(zawgyi)
ွု"Donghyuck ကိုယ်တို့ ထပ်တွေ့ကြပြန်ပြီနော်"
ကံတရားက နောက်ပြောင်နေသယောင်။
မတွေ့ချင်ပါဘူး၊ ဝေးဝေးရှောင်နေပါတယ်ဆိုမှ အမြဲ ကိုယ့်ရှေ့ ပေါ်ပေါ်လာ၏။
Mark Lee က ကျောင်းပိတ်ရက်မှာ မိဘမဲ့ဂေဟာကို ဘာလာလုပ်တာပါလိမ့်?
"ဟု-ဟုတ်ပါရဲ့။ စီနီယာကရော ဒီကို ဘာအကြောင်းရှိလို့ . ."
အရှက်ကွဲ အကျိုးနည်းတာပါပဲ။ သူ့ရှေ့မှာဆို စာကြောင်းကို ဆုံးအောင် မပြောနိုင်ပြန်ဘူးလေ။
သာမန် အနေအထားဆိုရင်တောင် အထစ်ထစ် အ,အအနဲ့ကို အခုဆို ခုံတန်းလေးမှာ ဘေးချင်းကပ်ရပ် ထိုင်နေရတော့ ပိုဆိုး။
"ကိုယ့်မိဘတွေက ဒီမှာ အလုပ်ကိစ္စလေးရှိလို့၊ အဲ့တာ ကိုယ်လည်း အတူ လိုက်လာခဲ့တာ"
ဘေးကနေ စိုက်ကြည့်နေတဲ့ အကြည့်စူးစူးတွေကို ခံစားမိပေမယ့် ကျွန်တော်ကတော့ မျက်လုံးချင်းဆုံဖို့ မပြောနဲ့၊ ခေါင်းတောင် မမော့နိုင်၊ မြက်ခင်းပြင်ကိုပဲ စိုက်ကြည့်နေမိသည်။
"ဩော် . . ဟုတ် . ."
"ကလေးတွေနဲ့ တော်တော် ရင်းနှီးတဲ့ပုံပဲ။ ဒီကို မကြာခဏ လာတာလား?"
ကလေးတွေ အကြောင်းမေးတော့ ကျွန်တော်တို့အနားမှာ ပြေးလွှားကာ ကစားနေကြတဲ့ သူတို့လေးတွေကို လိုက်ကြည့်မိ၏။
"ဟုတ်တယ်။ ကျွန်တော်က ကျောင်းပိတ်ရက်တွေဆို တစ်နေကုန် ဒီမှာပဲ ကလေးတွေနဲ့ နေနေကျလေ"
"Hyuckie oppa! ဒီနေ့ သမီးတို့ အတူတူ ကွတ်ကီး လုပ်ကြမယ်ဆို!"
ကလေးမလေးက ကျွန်တော့်ဆီ ပြေးလာပြီး ပွေ့ချီခိုင်းကာ လက်သေးသေးလေးနဲ့ မီးဖိုဆောင်ဘက်ကို ညွှန်ပြသည်။
"ဟုတ်သားပဲ! oppa တောင် မေ့နေတာ။ အခု လုပ်ကြတော့မလား? Nayoung လေးက ဗိုက်ဆာနေပြီလား?"
ပါးဖောင်းဖောင်းလေးကို နမ်းပြီး မေးလိုက်တော့ ခေါင်းတဆတ်ဆတ် ငြိမ့်ပြ၏။
"ဟုတ် ဗိုက်ဆာနေပြီ! ဒီ oppa ရော သမီးတို့နဲ့ အတူတူ လုပ်မှာလား!"
YOU ARE READING
something like love - light ver {markhyuck}
Fanfiction[completed] (zawgyi) ဒီခံစားချက်တွေက ဘယ်ကို ဦးတည်နေလဲဆိုတာ ကျွန်တော် သိတယ်။ 'အချစ်' လူတိုင်းကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကောင်းကောင်းကြီး ဒုက္ခပေးတဲ့ အရာပေါ့။ အဲ့တာကြောင့် ကျွန်တော် မချစ်ချင်ဘူး။ သူ့ကို ကျွန်တော် ချစ်မိခဲ့တယ်။ ဒါပေမယ့်လည်း ပထမဆုံး...