သည်
ထိုစဥ် ကိုကို မလာပါစေနဲ့ ဆုတောင်မိသည် မပြည့်ပါ ကိုကို ရောက်ချလာသည်
''ဘယ်သွားတာလဲ စာမေးပွဲ ရက်ကြီး'' အဖေ့လေသံ ကြားရတာ စိတ်ပူနေသလို
'' ဘာမှ မဟုတ်ပါဘူး သား ခဲဖျက်သွားဝယ်တာ ဂျယ်လီ လည်း စားမလို့ ''
ဖေဖေက စာမေးပွဲ ရက်တွင်းမို့လို့လား မသိ အလိုလိုက်နေသည်
'' ဘာဂျယ်လီလဲ ပြကြည့် အဖေ အထုတ်လိုက်ဝယ်ထားလိုက်မယ် မင့်ညီမ နဲ့စားပေါ့ ''
'' ဟုတ် ရပါတယ်''
'' မင်းလက်ထဲ က အထုတ်က ဘာလဲ''
အားသေပြီ သေပြီ pad ဆိုတော့ ကြွပ်ကြွပ်အိတ်အမဲနဲ့ထည့်ထားသည်ထင်သည် ဖေဖေ တွေ့သွားပြီထင်သည် စာမေးပွဲ ရက်မို့လို့ သိပ်မဆူဘူးလို့တော့ မျှော်လင့်ပါရဲ့
'' သားပြောတဲ့ ခဲဖျက် နဲ့ ဂျယ်လီ လေ ''
ဖေဖေ့စိတ်ထဲ ကိုကို က ဘီယာ ခိုးသောက်တယ်များထင်သွားလား မသိပါ ဖေဖေ့မျက်နှာ ဘယ်လိုဖြစ်နေလဲ လည်း မမြင်ရ ကိုယ်က အကိုထားခဲ့သည့်အတိုင်း ခုံပေါ်မှာ ထမီလေးခင်းပြီး ထိုင်စောင့် နေတာဖြစ်သည်
'' ဟေ့ကောင် ကြောင်တောင်တောင်မလုပ်နဲ့ ပြစမ်းငါ့ကို ခဲဖျက်ကို အိတ်အမဲနဲ့ ထည့်မှာလား ''
'' သူတို့ က အိတ်အကြည်ကုန်နေလို့တဲ့ ''
'' ပြဆိုပြလိုက် မင်းဘာတွေ ခိုးလုပ်ထားလို့ မပြနိုင်ဖြစ်နေတာလဲ '' ကိုကို့ ကို စိတ်ပူပြီး ကိုယ်ပါ အဆူခံရတော့မည်ကို သိသဖြင့် ငိုချင်လာသည်
ထိုစဥ်မေမေ အခန်းထဲ ဝင်လာကာ ဘာသိသေးလဲ ဆိုပြီး မေးသည် ကိုယ်က ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည် ပြောပြီးပြီးချင်းပဲ အဖေက အိမ်ရှေ့က နေခေါ်နေသည် ထသွားလို့ မရပါ သွေးတွေတောက်လျှောက်ဆင်းနေတာကြောင့် ....
'' မြန်မြန် လာလေ ငါလာဆွဲခေါ်ရမလား '' မဖြစ်တဲ့ အဆုံး အခန်းထဲ က ထွက်သွားတော့မျက်နှာကို pad ထုတ်နဲ့ ကောက်ပေါက်ခံလိုက်ရသည်
'' နင့်အကို ကို ဝယ်ခိုင်းရလား နင့်မှာ ခြေတွေလက်တွေ မပါဘူး လား ဆယ်တန်း စာမေးပွဲ နတ်ကြီးတယ် သူ ဘုန်းကံနိမ့်လို့ မဖြစ်ဘူး နင်နားမလည်ဘူးလား '' စသည့်စကားတွေကို ထပ်တလဲလဲ ကြားနေရသည် ရှိုက်သံနဲ့ မို့လို့ ဘာမှ သေချာ မကြားရပါ အောက်မှာလည်း ခြေထောက်တွေမှာ သွေးတွေပေစွန်းနေသည် ဒီအခြေအနေ မှာ ချက်ချင်း အငွေ့ဖြစ်သွားပါစေ ဆုတောင်း မိသည် ထို့နောက် ဘာတွေအော်မှန်း မသိလိုက်ပဲ ဖောင်းကနဲ ပါးလိုလို နရင်းလိုလို ကိုအရိုက်ခံလိုက်ရသည် ဘယ်နေရာ မှန်းတောင် သေချာ မသိလိုက်ပါ ထို့နောက် မေမေ ဝင်ဆွဲသံ အဖေ့ ကိုအော်သံ အဖေက ပြန်အော်သံ အကို့ကို ဆူသံတွေနဲ့ မူးနောက် နေသည်
ကံနိမ့်သည် ဘုန်းနိမ့်သည်ကိုသာ ကြားနေရသည် ဘယ်အရာက ဘုန်းကံနိမ့်စေသနည်း ကိုယ်က သုံးပြီးသားကို ပစ်ခိုင်းတာလည်း မဟုတ်ပါ panty ကို ဝယ်လာခိုင်းလျှော်ခိုင်းတာလည်း မဟုတ် ပါ အဖေက ဘာကိုများအဲ့လောက်ဒေါသထွက်သလဲ နားမလည် ပါ
အဲ့ညက ဗိုက်တွေအောင့် ကိုယ်တွေပူပြီး ဖျားသွားသည်
ဘယ်အရာက ကံနိမ့်စေလဲ မသိ ပေမယ့် ကံနိမ့်တာကိုတော့ ယုံသွားသည် အဘယ်ကြောင့် ဆိုသော် ကိုကိုလည်း စာမေးပွဲ ရက်ကြီးမှာတောင် ၂ ချက်လောက် အကျွေးခံလိုက်ရသည်ကိုး ဘာကြောင့် ရိုက်သလဲ မသိလိုက်ပါ ငိုနေရတာနဲ့ ဘာမှကို မသိလိုက်ပါ ကိုကို တစ်ညလုံး မအိပ်ပါ.. နောက် နေ့ မနက် စာမေးပွဲ သွားဖြေပါသည်.

Domestic violenceWhere stories live. Discover now