Chapter 6

641 93 0
                                    

(zawgyi)

webtoon ရေးဆွဲခြင်း တောင်ကိုရီးယား တစ်နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲ 2021.

ပြိုင်ပွဲခန်းမထဲ ဝင်ဖို့ စောင့်နေတဲ့ ဘေးပတ်ပတ်လည်က အခြားပြိုင်ပွဲဝင်တွေကို ကြည့်လိုက်တော့လည်း လူနည်းစုလေးပေမယ့် အထက်တန်းကျောင်းသား တစ်ယောက်မှ မပါ၊ အကုန်လုံးက တက္ကသိုလ်ကျောင်းသား မဟုတ်ရင် ကျွန်တော့်ထက် အသက်ကြီးတဲ့သူတွေချည်းပင်။

တော်သေးတာပေါ့။ ပြိုင်ပွဲကို ကျောင်းယူနီဖောင်းကြီး ဝတ်ပြီး မလာမိလို့။

မနက်ပိုင်း ကျောင်းပြေးပြီး ဒီကိုလာတာ မိသွားလို့ကတော့ ဇာတ်လမ်းက ကြည့်လှမှာ မဟုတ်ဘူးလေ။

အဖေသာ သိရင်တော့ နေရာမှာတင် သတ်ခံရမှာ 100% သေချာသည်။

webtoon ရေးဆွဲတာမျိုး အရေးမပါတဲ့ အလုပ်တွေ မလုပ်နဲ့ဆိုပြီး အပြင်းအထန် တားမြစ်ခံထားရပေမယ့် ကျွန်တော်ကလည်း မလုပ်နဲ့ဆိုမှ ပိုလုပ်ချင်တဲ့အမျိုး။

တကယ်က အလုပ်လျှောက်သလိုမျိုးကို အဆင့်ဆင့်ဖြေရတဲ့ ဒီပြိုင်ပွဲကြီးကို ဝင်ပြိုင်ဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ အစမ်းပြိုင်ပွဲတွေမှာ အပျော်သဘောနဲ့သာ စိတ်ကြိုက် လျှောက်ရေးဆွဲခဲ့တာ။ ကိုယ့်ကိုကိုယ် ဒီအဆင့် semi-final အထိ ရောက်လာလိမ့်မယ်လို့လည်း မထင်ခဲ့ဘူးလေ။

ပထမဆုံး အစမ်းပြိုင်ပွဲပြီးတာနဲ့ ရပ်ဖို့ တွေးလိုက်ပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် အောင်လာတော့လည်း မျှော်လင့်မိလာ၏။

ပြိုင်ပွဲမှာ ပထမရတဲ့သူက နောက်ဆုံးအဆင့်မှာ သူ ရေးဆွဲခဲ့တဲ့ webtoon ကို စာအုပ် ထုတ်ခွင့်ရမှာဆိုတော့ . .

ဒါဟာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခု ဖြစ်နေတော့ ကျင်းပမယ့် ရက်ရောက်တာနဲ့ ခြေလှမ်းတွေက အလိုလို ဒီအဆောက်အဦဆီသာ ခေါ်ဆောင်လာသည်လေ။

လာတဲ့ လမ်းမှာတုန်းကထိ ဘာမှ မဖြစ်သေး။ ပြိုင်ပွဲဝင်တွေကို တွေ့မှ ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာပြီး လက်တွေပါ ချွေးပြန်လာ၏။

တစ်ယောက်တည်း ခုံတန်းတစ်ခုမှာ ထိုင်စောင့်ရင်း ဟိုဟိုဒီဒီ လျှောက်ကြည့်နေတုန်း ကောင်လေးတစ်ယောက်က ဘေးမှာ လာဝင်ထိုင်သည်။

something like love - light ver {markhyuck}Место, где живут истории. Откройте их для себя