(zawgyi)
သူနာပြုဆရာမက ဘာမှတောင် မလုပ်ရသေး၊ ခြေထောက် ကျိုးသွားသလိုကို အကဲပိုပြနေတဲ့ Dohyun ကြောင့် သရုပ်ဆောင် ကျော့ကွင်းထဲ မိသွားခဲ့ပြီဆိုတာ သိလိုက်ပါ၏။
လေ့ကျင့်ရေးတွေကြောင့် အမြဲတမ်း တွေ့နေရတဲ့သူတွေဖြစ်လို့ သူမရဲ့ ဖွင့်ပြောခဲ့မှုကြောင့် အနေရမခက်ချင်လို့သာ ကူညီပေးခဲ့တာ။
စိတ်ပျက်ရခြင်းနဲ့သာ ကြုံရသည်။
သူမကို ဆေးခန်း လိုက်ပို့ပေးချင်နေတဲ့ အခြားသူတွေ အများကြီး ရှိလျက်နဲ့ လျှာရှည်ပြီး ကျွန်တော် ဘာမှ မလုပ်ပေးသင့်ခဲ့ဘူး။
Donghyuck ကို တစ်ယောက်တည်း ထားခဲ့မိတာက ပိုဆိုး၏။
ရူးမိုက်လိုက်တဲ့ ကျွန်တော်။
အားကစားဆရာရဲ့ ဓလေ့ထုံးတမ်းတွေအရ တစ်ယောက်တည်း ဖြစ်နေလည်း သူ့ကို ကစားခိုင်းခဲ့မှာပဲ။
ထင်ထားတဲ့အတိုင်းပင် ညာဘက်ပါးပြင်ထက်က နီရဲနေတဲ့ ဒဏ်ရာက အကုန် ရှင်းပြခဲ့သည်လေ။
သူ့ရဲ့ ရုတ်တရက် အပြုအမူတွေကြောင့်လည်း ကျွန်တော့်ကို စိတ်ဆိုး၊ စိတ်ပျက်သွားပြီဆိုတာ သေချာပါသည်။
ကိုယ့်ကို မင်းနဲ့ ဝေးဝေးမှာပဲ ရှိနေစေချင်တယ်ဆိုတာ သိပေမယ့် မင်းကို ဒီအတိုင်းတော့ လက်မလွှတ်နိုင်ဘူး။
ကိုယ်တို့ ဆက်ဆံရေးက ဘယ်အဆင့်မှာပဲ ရှိနေရှိနေ ကိုယ်ကတော့ မင်းဆီကိုပဲ ဆက်တိုးလာချင်တာမို့လို့။
အတန်းထဲက လွယ်အိတ်ကိုသာ အမြန် သွားယူလိုက်ပြီး Donghyuck နောက်ကိုသာ ပြေးလိုက်သွားမိ၏။
ကျောင်းဂိတ်ပေါက်ဝက ထွက်သွားတဲ့ ပုံရိပ်လေးကို တွေ့တော့ ကျောင်းဂိတ်စောင့်ကိုလည်း ဂရုမစိုက်နိုင်၊ ကျောင်းတံခါးကလည်း နိမ့်နေတော့ ခုန်ကျော်ကာပင် ထွက်လာခဲ့လိုက်သည်။
YOU ARE READING
something like love - light ver {markhyuck}
Fanfiction[completed] (zawgyi) ဒီခံစားချက်တွေက ဘယ်ကို ဦးတည်နေလဲဆိုတာ ကျွန်တော် သိတယ်။ 'အချစ်' လူတိုင်းကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကောင်းကောင်းကြီး ဒုက္ခပေးတဲ့ အရာပေါ့။ အဲ့တာကြောင့် ကျွန်တော် မချစ်ချင်ဘူး။ သူ့ကို ကျွန်တော် ချစ်မိခဲ့တယ်။ ဒါပေမယ့်လည်း ပထမဆုံး...