ƤAƦƬ ㉓

3.9K 273 50
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

"ကော်ဖီမသောက်ခင်... အကို့ကို နမ်းလို့ ရမလား"

မင်းသွင်ရဲ့မျက်ဝန်းတွေက တောင်းဆိုသည်ထက်ပိုသော အဓိပ္ပါယ်တွေပျော်ဝင်နေတာကြောင့် သူအပြုံးလေးနဲ့ ခေါင်းညိတ်ပြမိသည်။ မင်းသွင်ထိုင်နေသော ဆုံလည်ထိုင်ခုံလေးကို သူ့ဘက်လှည့်ပြီး အညိုရောင်သန်းနေတဲ့ မင်းသွင်ရဲ့နှုတ်ခမ်းနုနုလေးကို စတင်နမ်းလိုက်လေသည်။ ခါတိုင်း ဦးဆောင်နမ်းတတ်သောမင်းသွင်က အခုကျ ပကတိတည်ငြိမ်ကာ အနမ်းများကိုမတုံ့ပြန်သလို လက်များကလည်း သူ့ကိုမပွေ့ဖက်ချေ။

"ဘာများ ဖြစ်နေလို့လဲ မောင်..."

"အကိုက ဒီည ချစ်ဖို့ကောင်းနေလို့..."

နှုတ်ခမ်းများကပြုံးနေပေမယ့် အသက်မပါလှသောကြောင့် မင်းသွင်တစ်ခုခုဖြစ်နေသည်မှာ သေချာလှသည်။

"ဟိုပန်းချီကားလေးကို တွေ့လားအကို..."

မင်းသွင်က အိပ်ခန်းနံရံဘေးမှာချိတ်ထားတဲ့ ပန်းချီကားလေးကိုတစ်ချက်ကြည့်ရင်း ပြောလေသည်။ ပန်းချီကားလေးက ဝက်သစ်ချပင်ရဲ့အောက်မှာထိုင်နေသော ကောင်လေးရဲ့ပုံသဏ္ဍာန်လေးကို အသေးစိတ်ရေးဆွဲထားလေသည်။

"အဲ့ဒီဝက်သစ်ချပင်က အပြင်မှာတကယ်ရှိတယ်အကို ဝိုင်စက်ရုံရဲ့ညာဘက်က တောင်ကုန်းလေးပေါ်မှာရှိတာ ....ဖေဖေက မေမေ့ကိုလွမ်းတိုင်း အဲ့ဒီအပင်လေးဆီကို သွားတယ်တဲ့... အဲ့ဒီအပင်ခြေရင်းမှာထိုင်ရင်း မေမေအကြောင်းတွေ ပြန်တွေးဖြစ်တယ်တဲ့... ဖေဖေဆုံးတော့ ​သူ့တောင်းဆိုချက်အရ အရိုးပြာအိုးကို အဲ့ဒီသစ်ပင်အောက်မှာ မြှုပ်ပေးရတယ်အကို... တစ်သက်လုံး မေမေအကြောင်းတွေ စဥ်းစားသွားတော့မယ့်သဘောမျိုးထင်ပါရဲ့... မနေ့က မောင် အဲ့ဒီသစ်ပင်အောက်မှာထိုင်ရင်း မင်းအကြောင်း​ေတွ တွေးမိတယ်... မင်းကို ချစ်တဲ့အကြောင်းတွေ တွေးနေရတဲ့အချိန်တွေက လောကရဲ့နိဗ္ဗာန်ဘဲ... သိလား... ပြီးတော့ ဖေဖေ့ကိုသိပ်အားကျတယ်... မောင်လည်း ဖေဖေ့လိုမျိုး တစ်သက်လုံး မင်းအကြောင်းဘဲ စဥ်းစားသွားလို့ရရင်ကောင်းမယ်"

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now