ƤAƦƬ ③

10.4K 603 39
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

မန္တလေးဆင်းသွားတုန်းက တင်နေတဲ့အလုပ်ကြွေးတွေကို ဆပ်နေရတာနှင့်ပင် အချိန်မအားနိူင်ပေ။ စိုက်ခင်းကိုပြေးရ ဝိုင်စက်ရုံကိုပြေးရနှင့် တစ်ခါတစ်လေ နေ့လယ်စာစားဖို့တောင်မေ့နေတတ်သည်။ ဒါတောင် မန်နေဂျာကိုတိုးမြင့်စိုးက သူမျက်စိလွှဲထားလို့ရတဲ့အထိ ယုံကြည်စိတ်ချရလို့ အတော်ပင် သက်သာနေသည်ဟုပြောရမည်။

ဆောင်းရာသီဝင်လာတဲ့အတွက် ဝိုင်ထုတ်လုပ်ခြင်းက ပြန်လည်စတင်တော့မည်ဖြစ်တာကြောင့် အလုပ်များနေခြင်းဖြစ်သည်။ ပြင်သစ်ကခေါ်ယူထားသော Wine Makerတွေအတွက်လဲ နေရာထိုင်ခင်းကအစ အကုန်စီစဥ်ပေးရသေးသည်။ လိုအပ်နေသော သစ်သီးတွေအတွက်လဲ တောင်ကြီးဘက်ကနေ မှာရသေးသည်။

စပျစ်ဝိုင်က ကျန်းမာရေးအတွက် ကောင်းကျိုးရှိတာရော၊ ရုပ်ပိုင်းဆိုင်ရာမှာလဲ အကျိုးသက်ရောက်မှုတွေရှိတာကြောင့် တော်တော်များများ သောက်သုံးလာကြသည့်အတွက် အတော်ပင် စျေးကွက်ဝင်လာတာကြောင့် ထုတ်လုပ်မှုကိုလဲ မြှင့်တင်ရတော့သည်။ အခုလက်ရှိ မြန်မာနိူင်ငံမှာတော့ ထုတ်လုပ်မှုအား​ေက​ာင်းပြီး နာမည်အရဆုံးကတော့ အေးသာယာဝိုင်နဲ့ Red Mountain Estate ပင် ဖြစ်သည်။

"ကိုတိုးကြီး အဲ့တာဆို ကျွန်တော်ပြန်တော့မယ်...သစ်သီးကိစ္စကိုတော့ ခြံရှင်နဲ့ ကျွန်တော်ပဲဆက်စကားပြောလိုက်မယ်...အကုန်အဆင်ပြေတယ်ဆိုရင် ကျွန်တော် ဖုန်းလှမ်းဆက်လိုက်မယ်"

ကိုတိုးမြင့်စိုးတို့မိသားစုကို စက်ရုံလေးထဲမှာပဲ တိုက်ခန်းပေးထားသည့်အတွက် စက်ရုံကိစ္စ အစစအရာရာ ညရေးညတာကအစ မျက်နှာလွဲထား၍ရသည်။

"ဟုတ်ပြီ မင်းသွင်... အဲ့ဒီခြံပိုင်ရှင် မမလှလှကြီးကလဲ မင်းပြောမှရမှာကွ...ဟား ဟား"

"ဟာဗျာ... မဟုတ်တာက စပြီ"

စပျစ်ခြံပိုင်ရှင် မမနန်းခမ်းဟွာက အပျိုကြီးပီပီ စကားပြောရတာ နည်းနည်းလက်ဝင်သည်။ သို့ပေမယ့် သူ့ကိုတော့ မောင်လေးတစ်ယောက်လို ခင်ပုံရသည်။ နည်းနည်းအရေးပေးတတ်တာကြောင့် ကိုတိုးကြီးအတွက် စနောက်စရာဖြစ်နေ​ေတာ့သည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now