ƤAƦƬ ②

12.4K 666 22
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

သူ့အိမ်က စက်မှုဘက်မှာဖြစ်လို့ အနည်းငယ် တိတ်ဆိ်တ်သည်။ ဒီအိမ်လေးက မေမေဘက်ကနေရထားတဲ့ တစ်ခုတည်းသော အမွေပစ္စည်းဖြစ်သည်။ မန္တလေးဆင်း​ဖြစ်လျှင် ဒီအိမ်လေးမှာပဲ ​​ေနဖြစ်သောကြောင့် ပရိဘောဂအစုံ ထည့်ထားမိသည်။

"ဘာဆက်လုပ်ရမလဲ မင်းသွင်ရာ... ဖြူ့ကို ဆုံးရှုံးရမှာ ငါ အရမ်းကြောက်တယ်"

ခန့်ဦးသာက ဘီယာဘူးကို တစ်ကျိုက်မော့ကာ စကားဆိုသည်။ ခိုင်ဖြူကိုဖုန်းဆက်ကြည့်တော​့ အိမ်ပြန်ရောက်​ေနပြီလို့သိရသည်အထိ ခန့်ဦးသာက စိတ်နဲ့ကိုယ်မကပ်သေးချေ။ နောက်ဆုံး ရေခဲသေတ္တာထဲက ဘီယာဘူးတွေ ထုတ်ပေးပြီး အလိုက်သိစွာ စကားလမ်းကြောင်းစပေးလိုက်မိတော့မှသာ ခန့်ဦးသာက သူ့အခက်အခဲတွေကို ရင်ဖွင့်လာသည်။ ဘီယာတန်ခိုးနဲ့ အာသွက် လျှာသွက် ဖြစ်လာတာလဲပါမှာပေါ့လေ။

"မဆုံးရှုံးချင်ရင်တော့ ပိုင်ဆိုင်နိူင်အောင် ကြိုးစားပေါ့ကွာ... ဒါပဲရှိတာကို.."

"ပြဿနာက အဲ့လောက်မရိုးရှင်းဘူး "

ခန့်ဦးသာက ဆံပင်ကို လက်ကလေးနဲ့ ခပ်ဖွာဖွာ ပွတ်သပ်ရင်းစကားဆိုသည်။ ပြောရရင် ခန့်ဦးသာက သာမန်ဝန်ထမ်းသားသမီးဖြစ်သည့်အပြင် မိသားစုထဲမှာ အကြီးဆုံးသားဖြစ်နေသေးသည်။ သူ့အောက်တွင် အငယ်နှစ်ယောက်ရှိသေးသည်။ ဘွဲ့ရတဲ့အထိ မိဘတွေက တာဝန်ကျေပြီးသည့်နောက်တွင် ကိုယ်ခြေထောက်ပေါ် ရပ်နိူင်ဖို့ ကြိုးစားရမှာကသဘာဝကျသည်။ မိသားစုကို မထောက်ပံ့နိုင်လျှင်တောင်မှ ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့က အရေးကြီးတယ်မဟုတ်လား။

"ငါ သိန်း ၄၀၀ ကျော် အကြွေးတင်နေတယ် မင်းသွင်... cafeကလဲ အရှုံးပေါ်နေသလို ငါရေလိုက်မှားပြီး
ဘောလုံးလောင်းမိတယ်..."

ခန့်ဦးသာတို့ သူငယ်ချင်းလေးယောက်ပေါင်းပြီး coffee cafeတစ်ခု ဖွင့်တာကိုကြားမိပေမယ့် အဆင်ပြေနေတယ်လို့ပဲ ထင်ခဲ့မိသည်။ အရင်းအနှီးကိုတော့ ခိုင်ဖြူက ထုတ်ပေးခဲ့ပုံရသည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now