Chapter 11

624 82 1
                                    

(zawgyi)

ဆောင်း ရောက်ပြီဆိုတာနဲ့ sevit အထက်တန်း ကျောင်းသားတိုင်း မျှော်လင့်နေတာ တစ်ခုသာရှိ၏။

'winter ရန်ပုံငွေပွဲတော်'

ကျွန်တော်တို့ကျောင်း ကျော်ကြားရတဲ့ အကြောင်းရင်းတစ်ခုပေါ့။

winter ပွဲတော်ဆိုတာက ဈေးရောင်းပွဲတော်လိုမျိုး၊ ကျောင်းသား ကျောင်းသူတွေက အတန်းလိုက် မတူညီတဲ့  တစ်နေ့တာ ဈေးဆိုင်လေးတွေ ဖွင့်ပြီး ဘိုးဘွားရိပ်သာတွေနဲ့ မိဘမဲ့ကလေးကျောင်းတွေကို လှူဖို့ ရန်ပုံငွေရှာကြခြင်းပင်။

ဒီပွဲမှာ sevit ကျောင်းသား ကျောင်းသူတွေသာမက အခြား အပြင်က မည်သူမဆို ပါဝင်လို့လည်း ရသည်လေ။

လူတိုင်း စောင့်မျှော်နေကြတဲ့ ပွဲတော်ပေါ့။

"အရင်ဦးဆုံး အားလုံးကို ကြိုမပြောခဲ့တာ တောင်းပန်ပါတယ်။ ကျောင်းက winter ပွဲတော်ကို မနက်ဖြန် ကျင်းပဖို့ ဆုံးဖြတ်လိုက်တာမို့လို့ ဆိုင်ခန်းတွေကို ပြင်ဆင်ဖို့ ဒီနေ့ တစ်နေကုန် အတန်းတွေ ဖျက်လိုက်ပြီ"

အတန်းပိုင် ဆရာဆီက ကြေငြာချက်ကိုလည်း ကြားရော အကုန်လုံးက ပျော်ရွှင်တဲ့ အာမေဍိတ်သံအမျိုးမျိုးနဲ့ ဩဘာပေးကြသည်။

"ဒါပေမယ့် . . သတင်းဆိုးရှိတယ်။ ဆရာတို့ class B11 က ဝန်ဆောင်မှုပေးရမယ်၊ ဆိုလိုချင်တာက သန့်ရှင်းရေး တာဝန်တို့၊ sevit ကျောင်းက မဟုတ်ဘဲ အခြားအပြင်က လာမယ့် လူတွေကို လက်မှတ် ရောင်းပေးတာတို့၊ အတန်းလိုက် ရရှိတဲ့ ငွေပဏတွေကို လိုက်မှတ်ရတာတို့၊ အခြား လိုအပ်တဲ့ တောက်တိုမယ်ရတွေ လုပ်ဖို့ တာဝန်ပေးလိုက်တယ်။ မင်းတို့ ဒီနှစ်တော့ ကိုယ်ပိုင်ဆိုင်ခန်း မလုပ်နိုင်လောက်ဘူး"

နောက်ဆက်တွဲ ကြေငြာချက်ကြောင့် ခုနတုန်းကလို ပျော်ရွှင်စိတ်လှုပ်ရှားတဲ့ အသံတွေအစား ငြီးငြူသံတို့သာ ပျံ့လွှင့်လာ၏။

"ကဲ ကဲ! ဒီနေ့တော့ မင်းတို့ တစ်နေကုန် အားနေမှာမို့လို့ စီနီယာတွေ၊ ဂျူနီယာတွေရဲ့ ဆိုင်ခန်းပြင်ဆင်တာကို ကူညီပေးလိုက်ကြပေါ့။ ဒီနေ့တော့ ဒီလောက်ပဲ . ."

something like love - light ver {markhyuck}Where stories live. Discover now