Chapter 19

629 86 0
                                    

(zawgyi)

"hyung ဒီမှာ လာအိပ်ပါလား? ကုတင်က နှစ်ယောက်ဆံ့ပါတယ်။ ဒီဘေးမှာ နေရာအလွတ်ကြီး ရှိသေးတယ်"

Mrs. Kim က ပြောထားတဲ့အတိုင်းပင် ကျွန်တော့်အတွက်ပါ စောင်တွေ ခေါင်းအုံးတွေကို Donghyuck အခန်းထဲ ယူလာခဲ့တော့ အံ့ဩသွားတဲ့ သူ။

ကောင်လေးက အခက်အခဲတွေ ကြုံနေရတဲ့ကြားထဲ ကျွန်တော်ကပါ အနှောင့်အယှက် ဖြစ်မိမှာစိုးလို့ ဒီအတိုင်း အိမ်ပဲ ပြန်လိုက်မလို့သာ လုပ်ခဲ့ပေမယ့် သူက ခွင့်မပေး၊ အခန်းထဲမှာ တစ်ညတာ မိုးခိုဖို့ အသာတကြည် ခွင့်ပြုပေးခဲ့ပါ၏။ 

သို့ပေမယ့်လည်း အိပ်မယ့်အချိန်ရောက်တော့ နေရာက နည်းနည်း ပြဿနာ ဖြစ်လာသည်။

ကုတင်က တစ်ခုတည်းရှိတာကြောင့် ဘေးနား သွားအိပ်ရင် သူ အနေခက်မှာစိုးလို့ ကြမ်းပြင်မှာ ဂွမ်းကပ်ခင်းပြီး အိပ်နေသည့် ကျွန်တော့်ကို ဖျားလိမ့်မယ်ဆိုပြီး ကုတင်ပေါ်ပဲ လာအိပ်ဖို့ Donghyuck က တကျည်ကျည် ခေါ်နေသည်လေ။

"ရတယ် Hyuck. ကိုယ် အဆင်ပြေတယ်။ ကြမ်းပြင်က ပိုတောင်ကျယ်သေး"

အဆင်မပြေ ဖြစ်နေတဲ့ပုံမပေါ်အောင် ရယ်ကာ ပြောလိုက်ပေမယ့် သူက လက်မခံ၊ အိပ်ယာပေါ်က ဆင်းလာကာ ကျွန်တော့် ဘေးနား လာထိုင်၏။

"hyung အဆင်ပြေလည်း ကျွန်တော် အဆင်မပြေဘူး။ မတရား အေးနေရတဲ့ကြားထဲ ကြမ်းပြင်ပေါ်မှာ ဂွမ်းကပ်တစ်ထည်လေးနဲ့ . . နောက်ရက်ကျ ကျောတွေနာပြီး မထနိုင်ပဲ ဖျားသွားလိမ့်မယ်။ ထ . . ကုတင်ပေါ်လာအိပ်"

ပြောရင်းဆိုရင်းပင် ကြိမ်းမောင်းကာ ကျွန်တော့်ကို လက်မောင်းကနေ အတင်း ဆွဲထူသည်။

အဲ့လိုနဲ့ပင် သူ ပြောသလို မလုပ်မချင်း လက်လျှော့မှာ မဟုတ်တာမို့လို့ မနိုင်တဲ့အဆုံး ကုတင်ပေါ်သာ ပြောင်းရွှေ့လာရ၏။

"ကဲ စိတ်ကျေနပ်ပြီလားဗျ?"

ဘေးချင်းကပ် ဝင်အိပ်လိုက်ကာ စနောက်လိုက်တော့ နှုတ်ခမ်းလေးဆူပြီး အခြားတစ်ဖက်ကို လှည့်သွားသည်။

"သူ နေမကောင်းဖြစ်မှာစိုးလို့ စေတနာနဲ့လည်း ခေါ်အိပ်ရသေးတယ် . ."

something like love - light ver {markhyuck}Where stories live. Discover now