အခန်း၁၀ ငကြောက်

674 17 0
                                    

ရန်နိုင် တို့ အိမ်မှာဖြစ်သည် ကျွန်တော် သူနဲ့ အပြင်သွားရန် သူ့ကို သွားခေါ်ခြင်းဖြစ်သည် သွားခေါ်သည်ဆိုသော်လည်း ဒင်းလေးက ကျွန်တော်သူ့အိမ်ရောက်တာတောင် မနိုးသေး
'' ဟေ့ကောင် ထတော့ ငါရောက်နေပြီ''
တစ်ခါခေါ်ရုံနဲ့ မနိုး ဆက်တိုက် လှုပ်နှိုးတာတောင် အင်း အဲ တောင် မလာ
'' ဟ ထတော့လို့ ''
မျက်လုံး ကို ပွတ်ပြီး အားယူပြီး ဖွင့်ကြည့်သော ရန်နိုင်
'' ဘယ်သူတုန်း ''
'' မင်းလင်ကွ ထ​တော့ ''
စိတ်တိုတိုနဲ့ ပြောလိုက်တာ အလုပ်ဖြစ်သည် ဒီကောင် ဇတ်ကနဲ ထထိုင်သည်
'' အေးအေး ငါ့လင်ဆိုထမယ် ခနစောင့် ''

ပြောင်စပ်စပ်လုပ်နေသော ရန်နိုင်ကို ကြည့်ပြီး အံကြိတ်ကာ ဆဲလိုက်သည် တော်တော် သဘောကျသွားပုံပဲ

၁၅ မိနစ်... မိနစ် ၂၀ လောက် ကြာတဲ့ထိ ဒီကောင် ထွက်မလာ အခန်းတစ်ခုထဲ ဝင်သွားပြီး ကိုယ်ရောင်ပျောက်သွားသည် သူ့အခန်းကို စပ်စုလိုက်တော့ တော်တော်သပ်သပ်ရပ်ရပ် ရှိလှသည် စာအုပ် တွေလည်း တစ်ပုံတပင် ဒီစာအုပ်တွေ ကျွန်တော် မဖတ်ဖူးပေမယ့် ရန်နိုင် ပြောပြထားလို့ သိသည် ရန်နိုင်က အတော်စကားများသည်ဟုဆိုနိုင်သည် စာအုပ်တစ်အုပ် ရလျင် စာအုပ် အဖုံးအကြောင်းကိုပင် ၂ရက်လောက်ပြောတတ်သည် အဖုံးက အရောင်က ဘယ်လိုစွဲဆောင်မှု ရှိကြောင်း စာအုပ် နံမည်လက်ရေးက ခမ်းနားကြောင်း အသားကောင်းတော့မပြဲလွယ်ကြောင်း စာရေးဆရာ က သူ့စာအုပ်ကို အဖုံးက အစ တန်ဖိုးထားကြောင်း စသဖြင့် ပြောတတ်သည် အထဲက စာပို ဖတ်ပြီးရင်တော့ တစ်ခြားအကြောင်း ပြောလို့ မရတော့ သူချည်းပဲ ထိုစာအုပ်အကြောင်းပြောတော့သည် တစ်သိမ့်သိမ့်ကြည်နူးပြီးတစ်ခါတစ်ခါ ထ ထ ငိုသေးသည်...
'' သွားမယ် ငါပြီးပြီ''
'' မင့်ဟာက ကြာလိုက်တာ ကွာ ''
စိတ်ထဲ က ပြန်တွေးကြည့်တော့ ကျွန်တော် လည်း မနက် ၆နာရီ တည်းက ထပြင်ဆင်ထားတာ ဖြစ်သည် နေ့တိုင်းတွေ့နေကြကို ဒီနေ့မှ ရင်တွေခုန် စိတ်တွေလုပ်ရှားနေသည်
'' အန်တီ သားတို့ သွားပြီ''
အိမ်အောက်မှာ သူ့အမေကို တွေ့လို့ လှမ်းနှုတ်ဆက်လိုက်သည်
'' သားတို့သွားပြီလား လာပါဦးငါ့သားလေးအပြင်စာတွေ မစားနဲ့နော် လမ်းအကြာကြီး မလျှောက်နဲ့ အပြင်ရေမသောက်နဲ့....''
ငိ သူ့အမေတတွတ်တွတ်နဲ့ မှာနေတဲ့ထဲမှာ အပြင်ရေ မသောက်နဲ့တဲ့ ဟုတ်ပါသည် သူအမြဲ သူ့ခြင်းတောင်းထဲက ရေပဲ သောက် သည်

Domestic violenceWhere stories live. Discover now