ƤAƦƬ ⑲

3.8K 266 42
                                    

༒︎ 𝗨𝗻𝗶𝗰𝗼𝗱𝗲 ༒︎

မနေ့ညက အတွေးလွန်ကာ အာရုဏ်တတ်ချိန်အထိအိပ်မရတဲ့အတွက် မနက်အိပ်ရာထတဲ့အခါ အိပ်ရေးပျက်သောအရှိန်ဖြင့် မျက်လုံးများကျိန်းစပ်၍နေပေသည်။ အိပ်ရာမှ အလူးအလဲထပြီး ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ရန် ကြံလိုက်ပေမယ့် ရေချိုးခန်းကြည့်မှန်မှာပေါ်နေတဲ့ သူ့ရဲ့ပုံရိပ်ကိုကြည့်ရင်း အတွေးတွေကကိုမိုးခမ်းဆီရောက်ရှိသွားပြန်သည်။ သေချာစဥ်းစားကြည့်လိုက်မှ ကိုမိုးခမ်းအကြောင်း သူတိတိကျကျသိတာ ဘာမျှမရှိချေ။

အချစ်ဆိုတာ နားလည်ရခက်သည်။ ဘယ်သူဘယ်ဝါဆိုတာ နောက်မှာထား၍ ကိုမိုးခမ်းဖြစ်နေရုံနဲ့ပင် အချစ်စိတ်တွေကသဒ္ဓါလွန်ကာ ဘဝတစ်ခုလုံးပုံပေးခ​ဲ့မိသည်။ ကိုအောင်ဆွေက ကိုမိုးခမ်းရဲ့နောက်ကြောင်းတွေကို တစ်ခုချင်း သူသိအောင်ပြောပြနေတာက ဘာကြောင့်လဲဆိုတာမသိရပေမယ့် ကိုအောင်ဆွေဆီက Messageတစ်စောင်ဝင်လာတိုင်း ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှား​ေနရသည်။

သူမသိသေးသော ကိုမိုးခမ်းရဲ့တစ်ခြားဘက်ကအခြမ်းကို သိလည်းသိချင်မိသလို သိရမှာလည်းကြောက်မိလေသည်။ ကိုမိုးခမ်းရဲ့အကြောင်းကို တစ်ခြားလူတွေဆီကကြားရတာထက် ကိုမိုးခမ်းကိုယ်တိုင်ဖွင့်ပြောတာကိုပဲ နားထောင်ကာ အလုံးစုံယုံကြည်ပေးချင်မိသည်။ ချစ်ရတဲ့သူရဲ့ကောင်းခြင်းဆိုးခြင်းကို လက်ခံပေးဖို့ရာလွယ်ကူပေမယ့် ချစ်ရတဲ့သူရဲ့မဖော်ပြချင်တဲ့ ဘဝအစိတ်အပိုင်းတွေကိုကျ အတင်းအကျပ်မေးမြန်းဖို့က အဆင်မပြေပေ။ ကိုမိုးခမ်းကိုချစ်မိကတည်းက ဘဝတစ်ခုလုံးပုံကာယုံကြည်ပေးခဲ့ပေမယ့် အဲ့ဒီယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး သူ့ရင်ခွင်ကို ခြေစုန်ကန်သွားမှာတော့ကြောက်မိသည်။

စိတ်တွေက အတော်လေးရှုပ်ထွေးနေတာမို့ တစ်ခါတည်းရေချိုးပစ်လိုက်မိသည်။ ဆောင်းရာသီမနက်ပိုင်း နှင်းကွဲစအချိန်မှာ ရေနွေးလေးစပ်ပြီးချိူးလိုက်ရတဲ့အတွက် ပင်ပန်းခဲ့သမျှ အတော်လေးပင်လန်းဆန်းသွားလေသည်။ ရေချိုးအဝတ်အစားဝတ်ပြီး အောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲမှာ အဘိုးနဲ့ကိုသက်ဝေ စကားပြောနေကြပုံရသည်။ အပေါ်ထပ်ကဆင်းလာတဲ့ သူ့ကိုမြင်လျှင်မြင်ချင်း အဘိုးက တစ်ချက်လှမ်းကြည့်ပြီး

မျက်နှာများတဲ့ လိပ်ပြာ (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now