ƤAƦƬ ⑮

4.5K 304 43
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

မနှစ်က လုပ်ငန်းကကျန်တဲ့ အမြတ်ငွေလေးရဲ့ လေးပုံတစ်ပုံကို မြေကွက်လေးဝယ်ထားမိလိုက်သည်။ တစ်ခုခုတွင်ရင်းနှီးမြှုပ်နှံရန်စဥ်းစားမိသော်လည်း မြေကွက်ဝယ်လိုက်တာက အရှုပ်အရှင်းလည်းကင်းသလို ငွေအောင်းနိူင်ရင် အောင်းနိူင်သလောက်ရှုံးဖို့ လမ်းမမြင်သောကြောင့် မြေကွက်လေးဘဲ ဝယ်ထားမိလိုက်သည်။

အခုတလော မြေရိုင်းတွေပေါ်တွင် ပုံစံတူတိုက်အိမ်လေးတွေဆောက်ကာ ရပ်ကွက်တစ်ခုလိုသဘောဖြင့် ပြန်လည်ရောင်းချကြသည့်လုပ်ငန်းက အတော်လေးတွင်ကျယ်လာသောကြောင့် သူဝယ်ထားသောမြေကွက်ကို ပြန်ရောင်းပေးရန် လာကမ်းလှမ်းတာပဲဖြစ်ရမည်။

သို့သော် ကိုအောင်ဆွေရဲ့စူးရှပြတ်သားကာ တစ်ဖက်သားအပေါ် သနားဂရုဏာကင်းမဲ့တဲ့မျက်လုံးတွေ၊ မထိတထိ ရယ်ရွှင်ကာ ဆိုဖွယ်သောစကားလုံး​တွေက သူ့ကို မကောင်းသော အငွေ့အသက်ခံစားရစေသည်။ လူဆိုတာ ကိုယ့်အတွက် ကောင်းကျိုးပေးမယ့်သူလား၊ အဆိုးတွေပေးမယ့်သူလားဆိုတာ အာရုံခံနိူင်သည့် ဆဌမအာရုံလေးတွေ ရှိတတ်ကြစမြဲ မဟုတ်ပါလား။ ကိုအောင်ဆွေကို စတွေ့သည့်အချိန်မှစ၍ တစ်ခုခုကို လက်လွှတ်ဆုံးရှုံးရတော့မလို ခံစားမှုကြီးသာ ကြီးစိုးနေပြီး စိတ်တွေလေးလံလာသည်။ ထို့ကြောင့် ရေရှည်ပတ်သက်ရန် စိတ်ကူးမရှိတာကြောင့် အရောင်းအဝယ်ကိစ္စကို ငြင်းဖို့သာစဥ်းစားလိုက်မိသည်။

"ရောင်းဖို့တော့ စိတ်ကူးမရှိသေးဘူး... အသုံးလည်း မလိုသေးတော့ ငွေသားကြီးလည်း ကိုင်မထားချင်ဘူး... ပြီးကျ ဒီမြေကွက်က တက်ရိပ်ရှိတဲ့မြေကွက်ပါ.. အချိန်တော့ စောင့်ချင်သေးတယ်... အားနာပါတယ် အရောင်းအဝယ်ကိစ္စတော့ ကျွန်တော်ငြင်းပါရစေ"

"နောက်မှ နောင်တရနေမယ်.. စေတနာနဲ့ပြောတာ ဝယ်လက်ရှိတုန်း ရောင်းလိုက်တာအကောင်းဆုံးပဲ စဥ်းစားပါဦး"

ကိုအောင်ဆွေစကားက စေတနာစကားလို့အမည်တပ်လိုက်ပေမယ့် ပြောဆိုသည့်လေသံကတော့ မာလွန်းသည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now