အပိုင်း ၁၅

1K 31 9
                                    

ဒီနေ့ ဖေဖေ ရန်ကုန် ပြန်ရောက်လာသည်။ကြိုမပြောပဲရောက်လာခြင်းဖြစ်သည်။ သို့သော် အိမ်ကိုတန်းပြန်လာခြင်းမဟုတ်။အဖွဲ့လိုက်ညစာ စားပွဲ မှပြန်လာခြင်းဖြစ်သည်။ အရင်က ဖေဖေတို့ အဖွဲ့က ဆိုင်တွေမှာ ထက် အိမ်မှာ သာ ဝိုင်းလေ့ရှိသည်။ ဖေဖေအပါအဝင် ၆ယောက် လောက် ရှိမည်။ မေမေက အမြည်းတွေ အစုံလုပ်ပေးရသလို အရက်တွေလည်းသွားဝယ်ပေးရသည် ။ မနက်ရောက်လျင်လည်း အမြည်းပန်းကန်တွေနဲ့ အရက်ပုလင်းတွေသိမ်းဆည်းရသည် ။ ပန်းကန် တွေ အထပ်လိုက်ဆေးရသည်။ အဲ့ဖြစ်စဥ်က တစ်လ ၃ခါလောက် တော့ဖြစ်သည်။

အခုဆိုင်မှာ လည်း သောက်ပြီးသည့်ပုံပေါ်သော်လည်း အိမ်မှာ ထပ်ဝိုင်းမည့်အရိပ်အရောင်လည်းမြင်ရသည်။

အဖွဲ့သား(ခေါ်) ဖေဖေ့သူငယ်ချင်းတွေ တန်းစီဝင်လာသည်။

'' ဟျောင့်တွေ အိမ်ပြန် မယ်လို့ ''

အသံရှင် ဦးလေးကြီးကိုတော့ မမြင်ဖူးပါ။ သန့်သန့်ပြန့်ပြန့်တော့ရှိသည်။

'' ရတယ် ငါတို့ ဒီမှာဝိုင်းနေကြ အစ်မရေ အမြည်းလေးလုပ်ပါဦး''
ဦးလေးကြီး တစ်ယောက် က ထပြောသည် ။

ထိုအခါ ခုနက ဦးသန့်ပြန့်က

''ဒီမှာ ကလေးတွေရှိလို့လို့ ဝိုင်းချင် တစ်ခြားအိမ်သွားဝိုင်းကွာ သမီးလေးရှိနေတာ ကို"
ဦးသန့်ပြန့်သည် သဘောကောင်းပါသည်။ ဖေဖေတောင် အခုလို တစ်ခါမှ မတွေးပေးပါ။

'' ကလေးရှိတော့ ဘာဖြစ်လဲ သွား ဟို၂ယောက် အခန်းထဲ ဝင်ထွက်မလာနဲ့ ငါတို့ သောက်မလို့''

'' မင်းကို မင်းမိသားစုဆီပြန်ပို့တာ အိမ်မှာ သောက်ဖို့ မဟုတ်ဘူး ဟိုကောင် တွေ ပြန်မယ်လို့ မသောက်တော့ပါဘူးဆို..."

ဖေဖေက မေမေ့နားထသွားကာ

'' အမြည်းတွေမပြီးသေးဘူးလား မြေပဲကြော်တောင် မြန်မြန် လာချ လက်က နေရာ မရွေးဘူးနော် အရှက်မကွဲချင်ရင် စောက်ချိုး...''

''ခွပ်''
အဖြစ်အပျက်က မြန်ဆန် လွန်းလှသည်။

'' ဟျောင့် မအေဠိုး မရိုင်းနဲ့ ''

မြန်ဆန် လှသည့် အဖြစ်အပျက်ကို နားမလည်ခင် ဖေဖေသည်ဦးသန့်ပြန့်လက်ထဲရောက်နေပြီ။ ဦးသန့်ပြန့်က ကော်လံစကို စွဲထားသည်။

Domestic violenceWhere stories live. Discover now