Ep-13(Unicode)

28.6K 3.1K 50
                                    


မပွင့်ချင်သေးသော မျက်လုံးများဖြင့် ဘေးကို လှည့်လိုက်ချိန် အေးစက်နေသော အိပ်ယာခင်းအလွတ်သာရှိသည်။ထိုအခါ မျက်လုံးကို အတင်းဖွင့်ကြည့်တော့ အလင်းရောင်သိပ်မရသေးသော မနက်ခင်းတွင် ခုတင်ဘေးကတိုင်မှာ ချိတ်ထားသော လွယ်အိတ်ကိုဖြုတ်နေတာ မြင်နေရသည်။
စွယ်တော် အိပ်ရာကနေထကာ ခြင်ထောင်အပြင်ဘက်ရောက်တော့ အစ်ကိုက မြင်သွားပြီး

"စောသေးတယ်လေ စွယ်တော် ပြန်အိပ်နော် "

"အစ်ကို  နားပါအုံးလား"

အမေဖြစ်သူ ရက်လည်ထားတာ မနေ့တစ်နေ့ကပဲရှိသေးတာကို ဝေဖြိုးက အလုပ်သွားဖို့ ပြင်နေပြီဖြစ်သည်။မို့အစ်နေတဲ့ မျက်လုံးတွေထံ လက်နဲ့အတင်းပွတ်နေတဲ့ စွယ်တော်လက်ကို အသာကိုင်ပြီး ဝေဖြိုး ငုံ့ကြည့်လျက်

"စွယ်တော်ကိုပါ ပင်ပန်းစေမိခဲ့လို့တောင်းပန်ပါတယ် "

အစ်ကို့ကို ပြန်မော့ကြည့်ပြီး သူခေါင်းရမ်းပြမိသည်။

"ကျွန်တော်တို့က အေးတူပူမျှ အတူဖြတ်သန်းရမယ့် လက်တွဲဖော်တွေပဲလေ အစ်ကိုတောင်းပန်စရာမလိုပါဘူး"

ထိုစကားအဆုံး အစ်ကိုက တွေတွေလေးငေးကြည့်လာပြီး  လက်ကိုကိုင်ထားရာကနေ စွယ်တော့်နှဖူးပေါ်တွင်ရှိသော ဆံပင်လေးတွေကို သပ်တင်လိုက်သည်။မထင်မှတ်ထားဘဲ မြင့်မားတဲ့ အရပ်ကို ကိုင်းညွှတ်ကာ ဖွဖွလေး အနမ်းချွေလိုက်သော နှဖူးပြင်က နွေးခနဲ။သွေးကြောမျှင်တို့ လျှောက်လှမ်းနေ၍လားမသိ နှဖူးမှ တစ်ဆင့် နှလုံးသားဆီသို့ ကတိုက်ကရိုက်စီးဆင်းလို့သွားသည်။

သူတို့အတူရှိလာတဲ့ ရက်ပေါင်းများစွာထဲမှ ပထမဆုံး အစ်ကို့ရဲ့ အကြင်နာအနမ်းဖြစ်သည်။အရင်က ကျောပေးအိပ်နေသော စွယ်တော် ဆံနွယ်လေးတွေကို တိုးကပ်ရုံမျှသာ မွှေးကြူသော်လည်း  လုံးဝ မထိပေ။ဒါကြောင့် ပထမဆုံး အကြင်နာအနမ်းကို မျက်လုံး မှိတ်ကာ ကျေနပ်စွာ ခံယူရင်း စွယ်တော် ငြိမ်နေလိုက်သည်။

ဖိကပ်ထားရာကနေ ဖြည်းဖြည်းချင်းလွတ်ပေးတဲ့အချိန်ထိ သူ အစ်ကို ပြန်မော့မကြည့်ရဲသေး။ခေါင်းပေါ်က ဆံပင်ကို ချော့မြူသည့်နှယ် ပွတ်သပ်လာပြီး

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now