ƤAƦƬ ⑳

4.1K 278 24
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

အရင်းနှီးဆုံးလို့ထင်ထားမိခဲ့ဖူးတဲ့ လူတစ်ယောက်ကနေ သူစိမ်းသာသာအခြေအနေကိုရောက်ရှိသွားတဲ့ ခံစားမှုမျိုးကို ဘဝမှာတစ်ကြိမ်တစ်ခါတော့ ကြုံဖူးကြမှာပါ။ ဒီလူသားရဲ့နှုတ်ခမ်းဖျားက ထွက်သမျှစကားလုံးတိုင်းကို တစ်လုံးချင်းစီမှတ်မိနေတဲ့ ဒီအသည်းနှလုံးက သူမှတ်တမ်းတင်ထားခဲ့မိတာတွေက အလိမ်အညာတွေဆိုတာသိပြီးတဲ့နောက်မှာ ဆက်ပြီးသိမ်းထားရမှာကို စိုးရွံ့နေခဲ့မိတယ်။

သူ့ရဲ့သံသယမျက်လုံးအောက်ကနေ ဘေးမဲ့ပေးခဲ့မိတဲ့ ဒီလူသားကတော့ အနည်းဆုံး သူ့ကို ရိုးသားပေးလိမ့်မယ်လို့ ယုံကြည်ခဲ့ပေမယ့် အရာအားလုံးဟာ လွဲမှားနေခဲ့တာကို နောက်ကျမှသာသိခွင့်ရခဲ့တယ်။ ကိုမိုးခမ်းရဲ့အပြုံးလှလှလေးဆင်ထားတဲ့ မျက်နှာဖုံးအောက်မှာ နောက်ထပ်မျက်နှာတစ်ခုရှိနေသေးတာကို သူလက်ခံရတော့မည်။

သူနဲ့မတွေ့ခင် ကိုမိုးခမ်းကျင်လည်ခဲ့တဲ့ဘဝက သူ့အတွက် အရမ်းအရေးမကြီးဘူးလို့ယူဆမိတဲ့အတွက်ကြောင့် ကိုမိုးခမ်းပြောပြတဲ့အချိန်မှသာ နားထောင်တော့မည်ဟုတွေးထားခဲ့ပေမယ့် အခုတော့ ကိစ္စအလုံးစုံကို သူသိရမှဖြစ်တော့မည်။ ကိုမိုးခမ်း သူ့အနားရောက်လာတဲ့အကြောင်းအရင်းကအစပြု၍ ကိုလင်းမောင်နဲ့ဘယ်လိုပတ်သက်ခဲ့တယ်အဆုံး ဘယ်လိုဘဝမျိုးမှာ ဘယ်လိုအခြေအနေနဲ့ ကျင်လည်ခဲ့တယ်ဆိုတာ သူသိရမှဖြစ်တော့မည်။ ကိုမိုးခမ်းက မပြောပြသည့်နောက်တွင်တော့ သူလုပ်ရမယ့်အလုပ်က ကိုယ့်ဘာသာ စုံစမ်းဖို့ပဲကျန်တော့သည်။

"ဘယ်သူ့ဆီက ဖုန်းလဲမောင်..."

သူရိန်ဆီကဖုန်းချပြီးနောက် ခပ်တွေတွေလုပ်နေသောသူ့ကို ကိုမိုးခမ်းက လက်မောင်းလေးကိုလှုပ်ကာ လာမေးတော့မှ ခပ်ဖျော့ဖျော့လေးပြုံးပြကာ ခေါင်းခါပြမိသည်။

"အသိတစ်ယောက်နဲ့ချိန်းထားတာကိုမေ့ပြီး စက်ရုံကိုလာမိတယ်... မလာသေးလို့ ဖုန်းလှမ်းဆက်ခေါ်နေတာ.."

"အာ အဲ့ဒါဆို သွားလိုက်လေမောင်ရယ်... စောင့်နေရင် အားနာစရာကြီး... ကျွန်တော် ကိုတိုးမြင့်စိုးကိုပဲ အိမ်ပြန်လိုက်ပို့ခိုင်းလိုက်ပါ့မယ်"

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now