Ep-2(Unicode)

39.9K 3.5K 93
                                    



တဂျုံးဂျုံး တဂျက်ဂျက် ခုတ်မောင်းနေသော ရထားတွဲကြီးဘေးက အကာတန်းမှာ လက်ပြလျက် ပြုံးရွှင်နေသော အမေဖြစ်သူကို ကြည့်ရင်းဝေဖြုံး အနားတိုးသွားလိုက်သည်။ဘေးမှာခြုံနွယ်ရှိသော်လည်း ရထားလမ်းနဲ့ လွတ်အောင်ခုတ်ရှင်းထားသည်မို့ ခရီးသည်တွေက ခေါင်းတွေ၊ လက်တွေအပြင်ထုတ်ကာ အမေ့ကိုပြန်ပြီး နှုတ်ဆက်နေကြသည်။မိခင်အတွက် စိတ်မကောင်းခြင်း၊ ရှက်စိတ်ဖြစ်ပေါ်ခြင်းထက် အလိုက်ထိုက်နေပေးရတဲ့ နည်းလမ်းကိုသာ ဝေဖြိုးကျင့်သုံးခဲ့တာကြာပြီမို့ လက်ကိုခေါင်းအထက်ဝှေ့ယမ်းရင်း အမေ့ခြေရာအတိုင်းလိုက်နင်းလိုက်သည်။သားမိနှစ်ယောက် လက်ပြနေရင်း ဝေး..၀ါး အော်လိုက်သည်က ထပ်လောင်းပေါင်း၍။ ဖြတ်မောင်းနေတဲ့ ရထားတွဲကြီး တဖြည်းဖြည်းဝေးကွာသွားပြီဆိုမှ သူမကို စက်ဘီးနောက်ခုံပေါ်ထိုင်စေလျက် အိမ်ပြန်လမ်းဆီသို့ နှင်လာခဲ့သည်။

အိမ်လေးထဲဝင်လိုက်တာနှင့် ကျယ်ကျယ်ဝန်းဝန်းမရှိသော မီးဖိုဘေးက စားပွဲပေါ်မှာ ခူးခပ်ထားသည် ထမင်းဟာ အရံသင့်။စွယ်တော်ဟာ အိမ်ရှင်မတစ်ယောက်မဟုတ်သော်လည်း အရွယ်နဲ့မလိုက်အောင် အိမ်မှုကိစ္စကို စီစဉ်နိုင်သည်။(၁၉)နှစ်ထဲ ၀င်ခါက ထိုအမျိုးသားလေးဟာ ကလေးစိတ်မကုန်သေးတာကလွဲရင် အမသုံးယောက်နဲ့ကြီးပြင်းလာသည့်အထွေးဆုံးကလေးလို့ မထင်မှတ်လောက်ကို ဟင်းချက်လက်ရာကောင်းသည်။မိခင်ကို သုံးနှစ်သားအထိသာ မြင်ဖူးခဲ့သော စွယ်တော်က အမေ့ကိုတွေ့တာနဲ့ ကပ်ချွဲလိုက်ရမှ။

အခုထမင်းဝိုင်းမှာလည်း လက်ဆေးဖို့ဇလုံက အစသေချာချပေးပြီး ဟင်းကိုဦးချတဲ့အခါအမေက သားအရင်းဖြစ်တဲ့ ဝေဖြိုးကိုကျော်ကာ စွယ်တော်ကို ဖက်နမ်းတတ်သည်။ ထိုအခါအဆီပြန်နေသော အမေနှုတ်ခမ်းကြောင့် စွယ်တော်ပါးပြင်က သနပ်ခါးပျက်သွားသော်လည်း ယုန်သွားလေးနဲ့ ကောင်လေးကတော့ အပြုံးမပျက်။သာမန်မဟုတ်သော အိမ်ထောင်ရေးဟု လူအများသတ်မှတ်ထားပေမယ့် ဝေဖြိုးဥာဏ်အတွက်တော့ ထိုမြင်ကွင်းတို့သာ အဓိကအရေးပါသောအရာပင် ဖြစ်သည်။

လွဲမှားခြင်းဟု ဆိုရာတွင် အဖိုးတန်သော လူသားတစ်ဦး မိမိဘ၀ထဲ အခြေချလာတာကို ငြင်းဆိုနေစရာ အကြောင်းမရှိပါ။

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now