Chapter 10

653 89 0
                                    

(zawgyi)

"အား!! အမေရေ ကယ်ပါ!! ဘုရားသခင်!!"

rollar coaster စီးတုန်းက သူ အမြင့် ဘယ်လောက် ကြောက်တတ်လဲဆိုတာ သိသွားတာမို့လို့ viking ကို အတူ လိုက်မစီးပေးလည်း အဆင်ပြေတယ် ဆိုတာကို မဟုတ်၊ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ဆိုပြီး အတင်း စီးသည်လေ။

အခုတော့ မျက်လုံးတောင် မဖွင့်ရဲ၊ ကျွန်တော့်လက်မောင်းကိုသာ အတင်း ဖက်တွယ်ထား၏။

ဒါတောင် ကျွန်တော်က နောက်ဆုံးမှာ ထိုင်ချင်ပေမယ့် အလယ်မှာ ထိုင်နေကြတာ။

"စီနီယာ မျက်လုံးဖွင့်ကြည့်။ ပျော်စရာကြီး!"

"ဘယ်က ပျော်စရာကောင်းရမှာလဲ! ဒါကြီးက မရပ်နိုင်သေးဘူးလား!"

သူ့အော်သံက မိန်းကလေးတွေရဲ့ အမြင့်သံထက်တောင် ပိုမြင့်သေးသည်။

Mark Lee ကို ဒီလို ပုံစံနဲ့ တွေ့ရလိမ့်မယ်လို့ တစ်သက်လုံး ဘယ်လိုမှ မတွေးမိခဲ့တာပါ။

ဒါပေမယ့်လည်း ကျွန်တော်ကတော့ သူ့ရဲ့ အခုပုံစံလေးက ချစ်စရာကောင်းတယ်လို့သာ ထင်မိပါ၏။

နောက်ဆယ့်ငါးမိနစ်လောက်ကြာတော့ viking က အလိုအတိုင်း ရပ်သွားပါသည်။

သို့ပေမယ့်လည်း ပြန်ဆင်းလာတော့ သူ့ခမျာ တစ္ဆေမြင်ခဲ့တဲ့အတိုင်း ဖြူဖပ်ဖြူရော်၊ ဒူးတောင်မခိုင်ချင်၊ ယိုင်တိယိုင်တိုင်နဲ့။

ဒီလို တွေ့ရတော့ ကစားကွင်းကို လိုက်ပို့ခိုင်းခဲ့တာ အားနာမိလာ၏။

"စီနီယာကို ကြည့်ရတာ မဟန်တော့ဘူး။ ကျွန်တော်တို့ ဟိုဘက်က ခုံတန်းမှာ သွားထိုင်ရအောင်"

"အင်း အင်း"

သုံးပေအကွာလောက်မှာသာ ရှိတဲ့ ခုံတန်းဆီကို လက်မောင်းကနေ တွဲပြီးတောင် ခေါ်လာရတဲ့အဖြစ်။

"ရေသောက်ချင်လား? ခဏလေးနော် . . ကျွန်တော် အမြန် သွားဝယ်လိုက်မယ်"

စိတ်နဲ့ကိုယ်နဲ့ မကပ်နိုင်စွာပင် ကျွန်တော့်ကို ခေါင်းသာငြိမ့်ပြသည်။

ရေတစ်ဘူးလုံး သောက်ကုန်မှပဲ ကျွန်တော့်ကို နှုတ်ခမ်းကွေးညွှတ်ရုံလေး ပြုံးပြတဲ့ပုံအရ နည်းနည်းတော့ သက်သာသွားဟန်တူပါ၏။

something like love - light ver {markhyuck}Where stories live. Discover now