Chapter 8

619 84 0
                                    

(zawgyi)

ကာကွယ်ပေးမယ် ဘာညာနဲ့ . . လူကို ဟာသ လုပ်သွားတာ။

ပထမ ကစားပွဲမှာ Dohyun က ပြေးရင်း ခြေထောက်ခေါက်သွားတော့ လူစွမ်းကောင်းကြီးက ချက်ချင်း သူမကို ကျောပိုးပြီး ဆေးခန်းကို ခေါ်သွားပေးသည်လေ။

မိန်းမလှလေးက ဒဏ်ရာရသွားတယ်ဆိုတော့ အကုန်လုံးက စိတ်ပူနေကြပေမယ့် မသိမသာ လျှာထုတ်ပြကာ ကျွန်တော့်ကို လှောင်ပြောင်သွားတဲ့  Lee Dohyun က ဒရမ်မာ ခင်းခဲ့တယ်ဆိုတာ ကျွန်တော် တစ်ယောက်ပဲ သိမှာပေါ့။

ကလေးဆန်ချက်။

Mark Lee ဆိုတဲ့ တစ်ယောက်ကလည်း ဟိုက ဟန်ဆောင်နေတယ်ဆိုတာတောင် မရိပ်မိ၊ အကဲပိုချက်က လွန်ရော။

ကစားပွဲတွေ ပြန်စတော့လည်း ဆေးခန်းလိုက်ပို့တဲ့သူက ပြန်ကိုပေါ်မလာတော့ဘူး။

အကုန် အလကားပဲ။

ဘာကာကွယ်ပေးမယ့်သူမှ မလိုအပ်ဘူး၊ ကိုယ့်ကိုကိုယ် ကိုယ့်ဘာသာပဲ ကာကွယ်မယ်။

အဲ့လိုနဲ့ စိတ်တင်းပြီးသာ ဘာအတွဲမှမရှိ၊ ကာကွယ်ပေးမယ့်သူမရှိနဲ့  တစ်ယောက်တည်း ရုန်းကန်နေရ၏။

သို့ပေမယ့်လည်း လူတွေက ဘာလားပဲ။

ဘာတွေ မကျေမနပ်ဖြစ်နေကြလဲ မသိ၊ ဘောလုံးကို ကျွန်တော့်ဘက်ပဲ ဝိုင်းပစ်ကြနေသည်။

ခုနတုန်းက Dohyun က ကျွန်တော့်နဲ့ တိုက်မိပြီး လဲကျသွားတာကြောင့်များလား?

လဲကျပြီး ခြေထောက်ခေါက်ရလိုက်တဲ့အထိ ဖြစ်ရအောင်လည်း ကျွန်တော်တို့က ပုခုံးချင်းပဲ ယှက်ထိသွားရုံပါ။

ဒရမ်မာ ခင်းသွားတယ်ဆိုတာ မမြင်လောက်အောင် လူတွေကလည်း မျက်လုံး မကောင်းကြတော့ဘူးလား မသိဘူး။

အဲ့လိုနဲ့ပဲ အရှေ့ပြေးလိုက် အနောက်ပြေးလိုက်၊  ခုန်ပျံကျော်လွှားကာ ရှိသမျှ သိုင်းကွက်တွေ သုံးပြီး မညာမတာ အားကြီးတွေနဲ့ ပစ်နေတဲ့ ဘောလုံးကို ရှောင်နေရခြင်း။

တစ်မိုင်လောက် ပြေးလာရတာက တစ်မျိုး၊ ခြံစည်းရိုးပေါ်က ပြုတ်ကျတာက တစ်မျိုး၊ ဒါကတစ်မျိုးနဲ့ ခန္ဓာကိုယ်က လမ်းကြိတ်စက် တက်ကြိတ်ခံရသလို နာကျင်လာတော့ စိတ်ကတိုလာပြီး ပါးစပ်ကပါ တိုးညှင်းစွာ ဆဲမိလာသည်။

something like love - light ver {markhyuck}Where stories live. Discover now