Ep-5(Zawgyi)

12.3K 413 14
                                    



မြို့သစ်ရဲ့ အရှေ့ဘက်နဲ့ အရင်ကတည်ထားပြီးသော အရှေ့တောရွာကြားတွင် ကျယ်ပြန့်သော လယ်ကွင်းကြီးရှိသည်။ဆောင်းမ၀င်ခင်မှာ နေကြာခင်း၊ပဲခင်းတို့ဖြစ်ပြီး မိုးတွင်းရောက်တဲ့အခါမှာတော့ လယ်ကွင်းပြင်တစ်ပြင်လုံး ရေတဖွေးဖွေး လွမ်းခြုံလို့။ထိုရေပြန်ခမ်းခါနီးအချိန်ဆိုရင် ဖား၊ငါး၊လယ်ဂဏန်းအပြင်၊အရောင်စုံသော မြွအေမျိုးမျိုး ပေါများလှသည်။ သို့သော် သံပုံးအပိန့်ကို တတောက်တောက်ခေါက်ရင်း ခြေတက်လာသော မျိုးဇော်တို့ အဖွဲ့ကြောင့် ဂဏန်း၊မြွတေို့မှာ သူတို့ကိုယ်ပိုင်မြေတွင်းတွေဆီ ငုပ်လျိုးသွားကြမြဲ။

ထက်အောင်က သံပုံးကို ကုန်းမို့ဖြစ်နေသော ရွံ့ပေါ်တင်လိုက်ပြီး မျိုးဇော်နည်းတူ ပုဆိုးကို ပေါင်းရင်းထိမကာ ခါးတောင်းကျိုက်လိုက်သည်။ထို့နောက် ခြေမျက်စိကျော်ကျော်ရေထဲ ကုန်းကုန်းကွကြွဖင့် လယ်ဂဏန်းတွေ တစ်ကောင်ပြီးတစ်ကောင် လိုက်ဖမ်းသည်။ထက်အောင်က ဂဏန်းပဲရွေးဖမ်းပေမယ့် မျိုးဇော်ကတော့ ဂဏန်းတွေတင်မက ဖားတွေ၊မြွတွေပါ အကုန်ဆွဲပြီး ပုံးထဲကောက်ထည့်တာကြောင့် သံပုံးအပိန့်ထဲမှာ ဘေးတစောင်းသွား၊ခုန်ဆွခုန်ဆွ ၊တွန့်လိမ်တွန့်လိမ်ဖြင့် အကုန်ရောထွေနေလေသည်။

ဝေဖြိုးကတော့ မဖမ်း။ သူရပ်ကွက်ထဲစရောက်တဲ့နေမှာပဲ မြောင်းထဲက တက်လာတဲ့ ဂဏန်းကို အမေဖြစ်သူက လိုက်တက်နင်းနေသောကြောင့် မြောင်းထဲပြန်ချပေးဖို့လုပ်ရင်း လက်ညိုးကို သွေးခြေဥတဲ့အထိ ညှပ်ခံရသည်။ရန်ပွဲမှာ သူ့ချ ကိုယ်ချ တစ်ပွဲတစ်လမ်းနွှဲနိုင်ပေမယ့် ဂဏန်းညှပ်တာက အလွန်ခံရခက်လွန်းသောကြောင့် ဝေဖြိုး ဝေးဝေးရှောင်မိခြင်းပင်။မျိုးဇော်နဲ့ ထက်အောင် ဗွက်လူးလို့ ၀ပြီး ပြန်တက်တော့မှ သုံးယောက်သား မြို့သစ်ထဲ ပြန်ဝင်လာကာ (၁၉)ရပ်ကွက်ထံ ဦးတည်လိုက်ကြ၏။

(၁၉)ရပ်ကွက်ထဲက မကြီးတို့အိမ်ကိုရောက်တော့ ညနေ ၆နာရီခန့် အချိန်ဖြစ်သည်။မကြီးနဲ့ မလတ်က အိမ်ရှေ့ သုံးပန်လှအပင်အောက်မှာရှိသော ကွပ်ပျစ်ပေါ်တွင် မုန့်ဟင်းခါးအတွက် ငှက်ပျောအူ သင်လှီးနေကြသည်။သူတို့သုံးယောက်ကို မြင်တော့ မကြီးက ပုံမှန်အတိုင်း မပြုံး၊မမဲ့ပေမယ့် မလတ်ကတော့ ဗွက်လူးထားသော မျိုးဇော်ကို လက်ထဲက ဟင်းလှီးဓားဖြင့် ထပြီးပိုင်းချင်နေပုံပေါ်တာကြောင့် မျိုးဇော်က သုံးပုံးကိုမြှောက်ပြကာ ရယ်ကြဲကြဲလုပ်ရင်း အနားလည်း မသွားရဲ။ထိုအချိန် အိမ်ထဲမှ ထွက်လာသော ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက်က အပြုံးနုနုဖော်ဆောင်ကာ

မေတ္တာဝေရာ စွယ်တော်ရိပ်မှာ Where stories live. Discover now