Chapter 7

624 90 0
                                    

(zawgyi)

ကျွန်တော် လေ့ကျင့်ခန်း လုပ်ရတာကို တကယ် မုန်း၏။

လေ့ကျင့်ခန်း လုပ်တာတွေထဲက ပြေးရတာကို ပိုပြီး အူလှိုက်သည်းလှိုက်ကို မုန်းသည်။

ဒါပေမယ့်လည်း အခုတော့ အနောက်ကနေ ခွေးလိုက်ဆွဲခံနေရသလို ဒရောသောပါး ပြေးနေရ၏။

ပြိုင်ပွဲပြီးတော့ Jaemin နဲ့ မုန့်အတူစားရင်း စကားကောင်းနေတာ နေ့လည်ပိုင်း ကျောင်းတက်ချိန်ကို မေ့နေသည်လေ။

နေ့လည်စားချိန်ပြီးရင် တက်တက်ချင်း အချိန်က ကျောင်းမှာ ကြောက်စရာအကောင်းဆုံးဆိုတဲ့ ဆရာ Mr. Oh ရဲ့ သင်္ချာအချိန်။

သူ့အတန်းထဲ အချိန်မှီမရောက်ရင် ခြေသလုံး စုတ်ပြီသာ မှတ်တော့။

အားသကုန် ပြေးပြီး ကျောင်းရောက်လာတော့လည်း ဒုက္ခက မပြီးသေး၊ ကျောင်းထဲ ခိုးဝင်ဖို့ အုတ်တံတိုင်းက ကျော်တက်ရသေးသည်။

လုံခြုံရေး ဦးလေးကြီး မိသွားလို့ကတော့ ခြေသလုံးစုတ်တာထက် ပိုဆိုးသွားနိုင်တဲ့ အခြေအနေ။

နောက်ဆို ပြိုင်ပွဲက ကျောင်းဖွင့်တဲ့နေ့ကျမှဆိုရင် သွားမပြိုင်တော့ပါဘူး။

ခွကျော်တက်နေတုန်းမှာပင် ကျောင်းခေါင်းလောင်းက ကောက်တီးတော့ အလောသုံးဆယ် လုပ်လိုက်တာ ဘောင်းဘီစနဲ့ အုတ်တံတိုင်းက အချွန်တစ်ခုနဲ့ ညှိပြီး အကျမကောင်း၊ မှောက်လျက် ခွေးကျဝက်ကျ ပြုတ်ကျ၏။

ခြေထောက် မခေါက်သွားလို့ တော်သေး . .

သို့သော်ငြားလည်း နာတာကို ခံစားချိန်တောင် မရ၊ စာသင်ခန်းဆီ ပြေးရပြန်သည်။

တစ်ကိုယ်လုံးလည်း ချွေးသံရဲရဲနဲ့ ယူနီဖောင်းကလည်း ရစရာမရှိ၊ ဖုန်တွေ သဲတွေပေလို့။

Mr. Oh စာသင်ခန်းကို အရင် မရောက်သေးဖို့သာ ဆုတောင်းရင်း နှစ်မိနစ်လောက် နောက်ကျပြီး အခန်းဝ ရောက်လာတော့ ထူးဆန်းစွာပင် ဘယ်သူမှ ရှိမနေ။

ခါတိုင်းဆို သင်္ချာအချိန်ကြောင့် ကျောင်းမတက်သေးတာတောင် အတန်းထဲ အပြည့်ဖြစ်နေတတ်တာ။

something like love - light ver {markhyuck}Where stories live. Discover now