ƤAƦƬ ⑫

5.3K 336 47
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

"မောင်..."

ကျေးငှက်တွေရဲ့တွန်ကြူးသံတွေ၊ စမ်းရေရဲ့စီးဆင်းသံတွေ ခြုံလွှမ်းနေတဲ့ပတ်ဝန်းကျင်မှာ ကိုမိုးခမ်းရဲ့အသံလေးက ညင်ညင်သာသာလေး ထွက်ပေါ်လာသည်။ ရှေ့က ပြေးနေသော ကိုမိုးခမ်းကို မိအောင်လိုက်ဖမ်းနေပေသော်လည်း လွယ်လွယ်နဲ့ဖမ်းမမိနိူင်။ ပတ်ဝန်းကျင်တစ်ခုလုံး သူတို့နှစ်ယောက်ရဲ့ရယ်မောသံတွေနဲ့ ဖုံးလွှမ်းနေကာ အသံများပင် ပဲ့တင်ထပ်နေသလို ခံစားရသည်။ ရုတ်တရက် သူ့မြင်ကွင်းထဲကနေ ကိုမိုးခမ်း ပျောက်သွားကာ ကြားနေရသော ရယ်မောသံတွေ၊ ငှက်ကလေးတွေရဲ့ တေးဆိုသံတွေ၊ စမ်းရေစီးသံတွေပါ ရုတ်ချည်းတိတ်ဆိတ်သွားသည်။

"အကို.. အကို ဘယ်ရောက်သွားလဲ... မောင့်ကို မစနဲ့ကွာ"

သူအော်ခေါ်နေပေမယ့်လည်း ကိုမိုးခမ်းဆီက တုံပြန်ကာထူးသောအသံကို မကြားရပေ။ ဘယ်​နေရာဒေသကိုရောက်နေတယ်ဆိုတာ စိတ်ကသေချာမသိပေမယ့် ပန်းပေါင်းစုံပွင့်လန်းကာ စိမ်းလန်းစိုပြေနေသောပတ်ဝန်းကျင်နှင့် တသွင်သွင်စီးဆင်းနေသောစမ်းချောင်းလေးက လိုက်ဖက်စွာ ပန်းချီကားတစ်ချပ်လိုပင်။ နွယ်ပင်လေးနဲ့ ပြုလုပ်ထားသောဒန်းကလေးက စီးသူမရှိဘဲ လေရဲ့အလျင်ကြောင့် လှုပ်ရှားနေသကဲ့သို့ အဖြူရောင်အဝတ်ပါးလေးများကလဲ လေထဲမှာ လွင့်ကာမျောနေသယောင်။

"မောင်.."

သူ့ရဲ့အနီးအနားက ထွက်ပေါ်လာတဲ့အသံလေးကို နားထဲမှာ ခပ်ပါးပါးလေးကြားရပေမယ့် ကိုမိုးခမ်းရဲ့ရုပ်ဆင်းသဏ္ဍာန်ကို မမြင်ရသေး။ မျက်လုံးကို ကျီးကန်းတောင်းမှောက်သလို ဘယ်ညာဝေ့ကာဝိုက်ကာရှာ​ေနပေမယ့် မတွေ့ရသောကြောင့် စိတ်ထဲအလိုမကျဖြစ်မိသည်။ ဘာလို့ တွေ့ချင်နေသည်ကိုမပြောတတ်ပေမယ့် အခုချိန်မှာ ကိုမိုးခမ်းမျက်နှာကိုဖူးမျှော်ရဖို့ကသာ အဓိကဖြစ်နေသည်။

"မောင်.. "

သူ့နောက်ကျောကနေ ထွက်ပေါ်လာသော ခပ်ရှရှအသံလေးကြောင့် ကပျာကယာလှည့်ကြည့်လိုက်တဲ့အခါ ခပ်လှမ်းလှမ်းကသစ်ညိုပင်အောက်မှာ ကိုမိုးခမ်းရဲ့ကိုယ်ဟန်လေးကိုတွေ့လိုက်ရတဲ့အတွက် ဝမ်းသာအားရလှမ်းသွားမည်အပြု တစ်ခုခုကချုပ်ကိုင်ကာဆွဲထားသလို သူ့ခြေထောက်တွေက လှမ်း၍မရ။ ထိုအချိန် ကိုမိုးခမ်းကို ဖက်တွယ်လာတဲ့လက်တစ်စုံက သူ့ရဲ့အမြင်အာရုံထဲ ဝင်ရောက်လာသည်။ မွှေးညှင်းစိမ်း​ေတွထနေသော လက်ဖျံရိုး တစ်လျောက် လိုက်ကြည့်ရင်း ထိုသူ၏မျက်နှာဆီကို အကြည့်ရောက်သွားချိန်တွင်

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now