ƤAƦƬ ㉘

4.7K 289 41
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

"ငါမရနိူင်တာသေချာရင် ဘယ်သူမှလည်း မရစေရဘူး... မင်းက ငါ့အပိုင်ပဲ"

"ဒိုင်း..."

"အကို..."

သေနတ်မြည်သံအဆုံးမှာ ဒူးထောက်ကာ အရုပ်ကြိုးပြတ်လဲကျသွားသော ကိုမိုးခမ်းကြောင့် စိတ်နဲ့ကိုယ် မကပ်နိူင်တော့ဘဲ အော်လိုက်မိသည်။ လည်ပင်းကိုချုပ်ထားသော ကိုအောင်ဆွေရဲ့လက်ကို အတင်းရုန်းကာ လွတ်မြောက်ဖို့ ကြိုးစားချိန် ကိုမိုးခမ်းကိုတည့်တည့်ချိန်ကာ ထပ်ပစ်ရန် ကြံစည်နေသော ကိုအောင်ဆွေကြောင့် လက်ကိုတွန်းလွတ်လိုက်ပြီး သေနတ်ရဲ့ဦးတည်ရာကို ပြောင်းစေလိုက်သည်။

"ဒိုင်း..."

ကံကောင်းထောက်မစွာ ကျည်ဆန်က ကိုမိုးခမ်းကိုလွဲချော်သွားပေမယ့် ကိုအောင်ဆွေရဲ့ဒေါသကတော့ သူ့အပေါ်ပုံကျလာကာ လည်ပင်းကို နောက်ကနေတင်းကြပ်နေအောင်ချုပ်ပြီး သေနတ်နဲ့သူ့ခေါင်းကို ချိန်လိုက်သည်။ ကိုအောင်ဆွေရဲ့သေနတ်က သူ့ခေါင်းကိုလာထောက်တဲ့အချိန် ခေါင်းထဲမှာစဥ်းစားမိတာက ကိုမိုးခမ်း၏အသက်အန္တရာယ် လွတ်မြောက်ရေးပင်။ သူအရာအားလုံးကိုစွန့်လွတ်ပြီး ဒီအခြေအနေထိအဖြစ်ခံခဲ့တာ ကိုမိုးခမ်းတစ်မျက်နှာကြောင့်ပဲမဟုတ်လား။

"သွားကြရအောင်..."

"ဘာ..."

သူပြောလိုက်တဲ့စကားကို ကိုအောင်ဆွေက အံဩသွားပုံရတော့ ပြုံးမိသွားသည်။ ဒီအချိန်မှာ ကိုမိုးခမ်းဘေးကင်းဖို့အတွက် သူလုပ်ပေးနိူင်တဲ့အရာက ဒီတစ်ခုအပြင် ဘာများရှိဦးမှာလဲ။ သူအသက်ရှင်နေသ၍ ကိုမိုးခမ်းမှာ မှဲ့တစ်ပေါက်မစွန်းစေရဘူးလို့ ပေးထားတဲ့ကတိကို တည်​ေပးဖို့ အချိန်ကျရောက်လာလေပြီ။

"မင်းနဲ့ငါ အတူတူသေကြရအောင်... အောင်ဆွေ"

ရှိသမျှအင်အားတွေကို ခြေထောက်မှာစုပြီး သူ့ခန္ဓာကိုယ်အားနဲ့ နောက်ဆုတ်တွန်းလိုက်သောအခါ သူအဲ့လိုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားသော ကိုအောင်ဆွေက ဟန်ချက်ပျက်ကာ ချောက်ကမ်းပါးဆီသို့ သူနဲ့အတူ နောက်ဆုတ်ပါလာလေသည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now