ƤAƦƬ ⑩

6K 378 35
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

ပြင်ဦးလွင်ရဲ့ဆောင်းညချမ်းဟာ အေးသထက်ပို၍ အေးလာသည်။ ခန့်ဦးသာတို့ပြန်သွားပြီးနောက် အဘိုးဆီပြန်ဝင်ခဲ့ရပေမယ့် စိတ်က နေမကောင်း​ဖြစ်နေတဲ့ကိုမိုးခမ်းဆီသာ ရောက်နေမိသည်။ မဝိုင်းကို စွပ်ပြုတ်လုပ်ပြီး သွားပို့ခိုင်းထားပေမယ့် သောက်မှသောက်ပါ့မလားလို့ တွေးပူ​ေနမိသည်။ ကိုသက်ဝေပြန်သွားပြီဖြစ်လို့ အဘိုးအိပ်မှပဲ ကိုမိုးခမ်းဆီသွားဖို့ စဥ်းစားထားသော်လည်း အဘိုးက ညဥ့်နက်တဲ့အထိမအိပ်နိူင်ပေ။ အဘိုးအိပ်ပျော်သွားတော့ ဆယ့်တစ်နာရီထိုးဖို့ရန် ဆယ့်ငါးမိနစ်သာလိုတော့သည်။

မဝိုင်းကို အဘိုးအခန်းထဲဝင်အိပ်ပေးပြီး အရေးအကြောင်းရှိရင် ဖုန်းဆက်ဖို့ပြောထားခဲ့ကာ ကိုမိုးခမ်းအိမ်ဘက်ထွက်လာတော့ ဆယ့်တစ်နာရီပင်ကျော်သွားလေပြီ။ ဒီအချိန်ဆို ကိုမိုးခမ်းအိပ်ပျော်နေပြီလား မသိတဲ့အတွက်ကြောင့် ကိုမိုးခမ်းသူ့ကိုပေးထားတဲ့ သော့အပိုလေးကိုပါ ယူလာခဲ့လိုက်သည်။

ညဥ့်နက်နေပြီဖြစ်လို့ ပတ်ဝန်းကျင်က အတော်လေးတိတ်ဆိတ်နေကာ ဆောင်းရာသီဖြစ်တဲ့အတွက် ကလေးလူကြီးတော်တော်များများ အိမ်ထဲမှာပဲကွေးနေကြလောက်ပြီ။ လပြည့်ခါနီးဖြစ်တဲ့အတွက်ကြောင့် လရောင်က ပတ်ဝန်းကျင်ကို ဖြန့်ကျက်လို့နေသည်။ တဖြူးဖြူးတိုက်ခတ်လာတဲ့ မြောက်ပြန်လေညင်းကြောင့် လူကတော်တော်လေးချမ်းလာတာမို့ တိုက်ပုလေးဆီကို အပြေးသွားမိသည်။

သစ်ခွခြံရဲ့အဆုံး တိုက်ပုလေးဆီရောက်တော့ သော့ပါလာတဲ့အတွက် တံခါးခေါက်မနေတော့ဘဲ သော့နဲ့သာဖွင့်ပြီး ဝင်လိုက်သည်။ လက်​ေတွအေးစက်နေသည်အထိ အတော်လေးချမ်းအေးနေတာကြောင့် ကော်ဖီလေးတစ်ခွက်လောက်တော့ သောက်မှအဆင်ပြေလေမည်ထင်သည်။

အိမ်ထဲရောက်တာနဲ့ စိတ်ထဲထူးဆန်းနေသလို ခံစားရတာကြောင့် မီးခလုတ်ကိုဖွင့်ရန် ဖုန်းမီးကိုထုတ်လိုက်သည်။ အိမ်ထဲတိုးဝင်နေသော လရောင်ယဲ့ယဲ့လေးအောက်မှာ အိမ်တွင်းပစ္စည်းတွေက ဟိုတစ်စဒီတစ်စ ဖြစ်နေသယောင်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now