(zawgyi)
ကျောင်းနားက cafe ကိုပဲ သွားကြမယ်ဆိုပြီး နှစ်ယောက်သား လက်တွဲကာ စကားတွေပြောရင်း လမ်းလျှောက်လာတုန်း တစ်နေရာ အရောက်မှာတော့ ကျွန်တော့် ခြေလှမ်းတွေက ရပ်တန့်သွားမိ၏။
ကျောင်းဘောလုံးကွင်း . .
"hyung ဒီနေရာကို မှတ်မိလား? ကျွန်တော်တို့ ပထမဆုံး စတွေ့ခဲ့တဲ့ နေရာလေ"
"baby ရဲ့ မျက်နှာတည့်တည့်ကို ကိုယ် ဘောလုံးနဲ့ ကန်မိခဲ့တုန်းကမလား?"
သူက ရယ်ကျဲကျဲနဲ့ ပြန်ဖြေတော့ ရှက်စရာကောင်းတဲ့ အတိတ်ဆိုးတွေက ခေါင်းထဲ အစီအရီ ပြန်ပေါ်လာသည်။
"ဟုတ်တယ်! ဘယ်လိုတွေ ကန်လိုက်လို့ ဘောလုံးက ကွင်းကိုကျော်ပြီးတောင် ရောက်လာတာလဲ မသိဘူး? အဲ့တာကို တိကျသေချာတဲ့ ကန်ချက်တွေကြောင့် နာမည်ကြီးတယ်ဆိုပဲ"
လက်မောင်းကို ဖြတ်ရိုက်လိုက်ပြီး အရှေ့ကနေ ထွက်လာခဲ့လိုက်တော့ သူက ဟက်ဟက်ပက်ပက်ကို ရယ်ပြီး ပြေးလိုက်လာကာ လက်မောင်းကို ဖွဖွလေး လာဆွဲ၏။
"ခဏလေး နေပါဦး baby ကလည်း။ ကိုယ် သွားချင်တဲ့ နေရာတစ်ခု ရှိတယ်။ အဲ့ကို အရင် သွားရအောင်!"
သူပြောချင်ရာ ပြောပြီးတာနဲ့ ကျွန်တော် ပြန်ဖြေတာကိုတောင် မစောင့်၊ လက်ကိုဆွဲကာ ပြေးတော့ အနောက်ကနေ အမှီလိုက်ရသည်။
ထို့နောက်မှာတော့ တဖြည်းဖြည်း နှေးသွားတဲ့ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေနဲ့အတူ သူ ဘယ်နေရာကို ခေါ်လာခဲ့လဲဆိုတာ ဝေဝေဝါးဝါး မြင်လာရပါ၏။
maple သစ်ရွက်တွေနဲ့ ဖုံးအုပ်နေဆဲ ဖြစ်တဲ့ ကွန်ကရစ်လမ်းလေး။
ပြီးတော့ ရင်းနှီးလွန်းတဲ့ ရေပန်းလေး တဖွားဖွား ကျနေတဲ့ ရေကန်။
သူ ကျွန်တော့်ကို ဖွင့်ပြောခဲ့တဲ့နေရာ . .
ကျွန်တော်တို့ရဲ့ ပထမဆုံး အနမ်း . .
အမှတ်တရတွေက ဇာတ်ကားတစ်ခုလိုပဲ မျက်လုံးရှေ့မှာ ပြန်မြင်ယောင်လာ၏။
"ဘာလို့ ဒီနေရာကို လာတာလဲ hyung?"
"ကိုယ်တို့ရဲ့ အဖိုးတန်တဲ့ အမှတ်တရလေး ရှိတဲ့ နေရာကို ဒီကျောင်းဝင်းထဲက မထွက်သွားခင် နောက်ဆုံးတစ်ခေါက်ဖြစ်ဖြစ် ပြန်လာချင်လို့။ ရှေ့လျှောက်ဆို မလာဖြစ်လောက်တော့ဘူးလေ"
YOU ARE READING
something like love - light ver {markhyuck}
Fan fikcia[completed] (zawgyi) ဒီခံစားချက်တွေက ဘယ်ကို ဦးတည်နေလဲဆိုတာ ကျွန်တော် သိတယ်။ 'အချစ်' လူတိုင်းကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ကောင်းကောင်းကြီး ဒုက္ခပေးတဲ့ အရာပေါ့။ အဲ့တာကြောင့် ကျွန်တော် မချစ်ချင်ဘူး။ သူ့ကို ကျွန်တော် ချစ်မိခဲ့တယ်။ ဒါပေမယ့်လည်း ပထမဆုံး...