Chapter 23

574 81 8
                                    

(zawgyi)

'အခုဆိုရင်ဖြင့် sevit က 3:2 နဲ့ ဦးဆောင်နေပြီး final ဘောလုံးပွဲရဲ့ ပထမပိုင်းပြီးဖို့ကတော့ 5 မိနစ်သာ ကျန်ပါတော့တယ်!!!'

announcer ရဲ့ ကြေငြာသံနဲ့အတူ အားပေးကြတဲ့ လူထုကြီးကလည်း အုတ်အော်သောင်းတင်း ပွဲတစ်လျှောက်လုံး ဆူညံလို့။

ဒီနေ့က ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲစဉ်ရဲ့ နောက်ဆုံး ဗိုလ်လုပွဲနေ့ပေါ့။

'sevit vs raimon' ဆိုတဲ့ တကယ့် နာမည်ကြီး ကျောင်းနှစ်ကျောင်းရဲ့ ပွဲဆိုတော့ ပြိုင်ရတဲ့ ဘောလုံးကွင်းကလည်း အကျယ်ကြီး။

sevit ကျောင်းက ကျောင်းသားအားလုံးရော raimon ကျောင်းက ကျောင်းသားတွေရော အခြားကျောင်းတွေက ကျောင်းသားတွေနဲ့ပါ ဘောလုံးကွင်းတစ်ခုလုံး ထိုင်ခုံတစ်ခုမှ မလွတ်၊ လူအပြည့်ပင်။

ချစ်ရသူက ထိုင်ခုံ ကြိုယူပေးထားဖို့ မေ့လျော့ခဲ့တာကြောင့် ကျွန်တော်လည်း အရှေ့ဆုံးတန်းမရဘဲ နောက်ဆုံးမရောက်ရုံ အလယ်လောက်မှာဆိုတော့ ပွဲစကတည်းက  လည်ချောင်းကွဲမတတ် အော်ဟစ်အားပေးနေတာ ဘေးက Renjun နဲ့ Jaemin တောင် တားရ၏။

"Mark Lee FIGHTING! အဲ့ကောင်တွေရဲ့ ခြေထောက်တွေကို ပိတ်သာကန်လိုက် hyung!!"

"ဟ . . ဒုက္ခပါပဲ! Donghyuck ဘာတွေ လျှောက်အော်နေတာလဲ? ငါတို့တော့ ပွဲအပြင် ရောက်တော့မှာပဲ"

မတ်တပ်ရပ်ပြီး အော်နေတာကို Renjun က ကျွန်တော့် အင်္ကျီကို အတင်းဆွဲကာ ထိုင်ခိုင်းသည်။

"Donghyuck ရယ် ဖြေးဖြေး သက်သက်သာသာ လုပ်ပါ။ ရော့ . . ရေသောက်လိုက်ဦး"

Jaemin ကလည်း Renjun ဘေးမှာ ထိုင်နေရာကနေ လှမ်းပြီးကို ရေဘူးပေး၏။

"ဒါနဲ့ Jaemin . . မင်းရဲ့ final ပြိုင်ပွဲကရော ဘယ်လိုလဲ? အဆင်ပြေခဲ့ရဲ့လား"

ရေတစ်ငုံသောက်လိုက်ရင်းပင် အရင် အပတ်က သူ ပြိုင်ခဲ့ရတဲ့ webtoon final ပြိုင်ပွဲ အကြောင်း မေးမိသည်။

something like love - light ver {markhyuck}Where stories live. Discover now