Chapter 16

620 104 18
                                    

(zawgyi)

winter ပွဲတော်မှာ Mark နဲ့ soulmate တွေအဖြစ် အတူတူ လျှောက်လည်ခဲ့တာကြောင့် နောက်တစ်နေ့ ကျောင်းကိုလည်း လာရော တစ်ယောက်မှ ကျွန်တော့်ကို အမြင်သိပ်မကြည်၊ ပေစောင်းစောင်း အကြည့်တွေနဲ့။

ကျွန်တော်တို့ တွဲနေတာကိုတော့ ဘယ်သူမှ မသိသေးဘူး ထင်ပါရဲ့။ မဟုတ်ရင် ကျောင်းဝင်းထဲ ခြေချတာနဲ့ ဆော်ခံပြီးနေရလောက်ပြီလေ။

Mark fanclub က ကောင်မလေးတွေနဲ့ တွေ့ရင် နေရာမှာတင် ခုန်အုပ်ခံရမှာမို့လို့ အတန်းထဲတောင် ကျောင်းတက်ပြီး ဆရာဝင်တဲ့ အချိန်လောက်မှ သွားဖြစ်၏။

ပျိုတိုင်းကြိုက်နှင်းဆီခိုင်ကိုမှ သဘောကျမိပြီး ခက်ခဲကြမ်းတမ်းတဲ့ လမ်းကို ရွေးမိတော့လည်း ကိုယ်ဆီ လာလည်တော့မယ့် ပြဿနာတွေကို ခေါင်းစီးခံဖို့ ပြင်ထားရတော့မှာပေါ့။

ဒါပေမယ့်လည်း ခဏနေ နေ့လည်စာဆင်းချိန် ရောက်ရင် ဘယ်လို အကွက်တွေ ပြခံရဦးမလဲမသိသေး၊ တစ်ခုခုဖြစ်တော့မယ့်အတိုင်း နိမိတ်ပြသလို ကြက်သီးတွေက အလကားနေရင်း တဖြန်းဖြန်းထနေသည်။

sasaeng တွေနဲ့ မခြားသော Mark fanclub ရဲ့ အဆိုးရွားဆုံး လုပ်ရပ်တွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူး တွေ့ဖူးခဲ့တာမို့လို့ အခုတော့ ဘုရားသာတနေမိပါ၏။

ဒီနေ့မှ ကျောင်းဝတ်စုံအပိုကို မေ့ပြီး မယူလာခဲ့တာမို့လို့ ခေါင်းပေါ် ထမင်းဗန်းလောင်းချခံရတာကလွဲရင် ကျန်တာ အကုန် အဆင်ပြေပါတယ်။

အဲ့လိုနဲ့ မရောက်ချင်ဆုံး နေ့လည်စာစားချိန် ရောက်လာတော့ ကန်တင်းကို အရိပ်တောင် မနင်းဖို့ ဆုံးဖြတ်ခဲ့သော်လည်း ဗိုက်က အလိုက်ကန်းဆိုးမသိစွာ တဂွီဂွီနဲ့ အချက်ပြနေသည်လေ။

ဘယ်သူမှ မတွေ့ခင် မုန့်သာ မြန်မြန်ဝယ်ပြီး ခေါင်မိုးထပ်မှာပဲ စားဖို့ စီစဉ်ထားပေမယ့် ကန်တင်းဘက်တောင် ခြေမလှမ်းရသေး၊ အခန်းထဲက ထွက်ထွက်ချင်းပင် လက်ဆောင်က အဆင်သင့် ဆီးကြိုနေ၏။

ခေါင်းပေါ်ကနေ ထမင်းဗန်း လောင်းချတာမခံရဖို့ ဆုတောင်းခဲ့တော့ အခု ရေပုံးလိုက် ခေါင်းကနေ  အလောင်းခံရသည်လေ။

something like love - light ver {markhyuck}Where stories live. Discover now