ƤAƦƬ ㉑

3.8K 271 25
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

နေအလင်းရောင် ပျောက်ဆုံးသွားသည်နှင့်တပြိုင်နက် အမှောင်ထုက တစ်ဖြည်းဖြည်းကြီးစိုးလာလေသည်။ လဆန်းရက်တွေဖြစ်တာကြောင့် လရောင်က ထင်သလောက် မထွန်းလင်းပေးနိူင်ချေ။ တိတ်ဆိတ်ခြင်းက သူ့အတွေးတွေကို အဆုံးစွန်ထိ အရိုင်းဆန်စေပြီးနောက် လည်ချောင်းထဲကိုဖြတ်ကာ စီးဆင်းသွားသောအရည်များက သွေးများကိုပွက်ပွက်ဆူစေသည်။

ကိုမိုးခမ်းကို စက်ရုံကနေပြန်ခေါ်ရင်း ကိုတိုးကြီးကို ဒီရက်ပိုင်း အလုပ်တွေအားလုံးခဏလွဲထားချင်ကြောင်း ပြောခဲ့ရသေးသည်။ ဒီလို စိတ်အခြေအနေနဲ့ သူဘယ်လိုလုပ်လည်ပတ်နိူင်မှာလဲ။

ကားပေါ်မှာ တည်ငြိမ်အေးဆေးစွာပါလာတဲ့ ကိုမိုးခမ်းကတော့ ကားမှန်ကိုချပြီး အဝေးကိုငေးနေလေသည်။ တိတ်ဆိတ်ခြင်းကို ငြိမ်းချမ်းခြင်းလို့ အဓိပ္ပါယ်ဖွင့်မိတဲ့သူ့အတွက် ကိုမိုးခမ်းရဲ့တိတ်ဆိတ်ခြင်းတွေက အစစ်အမှန် ငြိမ်းချမ်းခြင်းမှဟုတ်ပါရဲ့လား။ မုန်တိုင်းမလာခင် ငြိမ်သက်နေတတ်သော လေပြေတို့ရဲ့သဘောတရားများပေလားလို့ တွေးနေမိသည်။

စိတ်ကို အဆုံးထိပေါက်ကွဲကာ သောင်းကျန်းပစ်လိုက်ချင်ပေမယ့် အခုချိန်က အချိန်ကောင်းမဟုတ်သေးချေ။ မိဘမဲ့ဂေဟာနဲ့ ကိုမိုးခမ်းရဲ့ဆက်စပ်မှု။ ကိုမိုးခမ်း၊ ကိုအောင်ဆွေ ကိုလင်းမောင်တို့ရဲ့လျှို့ဝှက်လွန်းသော ဆက်ဆံရေး။ တိုက်အိမ်လေးမှာတွေ့ခဲ့တဲ့ အမှုတွဲဖိုင်တွေနဲ့ ပတ်သက်နေသော ကိုမိုးခမ်းရဲ့နောက်ကြောင်းရာဇဝင်။

နောက်ထပ် အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ကိုမိုးခမ်းသူ့ဆီကို ရောက်ရှိလာရတဲ့အကြောင်းအရင်း။ ဘာဆို ဘာမှ သူမသိရသေးချေ။ ဒီအချိန်မှာ ထပြီး ပေါက်ကွဲပြလိုက်လျှင် သူ့အတွက် ဆုံးရှုံးစရာတွေသာများပေလိမ့်မည်။

အိမ်ကိုပြန်ရောက်လာတဲ့အထိ ကိုမိုးခမ်းက အေးအေးဆေးဆေးနဲ့ သူလုပ်နေကျအရာတွေကိုသာ အာရုံစိုက်၍ လုပ်နေလေသည်။ သူနဲ့မျက်လုံးချင်းဆုံမိတဲ့အချိန်တိုင်း ကြည်လင်သောမျက်နှာထားနဲ့ နူးနူးညံ့ညံ့ပြုံးပြတဲ့ကိုမိုးခမ်းကို တစ်ဘဝလုံးပုံပြီး ယုံချင်မိတဲ့စိတ်က လွန်ဆွဲနေလေသည်။ ဒီလူသားကြောင့် ကြာရင်ရူးရပေတော့မည်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now