အခန်း ၁၂ ထိုကောင်မနဲ့အိမ်ထောင်ရေး

1.8K 18 3
                                    

အိမ်ပြန်ဖို့ bus စောင့်နေသည် ဒီမှတ်တိုင်က ရန်ရန်နဲ့ ဝက်သားတုတ်ထိုးသွားစားတုန်းက စတက်ခဲ့ရတဲ့မှတ်တိုင်........

ကျွန်တော် အဖေ့ကို အသက်ပြည့်ရင် မိန်းမ ယူပါမယ် ဒါပေမယ့် အဖေမပေးစားပါနဲ့ ကျွန်တော်က စောက်ခြောက်ဆိုတာ အဖေပေးစားတဲ့ကောင်မသိသွားရင် အဖေလည်းအရှက်ကွဲရပါမယ် ကျွန်တော် အဖေဖြစ်စေချင်တဲ့အတိုင်း မိန်းမ ယူလိုက်ပါမယ် အဖေစောင့်ပေးပါလို့ ပြောထားခဲ့တာ ၄ နှစ်လောက် တောင်ကြာပြီထင်ရဲ့ ဒါပေမယ့် အဖေက ကျွန်တော်ခြောက်နေသေးတာ သိတယ် ညနေတိုင်း ကျွန်တော် ယူမယ့်ကောင်မ အကြောင်းမေးလေ့ရှိတယ် မိန်းမ ယူပြီးရင် သူနဲ့နေစရာ မလိုဘူးတဲ့ ဒီအချက်တော့ သဘောကျတယ်

အခု ၂၁ နှစ်ပြည့်ပြီလေ တကယ်တော့ အပေါ်က စကားက အဖေကို ကြောက်လို့ လျှောက်ပြောထားရုံပဲရှိတယ် ကျွန်တော် မိန်းမ မယူချင်ဘူး အခု ကျွန်တော် ရန်ရန် နဲ့ပဲ နေချင်တာ ဒါပေမယ့် ရန်ရန် က နိုင်ငံ ခြားသွားလိုက်ရတယ် သူ့မိဘက တတ်နိုင်တော့ ကောင်းကောင်း မွန်မွန် ပညာသင်ရအောင် ဆိုပြီး လွှတ်လိုက်တာ မတွေ့ရတာ ၃နှစ်လောက် တောင်ရှိပြီ ph ဆက်ဖို့ကလည်း ရန်ရန် ဘာမှ မမှာသွား တစ်ခါတလေတော့ သူ့အမေခေါ်ပြီး ရန်ရန်ထည့်ပေးလိုက်တာတွေကျွန်တော့ကိုပေးတယ်

ရေမွှေးသေးသေးလေးတစ်ပုလင်း ဘောပင်လေးတစ်ချောင်း မီးခြစ်လေး ဇွန်းခက်ရင်း တစ်စုံ သူစိတ်ကူးပေါက်ရာတွေထည့်ပေးထားတာ ကျွန်တော် အံစွဲထဲမှာ အကုန်ထည့်သိမ်းထားတယ်

၁၇ကနေ ၁၈နှစ် တစ်နှစ်လုံး အဖေဆီမှာ အဆော်ခံခဲ့ရတာ အဖေက ရန်ရန်နဲ့တွဲလို့ဆော် အဖေဆော်ကြောင်းရန်ရန်အိမ်မှာသွားရင်ဖွင့် သူ့အိမ်က အပြန်ထပ်ဆဲခံရနဲ့ သားအဖ ၂ယောက် သံသရာလည်နေတာ အမေက ဘာမှ ကိုဝင်မပြောတာ ကျွန်တော့်ကို ဘယ်လောက်ရိုက်ရိုက် ထိုင်နေတာပဲ ကျွန်တော် ၁၈ပြည့်တော့ အမေလည်း အိမ်ပေါ်က ဆင်းသွားသည်

'' အစ်ကို ''
အော် ဒီကောင်မ လာပြီ
''အင်း''
'' အိမ်တန်းပြန်မှာလား အစ်ကို''
အသံက ချွဲနွဲ့နွဲ့ ဒီလို အသံတွေသိပ်မုန်းတာ တအား မိန်းမ ဆန်တာတွေ အဲ့ဒါကြောင့် ဒီကောင်မ ကို ကြည့်မရတာ သူကတော့ လိုက်စကားတွေပြောနေတာပဲ
'' ဟုတ်တယ် ''
'' သမီး ရောပဲ အိမ်တန်းပြန်မှာအစ်ကို ''
သူနဲ့ က တစ်ရပ်ကွက်ထဲ ဒီကားဂိတ်ကနေ တူတူအိမ်ပြန်နေကြ သူက ၁၈လောက် ပဲ ရှိဦးမည်
'' အင်း ဟိုမှာ bus ကားလာပြီ ''

Domestic violenceWhere stories live. Discover now