Chapter 22

570 73 1
                                    

(zawgyi)

"hyung . . ဘာလို့ အဲ့လိုလုပ်ခဲ့တာလဲ? တစ်ကျောင်းလုံး သိကုန်တဲ့အခါကျ ကျွန်တော့်ကြောင့်နဲ့ hyung ဂုဏ်သိက္ခာ ကျကုန်တော့မှာပဲ"

ကျွန်တော်ကတော့ လက်ထဲက ရေခဲမုန့်ကိုတောင် ကောင်းကောင်းမစားနိုင်၊ စိုးရိမ်ပူပန်နေပေမယ့် သူကတော့ ဘာတွေ သဘောကျနေမှန်းမသိ၊ ပြုံးတုံ့တုံ့နဲ့။

"baby ကလည်း ကိုယ်က အမှန်အတိုင်း ပြောလိုက်တာပဲလေ။ ကိုယ်တို့က တွဲနေတာ မဟုတ်လို့လား? ဘာတွေ ဖုံးကွယ်နေစရာလိုလို့လဲ? ပြီးတော့ ကိုယ့်ဂုဏ်သိက္ခာက baby ကြောင့် ဘာလို့ကျရမှာလဲ? ကိုယ်တို့က ကျောင်းစည်းကမ်းတွေ ဖျက်ပြီး မကောင်းတာ တစ်ခုခု လုပ်နေတာလည်း မဟုတ်ဘဲ။ အခြားသူတွေကြောင့်ဆိုရင်တော့ ဘာမှ မစိုးရိမ်နဲ့ . . မင်းကို ကိုယ် ကာကွယ်ပေးမယ် ဟုတ်ပြီလား?"

ကတိစကားနဲ့အတူ ကျွန်တော့် နှုတ်ခမ်းပါးတွေပေါ် တံဆိပ်လာခတ်နှိပ်တဲ့ နောက်ထပ် အနမ်းတစ်ပွင့်။

သူဟာလေ . . လှစ်ခနဲ ဖြတ်ခနဲနဲ့ ဘယ်လိုဖြစ်နေမှန်း မသိဘူး။

"အာ hyung! လူမြင်ကွင်းမှာ! တကယ်ပါပဲ!"

တကယ်လည်း ကျွန်တော်တို့က ရေခဲမုန့်စားရင်း ဘတ်စ်ကားဂိတ်မှာ ထိုင်စောင့်နေပါတယ်ဆို ဘေးမှာလည်း အခြားသူတွေနဲ့ လူမြင်ကွင်းကြီးမှာလေ။

"အဲ့တာဆို ရေခဲမုန့်ကို ပေပွအောင် မစားနဲ့လေ။ ကလေးလေးအတိုင်းပဲ။ နှုတ်ခမ်းနားမှာ ပေနေလို့ အကောင်းနဲ့ သန့်ရှင်းပေးတာကို"

ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်မျိုးစုံ ပေးတတ်တဲ့ သူ့ကို ကျွန်တော် မနိုင်တော့ပါ။

ပြောသလို ရေခဲမုန့်တွေ ပေနေသေးတယ်ထင်ပြီး ပါးစပ်နားတစ်ဝိုက်ကို အကြမ်းပတမ်း သုတ်လိုက်ကာ ရှက်ရမ်းရမ်းပြီး သူ့လက်မောင်းကို တဖြန်းဖြန်းနဲ့ ရိုက်တော့လည်း တခစ်ခစ်နဲ့ ရယ်သာရယ်နေ၏။

ွ5 မိနစ်လောက်ကြာတော့ စောင့်နေတဲ့ ဘတ်စ်ကားက ရောက်လာပါသည်။

အရင်နေ့တွေလိုပဲ ကျွန်တော် စီးရမယ့် ဘတ်စ်ကားရောက်လာတာနဲ့ နှုတ်ဆက်ပြီး အိမ်ပြန်သွားလိမ့်မယ်လို့ ထင်နေတာ၊ ဒီတစ်ခါမှာတော့ Mark က ကျွန်တော့် လက်ကိုဆွဲကာ ဘတ်စ်ကားပေါ်ကို အတူတက်ခဲ့သည်လေ။

something like love - light ver {markhyuck}Where stories live. Discover now