Ep-16(Unicode)

32K 3.3K 396
                                    



"ဒီအဆင်လေးယူမယ်နော် "

"ဟုတ်ကဲ့မချို"

အနက်ခံ ခရမ်းပွင့် ဝမ်းဆက်လေးကို ရွေးရင်း မချိုကပြောသည်။စွယ်တော်ရွေးလိုက်တဲ့အလုပ်က ဝင်ငွေလည်းရ အိမ်အလုပ်လည်း  မပျက်ကွက်တော့သော နည်းလမ်းပင်။

စျေးချိုကနေ ပုဆိုးတို့ အခုလို ဝမ်းဆက်အစတွေကို ဆယ်ထည်စျေးနဲ့ အရင်ဝယ်လိုက်သည်။ပြီးရင် ရပ်ကွက်ထဲက လူတွေဆီ တစ်ပတ်စာနှုန်းနဲ့ရောင်းခြင်းမျိုး။ထိုအခါ (၁၀)ထည်စျေးမှာ လျော့တဲ့ငွေနဲ့ တစ်ပတ်ဆိုင်းမှာ ပိုရတဲ့ငွေကြောင့်  အမြတ်ထိထိမိမိကျန်သည်။

လက်ငင်း​စျေးထက် ၂၀၀လောက်ပဲများတာကြောင့် အခြေခံလူတန်းစားဖြစ်တဲ့ စျေးသည်တို့က စွယ်တော်ဆီက ဖောဖောသီသီဝယ်ယူနိုင်သည်။သူတို့ရဲ့ တစ်နေ့တာဝင်ငွေကနေအနည်းငယ်ဆီဖယ်ထားပြီးတစ်ပတ်ပြည့်မှ ပေးရတာဆိုတော့  ပိုပေးရတဲ့ ငွေအနည်းငယ်ကို မမြင်တော့။အဆင်လှတာလေးတွေ အလုအယက်ဝယ်တဲ့အပြင် မသောင်းကလည်းသူ့ဆိုင်မှာ လာတဲ့သူတွေကို ရောင်းကူပေးသည်။

လောလောဆယ် အရင်းမြုပ်နေပေမယ့် တစ်ပါတ်ပြည့်တဲ့အခါ စွယ်တော် အကုန်လိုက်ကောက်ပြီး ရေတွက်ကြည့်တော့ အစ်ကိုနဲ့သူ့ဖို့ စျေးဖိုးကာမိတာကြောင့် ဒါကိုပဲဆက်လက်လုပ်ဆောင်လိုက်သည်။ဒီလိုနဲ့ စွယ်တော်ရတဲ့အမြတ်ကို အိမ်စရိတ်သုံးပြီး အစ်ကိုရတဲ့ပိုက်ဆံကို မသုံးဘဲ အပိုဝင်ငွေအဖြစ်စုဆောင်းမိလာသည်။

ဤစုထားတဲ့ ငွေအတွက် စွယ်တော်မှာ ရည်မှန်းချက်ရှိသည်။ အစ်ကိုစီးနေတဲ့ စက်ဘီးက တော်တော်ဟောင်းနေပြီဖြစ်တာကြောင့်  စက်ဘီးအသစ်လေးတစ်စီးဝယ်ယူဖို့ပင်။အစ်ကို့ကိုတော့မပြောရသေး။သူ့ဘာသာတစ်ယောက်တည်း ပေးသမျှ ပိုက်ဆံကို ကြိတ်စုနေသည်။

ထိုသို့အဆင်ပြေနေသော်လည်း နည်းနည်းလေးတော့ နှောက်လိုက်ရမှ နေသာထိုင်သာရှိတဲ့ ဒီလောကမှာ နေထိုင်သူပီပီ စွယ်တော်ထပ်မံ အခက်ကြုံတွေ့ရပြန်သည်။

အထည်စည်းကို စျေးချိုမှာ သွားဝယ်ရင်း လိုင်းကားပေါ်မှာ ခါးပိုက်နှိုက်ခံရပြီး ပါလာသမျှ အရင်းလေးပလုံသွားသည်။ အပြန်ကားခတောင် မရှိတော့လို့  စျေးချိုထဲမှာ ငိုနေတဲ့ စွယ်တော်အား ဝေဖြိုး ပဲနမူနာကောက်သွားရင်း တွေ့လို့သာတော်တော့သည်။ မဟုတ်ပါက  ဘယ်အချိန်ထိ စျေးလယ်ခေါင်မှာ ဝမ်းနည်းပက်လက်ထိုင်ငိုနေမယ်မသိ။

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now