ကျေးဇူးတင်လွှာ ༒︎ ေက်းဇူးတင္လႊာ

2.9K 163 31
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

အခုဆိုရင် "မျက်နှာများတဲ့လိပ်ပြာ" ဆိုတဲ့ Fiction လေးဟာ အားလုံးရဲ့ ဖေးမမှုနဲ့အတူ အဆုံးသတ်သွားရပါပြီ။ ဒါကြောင့် အကယ်ဒမီဆုရသလို ကျေးဇူးတင်စကားကို အရှည်ကြီး ပြောချင်လာတာကြောင့် အချိန်ရတဲ့သူလေးတွေ ဆက်ပြီး ဖတ်ပေးကြပါနော်။

ဒီFictionလေးဟာ ညီငယ်ကိုခန့်လေးအတွက် လက်ဆောင်ရေးပေးခဲ့တဲ့ ဇာတ်လမ်းလေးဆိုတာ တော်တော်များများသိကြမှာပါ။ ဒါကြောင့် ဒီဇာတ်လမ်းလေးရဲ့ မူပိုင်ခွင့်၊ အကျိုးခံစားခွင့်တွေအားလုံးဟာ ကိုခန့်လေးနဲ့ပဲ သက်ဆိုင်ပါတယ်။ စာရေးသူကျွန်တော်နဲ့ လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါတယ်။ အကို့ရဲ့ လက်ဆောင်လေးကို အမြတ်တနိူးလက်ခံပေးတဲ့ ကိုခန့်လေးကိုလည်း ကျေးဇူးတင်ပါတယ်။ အများကြီးလည်း ချစ်ပါတယ်။

နောက်တစ်ယောက်က ညီငယ်ကျွင်းအာပါ။ လိပ်ပြာရေးနေတဲ့ကာလတစ်လျှောက်လုံး စာရေးဖြစ်အောင် အမြဲတမ်းခွန်အားတွေပေးပါတယ်။ Viewer ဆယ်ဂဏန်းပဲရှိတဲ့ Ficလေးကို ချက်ချင်း 1k ထိ ရောက်သွားအောင် Rev ​ေလးေရးပေးခဲ့တာတွေ Fic Coverလှလှလေးလက်ဆောင်ပေးခဲ့တာတေွအတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်။ အမြဲတမ်း ရှေ့ဆက်ဖို့ အင်အားတွေပေးခဲ့တဲ့အတွက်လည်း ကျေးဇူးပါ။ အများကြီးချစ်ပါတယ်။

နောက်ထပ်ကတော့ လိပ်ပြာနဲ့အတူတူလိုက်ပါစီးမျောပေးပြီး Supportပေးခဲ့ကြတဲ့ ချစ်ရတဲ့ Clover Familyရဲ့ Member ဟောင်းလေးတွေပါ။ ကျွန်တော်က Updateကို ညသန်းခေါင်မှ တင်လေ့ရှိပေမယ့် အမြဲတမ်းစောင့်ဖတ်ပေး ချစ်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးပါ။ Updateတင်ပြီးတိုင်း Cf Group ထဲဝင်ပြီး ဘယ်လို feedback ပေးကြလဲဆိုတာ အမြဲဝင်ဖတ်ဖြစ်ပါတယ်။ Cf memberတွေရဲ့ ဝေဖန်ပြောဆိုအားပေးမှုတွေက ကျွန်တော့်အတွက် ခွန်အားတစ်ခုဖြစ်ခဲ့ရပါတယ်။

နောက်ထပ်ကျေးဇူးတင်ချင်တာကတော​့ လိပ်ပြာလေးကို Rev ရေးပြီး တင်ပေးခဲ့ကြတဲ့ Review Page လေးတွေနဲ့ Groupလေးတွေကိုပါ။ စာရေးသူအသစ်ဖြစ်တဲ့ ကျွန်တော့်ကို အလေးထားပြီး Reviewလေးတွေ ရေးပေးခဲ့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now